YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 7

7
ထိမ်း​မြား​စုံ​ဖက်​ခြင်း​သာ​ဓက
1ပ​ညတ်​တ​ရား​ကို သိ​သော​ညီ​အစ်​ကို​တို့၊ ပ​ညတ်​တ​ရား​သည် လူ​ကို အ​သက်​ထက်​ဆုံး​မျှ​သာ ပိုင်​သည်​ကို မ​သိ​ကြ​သ​လော။- 2ဥ​ပ​မာ​ကား၊ လင်​ရှိ​သော​မိန်း​မ​သည် လင်​မ​သေ​မီ​တိုင်​အောင်၊ ပ​ညတ်​တ​ရား​အား​ဖြင့် လင်၌ ချည်​နှောင်​လျက်​ရှိ၏။ လင်​သေ​လျှင်​မူ​ကား လင်​ဝတ်​နှင့်​လွတ်၏။- 3ထို​ကြောင့်၊ မိ​မိ​လင်​မ​သေ​မီ အ​ခြား​သော​သူ၏ မ​ယား​ဖြစ်​လျှင်၊ မျောက်​မ​ထား​သော​မိန်း​မ​ဟု ခေါ်​ထိုက်၏။ လင်​သေ​လျှင်​မူ​ကား၊ ထို​တ​ရား​နှင့်​လွတ်​သည်​ဖြစ်၍၊ အ​ခြား​သော​သူ၏​မ​ယား ဖြစ်​သော်​လည်း၊ မျောက်​မ​ထား​သော​မိန်း​မ​ဟု ခေါ်​စ​ရာ​အ​ကြောင်း​မ​ရှိ။- 4ထို​နည်း​တူ၊ ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​ခြား​သော သူ​တည်း​ဟူ​သော၊ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သော သူ၏​မ​ယား​ဖြစ်၍၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ တိုး​ပွား​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏​ကိုယ်​ခ​န္ဓာ​အား​ဖြင့်​သေ၍ ပ​ညတ်​တ​ရား​နှင့် ကွာ​ကြ၏။- 5ငါ​တို့​သည် ဇာ​တိ​ပ​က​တိ၌ ကျင်​လည်​သော​အ​ခါ၊ အ​ပြစ်​နှင့်​စပ်​ဆိုင်​သော စိတ်​တို့​သည် ပ​ညတ်​တ​ရား​အား​ဖြင့်​ပေါက်၍ သေ​ခြင်း​တ​ရား၏​အ​လို​နှင့်​အ​ညီ တိုး​ပွား​မည်​အ​ကြောင်း၊ ငါ​တို့၏​ကိုယ်​အင်္ဂါ​များ၌ ပြု​ပြင်​ကြ၏။- 6ယ​ခု​မူ​ကား၊ ကျမ်း​စာ၌​ပါ​သော တ​ရား​ဟောင်း​ကို မ​မှီ​ဘဲ၊ ဝိ​ညာဉ်​တော်​တ​ရား​သစ်​ကို​မှီ၍ အ​မှု​ဆောင်​ရွက်​ခြင်း​အ​လို​ငှာ၊ ငါ​တို့​သည်​သေ​သ​ဖြင့် အုပ်​ချုပ်​သော​ပ​ညတ်​တ​ရား၏​လက်​မှ လွတ်​ခြင်း​သို့ ရောက်​ကြ​ပြီ။
ပ​ညတ်​တ​ရား​နှ​င့်​အ​ပြစ်​တ​ရား
7သို့​ဖြစ်၍ အ​ဘယ်​သို့​ပြော​ရ​မည်​နည်း။ ပ​ညတ်​တ​ရား၌ အ​ပြစ်​ရှိ​သ​လော။ အ​ပြစ်​မ​ရှိ​နိုင်​ရာ။ သို့​ရာ​တွင် ပ​ညတ်​တ​ရား​အား​ဖြင့်​သာ အ​ပြစ်​သ​ဘော​ကို ငါ​သိ​ရ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ လော​ဘ​စိတ်​မ​ရှိ​စေ​နှင့်​ဟု ပ​ညတ်​တ​ရား​မ​ဆို​လျှင်၊ လော​ဘ​သ​ဘော​ကို ငါ​မ​သိ။-#ထွ၊ ၂၀:၁၇။ တ​ရား၊ ၅:၂၁။ 8အ​ပြစ်​တ​ရား​သည် ပ​ညတ်​တ​ရား​အား​ဖြင့် အ​ခွင့်​ရ၍၊ ငါ၌ အ​မျိုး​မျိုး​သော လော​ဘ​တို့​ကို ဖြစ်​စေ၏။ ပ​ညတ်​တ​ရား​မ​ရှိ​လျှင်၊ အ​ပြစ်​တ​ရား​သေ၏။- 9အ​ထက်​က ပ​ညတ်​တ​ရား​မ​ရှိ​သ​ဖြင့်၊ ငါ​သည် အ​သက်​ရှင်၏။ ပ​ညတ်​တ​ရား​ပေါ်​သော​အ​ခါ အ​ပြစ်​တ​ရား​သည် ရှင်​ပြန်၏။ ငါ​လည်း သေ၏။- 10အ​သက်​ရှင်​ခြင်း​နှင့်​ဆိုင်​သော ပ​ညတ်​တ​ရား​သည် သေ​ခြင်း​နှင့် ဆိုင်​သည်​ကို ငါ​တွေ့၏။- 11အ​ပြစ်​တ​ရား​သည် ပ​ညတ်​တ​ရား​အား​ဖြင့် အ​ခွင့်​ရ​လျှင်၊ ငါ့​ကို​လှည့်​ဖြား၍ ထို​တ​ရား​အား​ဖြင့် ငါ့​ကို​သတ်​လေ၏။-#က၊ ၃:၁၃။ 12ထို​ကြောင့်၊ တ​ရား​တော်​သည် သန့်​ရှင်း​ခြင်း​ရှိ၏။ ပ​ညတ်​တ​ရား​လည်း သန့်​ရှင်း​ခြင်း၊ ဖြောင့်​မတ်​ခြင်း၊ ကောင်း​မြတ်​ခြင်း​ရှိ၏။- 13သို့​ဖြစ်​လျှင် ကောင်း​မြတ်​သော​အ​ရာ​သည် ငါ၌​သေ​ခြင်း​အ​ကြောင်း ဖြစ်​သ​လော။ မ​ဖြစ်​နိုင်​ရာ။ အ​ပြစ်​တ​ရား​သည် မိ​မိ​သ​ဘော​ကို ထင်​ရှား​စေ​ခြင်း​ငှာ ကောင်း​မြတ်​သော​အ​ရာ​အား​ဖြင့် ငါ၌​သေ​ခြင်း​ကို​ပြု၍ သေ​ခြင်း​အ​ကြောင်း​ဖြစ်၏။ ထို​သို့​ဖြစ်​သော​ကြောင့် အ​ပြစ်​တ​ရား​သည် ပ​ညတ်​တော်​အား​ဖြင့် အ​လွန်​အ​ပြစ်​နှင့် ပြည့်​စုံ​ခြင်း​ရှိ​သ​တည်း။
လူ​၏စိတ်​သ​ဘော​တ​ရား​နှစ်​ရပ်
14ထို​မှ​တစ်​ပါး၊ ပ​ညတ်​တ​ရား​သည် ဝိ​ညာဉ်​ပ​က​တိ​နှင့် စပ်​ဆိုင်​သည်​ကို ငါ​တို့​သိ​ကြ၏။ ငါ​မူ​ကား ဇာ​တိ​ပ​က​တိ​ရှိ၏။ အ​ပြစ်​တ​ရား​လက်၌ ကျေး​ကျွန်​ဖြစ်၏။ 15အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​ကျင့်​သော​အ​ကျင့်​ကို မ​နှစ်​သက်။ ကျင့်​ချင်​သော​အ​ကျင့်​ကို မ​ကျင့်၊ ရွံ​ရှာ​သော အ​ကျင့်​ကို ကျင့်၏။-#က၊ ၅:၁၇။ 16ထို​သို့​ငါ​သည် မ​ကျင့်​ချင်​သော​အ​ကျင့်​ကို ကျင့်​လျှင်၊ ပ​ညတ်​တ​ရား​ဖြောင့်​သည်​ဟု ငါ​ဝန်​ခံ၏။- 17သို့​ဖြစ်​လျှင်၊ ထို​မ​ကောင်း​သော​အ​ကျင့်​ကို ငါ့​ကိုယ်​တိုင်​ကျင့်​သည်​မ​ဟုတ်။ ငါ့​အ​ထဲ၌​နေ​သော အ​ပြစ်​တ​ရား​သည် ကျင့်၏။- 18ငါ့​အ​ထဲ​မှာ ငါ့​ဇာ​တိ​ပ​က​တိ၌ ကောင်း​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​တည်​သည်​ကို ငါ​သိ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ကျင့်​ချင်​သော စိတ်​ရှိ​သော်​လည်း၊ ကောင်း​စွာ​ကျင့်​တတ်​သော​အ​ခွင့်​ကို ရှာ၍​မ​တွေ့​နိုင်။- 19ငါ​သည် ကျင့်​ချင်​သော အ​ကျင့်​ကောင်း​ကို မ​ကျင့်။ မ​ကျင့်​ချင်​သော အ​ကျင့်​ဆိုး​ကို ကျင့်၏။- 20ထို​သို့​ငါ​သည် မ​ကျင့်​ချင်​သော​အ​ကျင့်​ကို ကျင့်​လျှင်၊ ငါ​ကိုယ်​တိုင် ကျင့်​သည်​မ​ဟုတ်။ ငါ့​အ​ထဲ၌​နေ​သော အ​ပြစ်​တ​ရား​သည် ကျင့်၏။- 21ထို​သို့ ကောင်း​သော​အ​ကျင့်​ကို ငါ​ကျင့်​ချင်​သော​အ​ခါ၊ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​စေ​တတ်​သော တ​ရား​ကို ငါ​တွေ့၏။- 22ငါ​သည် အ​တွင်း​လူ​အား​ဖြင့် ဘု​ရား​သ​ခင်၏ ပ​ညတ်​တ​ရား​တော်​ကို နှစ်​သက်၏။- 23သို့​သော်​လည်း ငါ့​ကိုယ်​အင်္ဂါ​များ၌ ရှိ​သော တ​ရား​တစ်​ပါး​သည် စိတ်​ဝိ​ညာဉ်​တ​ရား​ကို ဆိုင်​ပြိုင် တိုက်​လှန်​သ​ဖြင့်၊ ငါ့​ကိုယ်​အင်္ဂါ​များ၌​ရှိ​သော အ​ပြစ်​တ​ရား​လက်​သို့ ငါ့​ကို ဖမ်း​သွား​အပ်​နှံ​သည်​ကို ငါ​မြင်၏။- 24ငါ​သည် ငြို​ငြင်​သော​သူ​ဖြစ်​ပါ​သည်​တ​ကား။ ဤ​အ​သေ​ကောင်​မှ ငါ့​ကို အ​ဘယ်​သူ ကယ်​လွှတ်​မည်​နည်း။- 25ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကယ်​လွှတ်​တော်​မူ​သော ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။ ထို​သို့ စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ တ​ရား​တော်​အ​လို​သို့​လည်း​ကောင်း၊ ဇာ​တိ​ပ​က​တိ​အား​ဖြင့် အ​ပြစ်​တ​ရား​အ​လို​သို့​လည်း​ကောင်း၊ ငါ​လိုက်​တတ်၏။

လက်ရှိရွေးချယ်ထားမှု

ရောမ 7: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။