YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရု​သ​ 1:14-18

ရု​သ​ 1:14-18 JBMLE

သူ​တို့​သည် တစ်​ဖန် အ​သံ​ကို​လွှင့်၍ ငို​ကြွေး​ကြ၏။ ထို​အ​ခါ​ဩ​ရ​ပ​သည် ယော​က္ခ​မ​ကို​နမ်း၍ မိ​မိ​အ​မျိုး​သား​တို့​ထံ ပြန်​သွား၏။ ရု​သ​မူ​ကား၊ ယော​က္ခ​မ၌ မှီ​ဝဲ​ဆည်း​ကပ်​လျက် နေ​သေး၏။ နော​မိ​က​လည်း၊ သင့်​အစ်​မ​သည် အ​မျိုး​သား​ရင်း ဘု​ရား​ရင်း​တို့​ထံ​သို့ ပြန်​သွား​ပြီ။ အစ်​မ​နောက်​သို့ လိုက်​သွား​ပါ​ဟု​ဆို​သော်၊ ရု​သ​က၊ ကျွန်​မ​သည် ကိုယ်​တော်​ကို မ​စွန့်​ပါ​ရ​စေ​နှင့်။ နောက်​တော်​သို့​မ​လိုက်​ဘဲ ပြန်​သွား​စေ​ခြင်း​ငှာ မ​ပြု​ပါ​နှင့်။ ကိုယ်​တော်​သွား​လေ​ရာ​ရာ​သို့ ကျွန်​မ​လိုက်​ပါ​မည်။ ကိုယ်​တော်​အိပ်​လေ​ရာ​ရာ၌ ကျွန်​မ​အိပ်​ပါ​မည်။ ကိုယ်​တော်​အ​မျိုး​သည် ကျွန်​မ​အ​မျိုး၊ ကိုယ်​တော်​ဘု​ရား​သည် ကျွန်​မ​ဘု​ရား ဖြစ်​ပါ​စေ။ ကိုယ်​တော်​သေ​ရာ​အ​ရပ်၌ ကျွန်​မ​သေ၍ သင်္ဂြိုဟ်​ခံ​ပါ​မည်။ သေ​ခြင်း​မှ​တစ်​ပါး၊ အ​ခြား​သော​အ​မှု​ကြောင့် ကိုယ်​တော်​နှင့်​ကျွန်​မ ကွာ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ၌ ထို​မျှ​မ​က ပြု​တော်​မူ​ပါ​စေ​သော​ဟု ပြန်​ဆို၏။ ရု​သ​သည် လိုက်​ခြင်း​ငှာ ခိုင်​ခံ့​သော​စိတ်​ရှိ​သည်​ကို နော​မိ​သည်​သိ​မြင်​သော် တိတ်​ဆိတ်​စွာ​နေ​လေ၏။

​ရု​သ​ 1:14-18 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။