တရားသူကြီးအုပ်စိုးသော ကာလ၊ တစ်ရံရောအခါ ဣသရေလပြည်၌ အစာအာဟာရခေါင်းပါး၍ ယုဒပြည် ဗက်လင်မြို့သား တစ်ယောက်သည်၊ မယားနှင့် သားနှစ်ယောက်ပါလျက် မောဘပြည်၌ တည်းခိုခြင်းငှာ သွား၏။ ထိုသူ၏အမည်ကား ဧလိမလက်။ မယားအမည်ကားနောမိ။ သားနှစ်ယောက်အမည်ကား မဟာလုန်နှင့် ခိလျုန်တည်း။ သူတို့သည်ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်လျက်၊ မောဘပြည်သို့သွား၍ နေကြ၏။ နောမိ၏ခင်ပွန်း ဧလိမလက်သည် သေ၍ မယားနှင့်သားနှစ်ယောက်တို့သည် ကျန်ရစ်ကြ၏။ သားတို့သည် မောဘပြည်သူ ဩရပနှင့်ရုသအမည်ရှိသော မိန်းမနှစ်ယောက်တို့နှင့် စုံဖက်ခြင်းကိုပြု၍၊ ထိုပြည်မှာ ဆယ်နှစ်ခန့်မျှနေပြီးမှ၊ ထိုသားနှစ်ယောက် မဟာလုန်နှင့်ခိလျုန်တို့သည် သေ၍ နောမိသည်သားမရှိ၊ ခင်ပွန်းလည်းမရှိ ကျန်ရစ်လေ၏။
ရုသ 1 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရုသ 1:1-5
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ