YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 7:15-20

ရောမ 7:15-20 JBMLE

အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​ကျင့်​သော​အ​ကျင့်​ကို မ​နှစ်​သက်။ ကျင့်​ချင်​သော​အ​ကျင့်​ကို မ​ကျင့်၊ ရွံ​ရှာ​သော အ​ကျင့်​ကို ကျင့်၏။- ထို​သို့​ငါ​သည် မ​ကျင့်​ချင်​သော​အ​ကျင့်​ကို ကျင့်​လျှင်၊ ပ​ညတ်​တ​ရား​ဖြောင့်​သည်​ဟု ငါ​ဝန်​ခံ၏။- သို့​ဖြစ်​လျှင်၊ ထို​မ​ကောင်း​သော​အ​ကျင့်​ကို ငါ့​ကိုယ်​တိုင်​ကျင့်​သည်​မ​ဟုတ်။ ငါ့​အ​ထဲ၌​နေ​သော အ​ပြစ်​တ​ရား​သည် ကျင့်၏။- ငါ့​အ​ထဲ​မှာ ငါ့​ဇာ​တိ​ပ​က​တိ၌ ကောင်း​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​တည်​သည်​ကို ငါ​သိ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ကျင့်​ချင်​သော စိတ်​ရှိ​သော်​လည်း၊ ကောင်း​စွာ​ကျင့်​တတ်​သော​အ​ခွင့်​ကို ရှာ၍​မ​တွေ့​နိုင်။- ငါ​သည် ကျင့်​ချင်​သော အ​ကျင့်​ကောင်း​ကို မ​ကျင့်။ မ​ကျင့်​ချင်​သော အ​ကျင့်​ဆိုး​ကို ကျင့်၏။- ထို​သို့​ငါ​သည် မ​ကျင့်​ချင်​သော​အ​ကျင့်​ကို ကျင့်​လျှင်၊ ငါ​ကိုယ်​တိုင် ကျင့်​သည်​မ​ဟုတ်။ ငါ့​အ​ထဲ၌​နေ​သော အ​ပြစ်​တ​ရား​သည် ကျင့်၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။