YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 10:9-15

ရောမ 10:9-15 JBMLE

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​သည် သ​ခင်​ယေ​ရှု​ကို နှုတ်​ဖြင့်​ဝန်​ခံ၍၊ ဘု​ရား​သ​ခင်​သည် သူ့​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု စိတ်​နှ​လုံး​ထဲ၌ ယုံ​ကြည်​လျှင်၊ ကယ်​တင်​ခြင်း​သို့​ရောက်​လိမ့်​မည်။- ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ စိတ်​နှ​လုံး​ဖြင့် ယုံ​ကြည်​ရ၏။- ကယ်​တင်​ခြင်း​သို့ ရောက်​ခြင်း​ငှာ နှုတ်​ဖြင့်​ဝန်​ခံ​ရ၏။ ကျမ်း​စာ​လာ​သည်​ကား၊ ထို​ကျောက်​ကို အ​မှီ​ပြု​သော သူ​မည်​သည်​ကား၊ ရှက်​ကြောက်​ခြင်း​မ​ရှိ​နိုင်​ရာ​ဟု လာ​သ​တည်း။- ယု​ဒ​အ​မျိုး၊ ဟေ​လ​သ​အ​မျိုး​ကို​မ​ရွေး၊ လူ​အ​ပေါင်း​တို့​ကို အ​စိုး​ရ​သော အ​ရှင်​တစ်​ပါး​တည်း​ရှိ၍၊ ကိုယ်​တော်​ကို ပ​တ္ထ​နာ​ပြု​သော သူ​အ​ပေါင်း​တို့၌ ကျေး​ဇူး​ကြွယ်​ဝ​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။ သို့​ရာ​တွင်၊ မ​ယုံ​ကြည်​လျှင် အ​ဘယ်​သို့ ပ​တ္ထ​နာ​ပြု​နိုင်​မည်​နည်း။ သ​တင်း​မ​ကြား​လျှင် အ​ဘယ်​သို့ ယုံ​ကြည်​နိုင်​မည်​နည်း။ ဟော​ပြော​သော​သူ​မ​ရှိ​လျှင် အ​ဘယ်​သို့ ကြား​နိုင်​မည်​နည်း။- လူ​ကို မ​စေ​လွှတ်​လျှင် အ​ဘယ်​သို့ ဟော​ပြော​နိုင်​မည်​နည်း။ ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ငြိမ်​သက်​ခြင်း၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း၊ ကောင်း​ကျိုး​ချမ်း​သာ၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​သော သူ၏​ခြေ​တို့​သည် အ​လွန်​တင့်​တယ်​စွ​တ​ကား​ဟု လာ​သ​တည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။