YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရု​သ​ 1

1
မော​ဘ​ပြည်​သို့​ဧ​လိ​မ​လက်​ရောက်​ရှိ​လာ​ခြင်း
1တ​ရား​သူ​ကြီး​အုပ်​စိုး​သော ကာ​လ၊ တစ်​ရံ​ရော​အ​ခါ ဣ​သ​ရေ​လ​ပြည်၌ အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး၍ ယု​ဒ​ပြည် ဗက်​လင်​မြို့​သား တစ်​ယောက်​သည်၊ မ​ယား​နှင့် သား​နှစ်​ယောက်​ပါ​လျက် မော​ဘ​ပြည်၌ တည်း​ခို​ခြင်း​ငှာ သွား၏။ 2ထို​သူ၏​အ​မည်​ကား ဧ​လိ​မ​လက်။ မ​ယား​အ​မည်​ကား​နော​မိ။ သား​နှစ်​ယောက်​အ​မည်​ကား မ​ဟာ​လုန်​နှင့် ခိ​လျုန်​တည်း။ သူ​တို့​သည်​ယု​ဒ​ပြည်၊ ဗက်​လင်​မြို့၊ ဧ​ဖ​ရတ်​အ​ရပ်​သား​ဖြစ်​လျက်၊ မော​ဘ​ပြည်​သို့​သွား၍ နေ​ကြ၏။ 3နော​မိ၏​ခင်​ပွန်း ဧ​လိ​မ​လက်​သည် သေ၍ မ​ယား​နှင့်​သား​နှစ်​ယောက်​တို့​သည် ကျန်​ရစ်​ကြ၏။ 4သား​တို့​သည် မော​ဘ​ပြည်​သူ ဩ​ရ​ပ​နှင့်​ရု​သ​အ​မည်​ရှိ​သော မိန်း​မ​နှစ်​ယောက်​တို့​နှင့် စုံ​ဖက်​ခြင်း​ကို​ပြု၍၊ ထို​ပြည်​မှာ ဆယ်​နှစ်​ခန့်​မျှ​နေ​ပြီး​မှ၊ 5ထို​သား​နှစ်​ယောက် မ​ဟာ​လုန်​နှင့်​ခိ​လျုန်​တို့​သည် သေ၍ နော​မိ​သည်​သား​မ​ရှိ၊ ခင်​ပွန်း​လည်း​မ​ရှိ ကျန်​ရစ်​လေ၏။
ဗက်​လင်​မြို့​သို့​နော​မိ​နှ​င့်​ရု​သ​ပြန်​သွား​ခြင်း
6တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို အ​ကြည့်​အ​ရှု​ကြွ၍ မုန့်​ကို​ပေး​သ​နား​တော်​မူ​ကြောင်း​ကို ထို​မိန်း​မ​သည် မော​ဘ​ပြည်၌​ကြား​သော​အ​ခါ၊ မော​ဘ​ပြည်​မှ ပြန်​သွား​မည်​ဟု ချွေး​မ​နှစ်​ယောက်​နှင့်​အ​တူ​ထ၍၊ 7တည်း​ခို​ရာ​အ​ရပ်​က ထွက်​ပြီး​လျှင် ယု​ဒ​ပြည်​သို့​ရောက်​လို​သော​ငှာ သွား​ကြ၏။ 8သို့​ရာ​တွင် ချွေး​မ​နှစ်​ယောက်​တို့​အား၊ သင်​တို့​သည် ကိုယ်​အ​မိ​အိမ်​သို့ ပြန်​သွား​ကြ​လော့။ သေ​လွန်​သော​သူ၌​လည်း​ကောင်း၊ ငါ၌​လည်း​ကောင်း၊ ကျေး​ဇူး​ပြု​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌ ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။ 9သင်​တို့​နှစ်​ယောက်​သည် နောက်​ရ​သော​လင်​အိမ်၌ ချမ်း​သာ​စွာ​နေ​ရ​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော​ဟု ဆို​လျက် သူ​တို့​ကို နမ်း​လေ၏။ သူ​တို့​သည်​လည်း၊ အ​သံ​ကို​လွှင့်၍ ငို​ကြွေး​လျက်၊ 10အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​နှင့်​အ​တူ၊ ကိုယ်​တော်၏ အ​မျိုး​ထံ​သို့ လိုက်​သွား​ပါ​မည်​ဟု ဆို​ကြ၏။ 11နော​မိ​က​လည်း၊ ငါ့​သ​မီး​တို့ ပြန်​သွား​ကြ​လော့။ ငါ​နှင့်​အ​တူ အ​ဘယ်​ကြောင့် လိုက်​ရ​မည်​နည်း။ သင်​တို့​လင်​ရှာ​ဖို့ ငါ၏​ဝမ်း၌ သား​ရှိ​သေး​သ​လော။ 12ငါ့​သ​မီး​တို့ ပြန်​သွား​ကြ​လော့။ ငါ​သည်​အ​သက်​အ​ရွယ်​လွန်၍ လင်​နှင့်​မ​နေ​သင့်။ သို့​မ​ဟုတ် မျှော်​လင့်​စ​ရာ​ရှိ​သေး​သည်​ဟု ငါ​ဆို​လျှင်​လည်း​ကောင်း၊ ယ​နေ့​ည​မှာ လင်​နေ​လျှင်​လည်း​ကောင်း၊ သား​တို့​ကို​လည်း ဖွား​မြင်​လျှင်​လည်း​ကောင်း၊ 13ထို​သား​တို့​သည် ကြီး​ပွား​သည်​တိုင်​အောင် ငံ့​နေ​လိမ့်​မည်​လော။ လင်​မ​နေ​ဘဲ သူ​တို့​ကို မျှော်​လင့်​လိမ့်​မည်​လော။ ငါ့​သ​မီး​တို့ ထို​သို့​မ​ဖြစ်​ရ။ ထာ​ဝ​ရ​ဘု​ရား လက်​တော်​သည် ငါ၌​ကန့်​လန့်​ရှိ​သည်​ကို သင်​တို့​အ​တွက် ငါ​အ​လွန်​ကြင်​နာ​သော စိတ်​ရှိ​သည်​ဟု ဆို​လေ​သော်၊ 14သူ​တို့​သည် တစ်​ဖန် အ​သံ​ကို​လွှင့်၍ ငို​ကြွေး​ကြ၏။ ထို​အ​ခါ​ဩ​ရ​ပ​သည် ယော​က္ခ​မ​ကို​နမ်း၍ မိ​မိ​အ​မျိုး​သား​တို့​ထံ ပြန်​သွား၏။ ရု​သ​မူ​ကား၊ ယော​က္ခ​မ၌ မှီ​ဝဲ​ဆည်း​ကပ်​လျက် နေ​သေး၏။ 15နော​မိ​က​လည်း၊ သင့်​အစ်​မ​သည် အ​မျိုး​သား​ရင်း ဘု​ရား​ရင်း​တို့​ထံ​သို့ ပြန်​သွား​ပြီ။ အစ်​မ​နောက်​သို့ လိုက်​သွား​ပါ​ဟု​ဆို​သော်၊ 16ရု​သ​က၊ ကျွန်​မ​သည် ကိုယ်​တော်​ကို မ​စွန့်​ပါ​ရ​စေ​နှင့်။ နောက်​တော်​သို့​မ​လိုက်​ဘဲ ပြန်​သွား​စေ​ခြင်း​ငှာ မ​ပြု​ပါ​နှင့်။ ကိုယ်​တော်​သွား​လေ​ရာ​ရာ​သို့ ကျွန်​မ​လိုက်​ပါ​မည်။ ကိုယ်​တော်​အိပ်​လေ​ရာ​ရာ၌ ကျွန်​မ​အိပ်​ပါ​မည်။ ကိုယ်​တော်​အ​မျိုး​သည် ကျွန်​မ​အ​မျိုး၊ ကိုယ်​တော်​ဘု​ရား​သည် ကျွန်​မ​ဘု​ရား ဖြစ်​ပါ​စေ။ 17ကိုယ်​တော်​သေ​ရာ​အ​ရပ်၌ ကျွန်​မ​သေ၍ သင်္ဂြိုဟ်​ခံ​ပါ​မည်။ သေ​ခြင်း​မှ​တစ်​ပါး၊ အ​ခြား​သော​အ​မှု​ကြောင့် ကိုယ်​တော်​နှင့်​ကျွန်​မ ကွာ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ၌ ထို​မျှ​မ​က ပြု​တော်​မူ​ပါ​စေ​သော​ဟု ပြန်​ဆို၏။ 18ရု​သ​သည် လိုက်​ခြင်း​ငှာ ခိုင်​ခံ့​သော​စိတ်​ရှိ​သည်​ကို နော​မိ​သည်​သိ​မြင်​သော် တိတ်​ဆိတ်​စွာ​နေ​လေ၏။ 19ထို​သူ​နှစ်​ယောက်​တို့​သည် ခ​ရီး​သွား၍ ဗက်​လင်​မြို့​သို့ ရောက်​သော​အ​ခါ၊ တစ်​မြို့​လုံး အုတ်​အုတ်​ကျက်​ကျက်​ဖြစ်၍၊ ဤ​သူ​ကား နော​မိ​ဟုတ်​သ​လော​ဟု မေး​ကြ၏။ 20သူ​က​လည်း နော​မိ​ဟူ၍ မ​ခေါ်​ပါ​နှင့်။ မာ​ရ​ဟူ၍ ခေါ်​ပါ။ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ့​အား အ​လွန်​ခါး​သော​အ​ရာ​ကို ပေး​တော်​မူ​ပြီ။ 21ငါ​သည် ကြွယ်​ဝ​ပြည့်​စုံ​လျက် ထွက်​သွား၏။ ယ​ခု​မူ​ကား ဆင်း​ရဲ​လျက် တစ်​ကိုယ်​တည်း​ရှိ​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ပို့​ပြန်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​နှိမ့်​ချ၍ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ့​ကို​ဆင်း​ရဲ​စေ​တော်​မူ​သည် ဖြစ်၍၊ နော​မိ​အ​မည်​ဖြင့် အ​ဘယ်​ကြောင့် ငါ့​ကို​ခေါ်​ကြ​သ​နည်း​ဟု ပြန်​ပြော၏။ 22ထို​သို့​မော​ဘ​ပြည်​မှ လိုက်​လာ​သော မော​ဘ​ပြည်​သူ ချွေး​မ​ရု​သ​နှင့်​အ​တူ နော​မိ​သည်​ပြန်​လာ၍၊ မု​ယော​စ​ပါး​ကို ရိတ်​စ​ကာ​လ၌ ဗက်​လင်​မြို့​သို့​ရောက်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ရု​သ​ 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။