YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 5

5
1ယာ​ယီ​တဲ​ဖြစ်​သော ငါ​တို့​မြေ​အိမ်​သည် ပျက်​လျှင်၊ ကောင်း​ကင်​ဘုံ၌ လူ​လက်​ဖြင့်​မ​လုပ်​ဘဲ၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ​သော နိ​စ္စ​ထာ​ဝ​ရ​အိမ်​ရှိ​ကြောင်း​ကို ငါ​တို့ သိ​ကြ၏။- 2ငါ​တို့​သည် မြေ​အိမ်၌​ရှိ​စဉ်​တွင်၊ ကောင်း​ကင်​အိမ်​ထဲ​သို့​ဝင်​စား​ခြင်း​ငှာ အ​လွန်​တောင့်​တ​လို​ချင်​သော စိတ်​ရှိ၍၊ ညည်း​တွား​မြည်​တမ်း​လျက်၊ နေ​ကြ၏။- 3ထို​သို့​ဝင်​စား​လျှင် နေ​ရာ​မဲ့​ဖြစ်​မည်​မ​ဟုတ်။- 4ဤ​တဲ၌​နေ​သော ငါ​တို့​သည် လေး​သော​ဝန်​ကို ထမ်း၍ ညည်း​တွား​မြည်​တမ်း​ကြ၏။ နေ​ရာ​ထဲ​က ထွက်​ချင်​သော​ကြောင့် ညည်း​တွား​သည် မ​ဟုတ်။ သေ​တတ်​သော​အ​ရာ​ကို အ​သက်​ရှင်​ခြင်း၌ ဆုံး​ရှုံး​စေ​ခြင်း​ငှာ၊ မြဲ​သော​နေ​ရာ​ထဲ​သို့ ဝင်​စား​ချင်​သော​ကြောင့် ညည်း​တွား​ကြ၏။- 5ထို​သို့​သော​အ​ကျိုး​ကို ခံ​စေ​ခြင်း​ငှာ ငါ​တို့​ကို ပြင်​ဆင်​သော​သူ​ကား၊ ဘု​ရား​သ​ခင်​ပေ​တည်း။ ထို​ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်​တည်း​ဟူ​သော စ​ရန်​ကို ငါ​တို့​အား ပေး​တော်​မူ​ပြီ။- 6ထို​ကြောင့် ငါ​တို့​သည် ကိုယ်​ခ​န္ဓာ၌ နေ​မြဲ​နေ​စဉ်​ကာ​လ၊ သ​ခင်​ဘု​ရား​နှင့် ကွာ​ဝေး​ရာ​အ​ရပ်၌ နေ​သည်​ကို ငါ​တို့​သည်​သိ​လျက်၊- 7အ​စဉ် ရဲ​ရင့်​သော​စိတ် ရှိ​ကြ၏။ မျက်​မှောက်​မ​မြင်​ဘဲ ယုံ​ကြည်​မျှော်​လင့်​ခြင်း ရှိ​သည်​အ​တိုင်း၊ ငါ​တို့​သည် ကျင့်​ဆောင်​ပြု​မူ​သည်​ဖြစ်၍၊- 8ကိုယ်​ခ​န္ဓာ​နှင့် ကွာ​ဝေး​ရာ​အ​ရပ်​သို့ သွား၍၊ သ​ခင်​ဘု​ရား​ထံ​တော်၌ နေ​မြဲ​နေ​ခြင်း​ငှာ အ​လို​ရှိ​လျက်၊ ရဲ​ရင့်​သော​စိတ်​နှင့်​ပြည့်​စုံ​ကြ၏။- 9ထို​ကြောင့် ငါ​တို့​သည် နေ​မြဲ​အ​ရပ်၌ နေ​သည်​ဖြစ်​စေ၊ ကွာ​ဝေး​ရာ​အ​ရပ်၌ နေ​သည်​ဖြစ်​စေ၊ သ​ခင်​ဘု​ရား နှစ်​သက်​တော်​မူ​သော သူ​ဖြစ်​ခြင်း​ငှာ စေ​တ​နာ​စိတ်​ရှိ၍ ကြိုး​စား​အား​ထုတ်​ကြ၏။- 10အ​ကြောင်း​မူ​ကား၊ ငါ​တို့​ရှိ​သ​မျှ​သည် ကိုယ်​ခ​န္ဓာ၌​ကျင့်​သော​အ​ကျင့်၊ ကောင်း​မ​ကောင်း​ရှိ​သည်​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို အ​သီး​အ​သီး​ခံ​ခြင်း​ငှာ၊ ခ​ရစ်​တော်၏ တ​ရား​ပ​လ္လင်​ရှေ့၌ ပေါ်​လာ​ရ​ကြ​မည်။
မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း
11သို့​ဖြစ်၍ သ​ခင်​ဘု​ရား​နှင့်​ဆိုင်​သော ကြောက်​မက်​ဖွယ်​သော အ​ကြောင်း​အ​ရာ​တို့​ကို ငါ​တို့​သည် သိ​လျှင်၊ လူ​များ​ကို နှိုး​ဆော်​သွေး​ဆောင်​ရ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ထင်​ရှား​ကြ၏။ သင်​တို့၏​စိတ်​ရှေ့၌​လည်း ထင်​ရှား​ကြ​သည်​ဟု ငါ​ထင်​မှတ်၏။- 12ငါ​တို့​သည် သင်​တို့​ရှေ့၌ တစ်​ဖန် ကိုယ်​ကို​ကိုယ် ချီး​မွမ်း​ကြ​သည် မ​ဟုတ်။ စိတ်​သ​ဘော​ကို​မ​ထောက်၊ အ​သွေး​အ​ဆင်း​ကို​ထောက်၍ ဝါ​ကြွား​သော​သူ​တို့၏ စ​ကား​ကို သင်​တို့​သည် ချေ​နိုင်​မည်​အ​ကြောင်း၊ ငါ​တို့​ကြောင့် ဝါ​ကြွား​ခြင်း​အ​ခွင့်​ကို​သာ ပေး​ကြ၏။- 13ငါ​တို့​သည် သူ​ရူး​ဖြစ်​လျှင် ဘု​ရား​သ​ခင်​အ​ဖို့ ဖြစ်​ကြ၏။ စိတ်​ကောင်း​သော​သူ​ဖြစ်​လျှင် သင်​တို့​အ​ဖို့ ဖြစ်​ကြ၏။- 14အ​ကြောင်း​မူ​ကား၊ တစ်​ယောက်​သော​သူ​သည် လူ​အ​ပေါင်း​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​သည်​မှန်​လျှင်၊- 15လူ​အ​ပေါင်း​တို့​သည် သေ​လျက်​နေ​ကြ​သည် ဟူ၍​လည်း​ကောင်း၊ အ​သက်​ရှင်​သော​သူ​တို့​သည် တစ်​ဖန် ကိုယ်​အ​လို​သို့​လိုက်၍ မ​ရှင်၊ သူ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​ပြီး​မှ ထ​မြောက်​တော်​မူ​သော သူ​တို့၏​အ​လို​သို့ လိုက်၍ ရှင်​စေ​မည်​အ​ကြောင်း၊ လူ​အ​ပေါင်း​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ​သည် ဟူ၍​လည်း​ကောင်း၊ ငါ​တို့​သည် သ​ဘော​ထား​လျက်၊ ခ​ရစ်​တော်၏ ချစ်​ခြင်း​မေ​တ္တာ​တော်​သည် ငါ​တို့​ကို အ​နိုင်​အ​ထက် သွေး​ဆောင်၏။- 16သို့​ဖြစ်​လျှင်၊ ယ​ခု​မှ​စ၍ ငါ​တို့​သည် ဇာ​တိ​အ​မျိုး​ကို​ထောက်၍ အ​ဘယ်​သူ​ကို​မျှ မ​သိ​မ​မှတ်။ ဇာ​တိ​အ​မျိုး​ကို​ထောက်၍ ခ​ရစ်​တော်​ကို အ​ထက်​က သိ​မှတ်​သော်​လည်း၊ ယ​ခု​မှ​စ၍ ထို​သို့​သော​သိ​မှတ်​ခြင်း မ​ရှိ။
17လူ​မည်​သည်​ကား၊ ခ​ရစ်​တော်၌​ရှိ​လျှင် အ​သစ်​ပြု​ပြင်​သော​သ​တ္တ​ဝါ ဖြစ်၏။ ဟောင်း​သော​အ​ရာ​တို့​သည် ပြောင်း​လဲ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​ပြီ။- 18ထို​သို့​ဖြစ်​သော် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့၏​ရန်​ကို​ငြိမ်း​စေ၍ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​တော်​မူ၏။ ထို​မိတ်​သ​ဟာ​ယ​တ​ရား​ကို ဟော​ရ​သော အ​ခွင့်​အ​ရာ​ကို ငါ​တို့၌​အပ်​ပေး​တော်​မူ၏။- 19ထို​တ​ရား​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​အ​ထဲ၌ ရှိ​နေ​လျက်၊ လော​ကီ​သား​တို့၏ အ​ပြစ်​များ​ကို မှတ်​တော်​မ​မူ၊ ရန်​ကို​ငြိမ်း​စေ၍ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​တော်​မူ၏။ ထို​မိတ်​သ​ဟာ​ယ​တ​ရား​ကို​လည်း ငါ​တို့၌ အပ်​ပေး​တော်​မူ၏။- 20ထို​ကြောင့် ငါ​တို့​သည်​ခ​ရစ်​တော်၏ သံ​တ​မန်​ဖြစ်​ကြ၏။ သင်​တို့​သည်​ရန်​ငြိမ်း၍ ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​လော့​ဟု ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​ဖြင့် နှိုး​ဆော် သွေး​ဆောင်​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် ခ​ရစ်​တော်၏ ကိုယ်​စား​ဖြစ်၍ သင်​တို့​ကို တောင်း​ပန် သွေး​ဆောင်​ကြ၏။- 21အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​ပြစ်​နှင့် ကင်း​စင်​သော​သူ​ကို ငါ​တို့​အ​တွက်​ကြောင့် အ​ပြစ်​ရှိ​သော​သူ ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ထို​သူ​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​သော​သူ ဖြစ်​မည်​အ​ကြောင်း​တည်း။

လက်ရှိရွေးချယ်ထားမှု

၂ ကောရိန္သု 5: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။