YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 7:14-25

ရောမ 7:14-25 JBMLE

ထို​မှ​တစ်​ပါး၊ ပ​ညတ်​တ​ရား​သည် ဝိ​ညာဉ်​ပ​က​တိ​နှင့် စပ်​ဆိုင်​သည်​ကို ငါ​တို့​သိ​ကြ၏။ ငါ​မူ​ကား ဇာ​တိ​ပ​က​တိ​ရှိ၏။ အ​ပြစ်​တ​ရား​လက်၌ ကျေး​ကျွန်​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​ကျင့်​သော​အ​ကျင့်​ကို မ​နှစ်​သက်။ ကျင့်​ချင်​သော​အ​ကျင့်​ကို မ​ကျင့်၊ ရွံ​ရှာ​သော အ​ကျင့်​ကို ကျင့်၏။- ထို​သို့​ငါ​သည် မ​ကျင့်​ချင်​သော​အ​ကျင့်​ကို ကျင့်​လျှင်၊ ပ​ညတ်​တ​ရား​ဖြောင့်​သည်​ဟု ငါ​ဝန်​ခံ၏။- သို့​ဖြစ်​လျှင်၊ ထို​မ​ကောင်း​သော​အ​ကျင့်​ကို ငါ့​ကိုယ်​တိုင်​ကျင့်​သည်​မ​ဟုတ်။ ငါ့​အ​ထဲ၌​နေ​သော အ​ပြစ်​တ​ရား​သည် ကျင့်၏။- ငါ့​အ​ထဲ​မှာ ငါ့​ဇာ​တိ​ပ​က​တိ၌ ကောင်း​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​တည်​သည်​ကို ငါ​သိ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ကျင့်​ချင်​သော စိတ်​ရှိ​သော်​လည်း၊ ကောင်း​စွာ​ကျင့်​တတ်​သော​အ​ခွင့်​ကို ရှာ၍​မ​တွေ့​နိုင်။- ငါ​သည် ကျင့်​ချင်​သော အ​ကျင့်​ကောင်း​ကို မ​ကျင့်။ မ​ကျင့်​ချင်​သော အ​ကျင့်​ဆိုး​ကို ကျင့်၏။- ထို​သို့​ငါ​သည် မ​ကျင့်​ချင်​သော​အ​ကျင့်​ကို ကျင့်​လျှင်၊ ငါ​ကိုယ်​တိုင် ကျင့်​သည်​မ​ဟုတ်။ ငါ့​အ​ထဲ၌​နေ​သော အ​ပြစ်​တ​ရား​သည် ကျင့်၏။- ထို​သို့ ကောင်း​သော​အ​ကျင့်​ကို ငါ​ကျင့်​ချင်​သော​အ​ခါ၊ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​စေ​တတ်​သော တ​ရား​ကို ငါ​တွေ့၏။- ငါ​သည် အ​တွင်း​လူ​အား​ဖြင့် ဘု​ရား​သ​ခင်၏ ပ​ညတ်​တ​ရား​တော်​ကို နှစ်​သက်၏။- သို့​သော်​လည်း ငါ့​ကိုယ်​အင်္ဂါ​များ၌ ရှိ​သော တ​ရား​တစ်​ပါး​သည် စိတ်​ဝိ​ညာဉ်​တ​ရား​ကို ဆိုင်​ပြိုင် တိုက်​လှန်​သ​ဖြင့်၊ ငါ့​ကိုယ်​အင်္ဂါ​များ၌​ရှိ​သော အ​ပြစ်​တ​ရား​လက်​သို့ ငါ့​ကို ဖမ်း​သွား​အပ်​နှံ​သည်​ကို ငါ​မြင်၏။- ငါ​သည် ငြို​ငြင်​သော​သူ​ဖြစ်​ပါ​သည်​တ​ကား။ ဤ​အ​သေ​ကောင်​မှ ငါ့​ကို အ​ဘယ်​သူ ကယ်​လွှတ်​မည်​နည်း။- ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကယ်​လွှတ်​တော်​မူ​သော ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။ ထို​သို့ စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ တ​ရား​တော်​အ​လို​သို့​လည်း​ကောင်း၊ ဇာ​တိ​ပ​က​တိ​အား​ဖြင့် အ​ပြစ်​တ​ရား​အ​လို​သို့​လည်း​ကောင်း၊ ငါ​လိုက်​တတ်၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။