YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရု​သ​ 1:1-6

ရု​သ​ 1:1-6 JBMLE

တ​ရား​သူ​ကြီး​အုပ်​စိုး​သော ကာ​လ၊ တစ်​ရံ​ရော​အ​ခါ ဣ​သ​ရေ​လ​ပြည်၌ အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး၍ ယု​ဒ​ပြည် ဗက်​လင်​မြို့​သား တစ်​ယောက်​သည်၊ မ​ယား​နှင့် သား​နှစ်​ယောက်​ပါ​လျက် မော​ဘ​ပြည်၌ တည်း​ခို​ခြင်း​ငှာ သွား၏။ ထို​သူ၏​အ​မည်​ကား ဧ​လိ​မ​လက်။ မ​ယား​အ​မည်​ကား​နော​မိ။ သား​နှစ်​ယောက်​အ​မည်​ကား မ​ဟာ​လုန်​နှင့် ခိ​လျုန်​တည်း။ သူ​တို့​သည်​ယု​ဒ​ပြည်၊ ဗက်​လင်​မြို့၊ ဧ​ဖ​ရတ်​အ​ရပ်​သား​ဖြစ်​လျက်၊ မော​ဘ​ပြည်​သို့​သွား၍ နေ​ကြ၏။ နော​မိ၏​ခင်​ပွန်း ဧ​လိ​မ​လက်​သည် သေ၍ မ​ယား​နှင့်​သား​နှစ်​ယောက်​တို့​သည် ကျန်​ရစ်​ကြ၏။ သား​တို့​သည် မော​ဘ​ပြည်​သူ ဩ​ရ​ပ​နှင့်​ရု​သ​အ​မည်​ရှိ​သော မိန်း​မ​နှစ်​ယောက်​တို့​နှင့် စုံ​ဖက်​ခြင်း​ကို​ပြု၍၊ ထို​ပြည်​မှာ ဆယ်​နှစ်​ခန့်​မျှ​နေ​ပြီး​မှ၊ ထို​သား​နှစ်​ယောက် မ​ဟာ​လုန်​နှင့်​ခိ​လျုန်​တို့​သည် သေ၍ နော​မိ​သည်​သား​မ​ရှိ၊ ခင်​ပွန်း​လည်း​မ​ရှိ ကျန်​ရစ်​လေ၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို အ​ကြည့်​အ​ရှု​ကြွ၍ မုန့်​ကို​ပေး​သ​နား​တော်​မူ​ကြောင်း​ကို ထို​မိန်း​မ​သည် မော​ဘ​ပြည်၌​ကြား​သော​အ​ခါ၊ မော​ဘ​ပြည်​မှ ပြန်​သွား​မည်​ဟု ချွေး​မ​နှစ်​ယောက်​နှင့်​အ​တူ​ထ၍၊

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။