YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရု​သ​ 1:1-14

ရု​သ​ 1:1-14 JBMLE

တ​ရား​သူ​ကြီး​အုပ်​စိုး​သော ကာ​လ၊ တစ်​ရံ​ရော​အ​ခါ ဣ​သ​ရေ​လ​ပြည်၌ အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး၍ ယု​ဒ​ပြည် ဗက်​လင်​မြို့​သား တစ်​ယောက်​သည်၊ မ​ယား​နှင့် သား​နှစ်​ယောက်​ပါ​လျက် မော​ဘ​ပြည်၌ တည်း​ခို​ခြင်း​ငှာ သွား၏။ ထို​သူ၏​အ​မည်​ကား ဧ​လိ​မ​လက်။ မ​ယား​အ​မည်​ကား​နော​မိ။ သား​နှစ်​ယောက်​အ​မည်​ကား မ​ဟာ​လုန်​နှင့် ခိ​လျုန်​တည်း။ သူ​တို့​သည်​ယု​ဒ​ပြည်၊ ဗက်​လင်​မြို့၊ ဧ​ဖ​ရတ်​အ​ရပ်​သား​ဖြစ်​လျက်၊ မော​ဘ​ပြည်​သို့​သွား၍ နေ​ကြ၏။ နော​မိ၏​ခင်​ပွန်း ဧ​လိ​မ​လက်​သည် သေ၍ မ​ယား​နှင့်​သား​နှစ်​ယောက်​တို့​သည် ကျန်​ရစ်​ကြ၏။ သား​တို့​သည် မော​ဘ​ပြည်​သူ ဩ​ရ​ပ​နှင့်​ရု​သ​အ​မည်​ရှိ​သော မိန်း​မ​နှစ်​ယောက်​တို့​နှင့် စုံ​ဖက်​ခြင်း​ကို​ပြု၍၊ ထို​ပြည်​မှာ ဆယ်​နှစ်​ခန့်​မျှ​နေ​ပြီး​မှ၊ ထို​သား​နှစ်​ယောက် မ​ဟာ​လုန်​နှင့်​ခိ​လျုန်​တို့​သည် သေ၍ နော​မိ​သည်​သား​မ​ရှိ၊ ခင်​ပွန်း​လည်း​မ​ရှိ ကျန်​ရစ်​လေ၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို အ​ကြည့်​အ​ရှု​ကြွ၍ မုန့်​ကို​ပေး​သ​နား​တော်​မူ​ကြောင်း​ကို ထို​မိန်း​မ​သည် မော​ဘ​ပြည်၌​ကြား​သော​အ​ခါ၊ မော​ဘ​ပြည်​မှ ပြန်​သွား​မည်​ဟု ချွေး​မ​နှစ်​ယောက်​နှင့်​အ​တူ​ထ၍၊ တည်း​ခို​ရာ​အ​ရပ်​က ထွက်​ပြီး​လျှင် ယု​ဒ​ပြည်​သို့​ရောက်​လို​သော​ငှာ သွား​ကြ၏။ သို့​ရာ​တွင် ချွေး​မ​နှစ်​ယောက်​တို့​အား၊ သင်​တို့​သည် ကိုယ်​အ​မိ​အိမ်​သို့ ပြန်​သွား​ကြ​လော့။ သေ​လွန်​သော​သူ၌​လည်း​ကောင်း၊ ငါ၌​လည်း​ကောင်း၊ ကျေး​ဇူး​ပြု​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌ ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။ သင်​တို့​နှစ်​ယောက်​သည် နောက်​ရ​သော​လင်​အိမ်၌ ချမ်း​သာ​စွာ​နေ​ရ​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော​ဟု ဆို​လျက် သူ​တို့​ကို နမ်း​လေ၏။ သူ​တို့​သည်​လည်း၊ အ​သံ​ကို​လွှင့်၍ ငို​ကြွေး​လျက်၊ အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​နှင့်​အ​တူ၊ ကိုယ်​တော်၏ အ​မျိုး​ထံ​သို့ လိုက်​သွား​ပါ​မည်​ဟု ဆို​ကြ၏။ နော​မိ​က​လည်း၊ ငါ့​သ​မီး​တို့ ပြန်​သွား​ကြ​လော့။ ငါ​နှင့်​အ​တူ အ​ဘယ်​ကြောင့် လိုက်​ရ​မည်​နည်း။ သင်​တို့​လင်​ရှာ​ဖို့ ငါ၏​ဝမ်း၌ သား​ရှိ​သေး​သ​လော။ ငါ့​သ​မီး​တို့ ပြန်​သွား​ကြ​လော့။ ငါ​သည်​အ​သက်​အ​ရွယ်​လွန်၍ လင်​နှင့်​မ​နေ​သင့်။ သို့​မ​ဟုတ် မျှော်​လင့်​စ​ရာ​ရှိ​သေး​သည်​ဟု ငါ​ဆို​လျှင်​လည်း​ကောင်း၊ ယ​နေ့​ည​မှာ လင်​နေ​လျှင်​လည်း​ကောင်း၊ သား​တို့​ကို​လည်း ဖွား​မြင်​လျှင်​လည်း​ကောင်း၊ ထို​သား​တို့​သည် ကြီး​ပွား​သည်​တိုင်​အောင် ငံ့​နေ​လိမ့်​မည်​လော။ လင်​မ​နေ​ဘဲ သူ​တို့​ကို မျှော်​လင့်​လိမ့်​မည်​လော။ ငါ့​သ​မီး​တို့ ထို​သို့​မ​ဖြစ်​ရ။ ထာ​ဝ​ရ​ဘု​ရား လက်​တော်​သည် ငါ၌​ကန့်​လန့်​ရှိ​သည်​ကို သင်​တို့​အ​တွက် ငါ​အ​လွန်​ကြင်​နာ​သော စိတ်​ရှိ​သည်​ဟု ဆို​လေ​သော်၊ သူ​တို့​သည် တစ်​ဖန် အ​သံ​ကို​လွှင့်၍ ငို​ကြွေး​ကြ၏။ ထို​အ​ခါ​ဩ​ရ​ပ​သည် ယော​က္ခ​မ​ကို​နမ်း၍ မိ​မိ​အ​မျိုး​သား​တို့​ထံ ပြန်​သွား၏။ ရု​သ​မူ​ကား၊ ယော​က္ခ​မ၌ မှီ​ဝဲ​ဆည်း​ကပ်​လျက် နေ​သေး၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။