YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 4

4
ကောင်း​ကင်​ဘုံ​ရှိ​ပ​လ္လင်
1ထို​နောက်​မှ ငါ​ကြည့်​လျှင်၊ ကောင်း​ကင်၌ တံ​ခါး​ဖွင့်​ထား​လျက်​ရှိ၏။ ရှေ့​ဦး​စွာ​ကြား​ရ​သော အ​သံ​ဟူ​မူ​ကား၊ ဤ​အ​ရပ်​သို့ တက်​လော့။ နောင်​ကာ​လ၌ ဖြစ်​ရ​မည်​အ​ရာ​တို့​ကို ငါ​ပြ​မည်​ဟု ငါ​နှင့်​ပြော​လျက်​ရှိ​သော တံ​ပိုး​ခ​ရာ​သံ​ကဲ့​သို့ မြည်​လေ၏။- 2ထို​အ​ခါ ဝိ​ညာဉ်​တော်​ကို ငါ​သည်​ချက်​ချင်း​ခံ​ရ၍၊ ကောင်း​ကင်​ဘုံ၌ ပ​လ္လင်​တစ်​ခု​တည်​လျက်​ရှိ၏။ ပ​လ္လင်​ပေါ်​မှာ ထိုင်​သော​သူ​လည်း​ရှိ၏။-#ယေ​ဇ၊ ၁:၂၆-၂၈။ ၁၀:၁။ 3ထို​သူ၏ အ​ဆင်း​အ​ရောင်​သည် န​ဂါး​သွဲ့​ကျောက်၊ ပ​တ္တ​မြား​ကျောက်​နှင့် တူ၏။ ပ​လ္လင်၏​ပတ်​ဝန်း​ကျင်၌​ကား၊ မြ​ကျောက် အ​ဆင်း​အ​ရောင်​နှင့်​တူ​သော သက်​တံ​ရှိ၏။- 4ထို​ပ​လ္လင်၏ ပတ်​ဝန်း​ကျင်၌ အ​ခြား​သော​ပ​လ္လင် နှစ်​ဆယ်​လေး​ပ​လ္လင်​ရှိ၏။ ထို​ပ​လ္လင်​တို့​အ​ပေါ်၌ အ​သက်​ကြီး​သူ​နှစ်​ဆယ်​လေး​ပါး​တို့​သည် ဖြူ​သော​အ​ဝတ်​ကို ဝတ်​ဆင်​လျက်၊ ခေါင်း​ပေါ်၌ ရွှေ​သ​ရ​ဖူ​ကို ဆောင်း​လျက် ထိုင်​နေ​ကြ၏။- 5ပ​လ္လင်​တော်​ထဲ​က လျှပ်​စစ်​ပြက်၏။ စ​ကား​ပြော​သံ၊ မိုး​ကြိုး​သံ​လည်း မြည်၏။ ပ​လ္လင်​တော်​ရှေ့၌ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​ခု​နစ်​ပါး​တည်း​ဟူ​သော မီး​ခွက်​ခု​နစ်​လုံး​တို့​သည် ထွန်း​လျက်​ရှိ​ကြ၏။-#ထွ၊ ၁၉:၁၆။ ဗျာ၊ ၈:၅။ ၁၁:၁၉၊ ၁၆:၁၈။ ယေ​ဇ၊ ၁:၁၃။ ဗျာ၊ ၁:၄။ ဇာ၊ ၄:၂။
6ပ​လ္လင်​တော်​ရှေ့၌​လည်း၊ ကျောက်​သ​လင်း​နှင့် တူ​သော ဖန်​ရေ​ကန်​ရှိ၏။ ပ​လ္လင်​တော်၏ အ​တွင်း၌​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​လည်း​ကောင်း၊ မျက်​စိ​နှင့် တစ်​ကိုယ်​လုံး​ပြည့်​သော သ​တ္တ​ဝါ​လေး​ပါး​ရှိ၏။-#ယေ​ဇ၊ ၁:၂၂၊ ၅-၁၀၊ ၁၀:၁၄။ 7ပ​ထ​မ​သ​တ္တ​ဝါ​သည် ခြင်္သေ့​နှင့်​တူ၏။ ဒု​တိ​ယ သ​တ္တ​ဝါ​သည် နွား​သ​ငယ်​နှင့်​တူ၏။ တ​တိ​ယ​သ​တ္တ​ဝါ​သည် လူ​မျက်​နှာ​ရှိ၏။ စ​တု​တ္ထ​သ​တ္တ​ဝါ​သည် ပျံ​လျက်​ရှိ​သော ရွှေ​လင်း​တ​နှင့်​တူ၏။- 8ထို​သ​တ္တ​ဝါ​လေး​ပါး​တို့၏ ကိုယ်​ပတ်​ဝန်း​ကျင်၌၊ တစ်​ပါး​တစ်​ပါး​လျှင် အ​တောင်​ခြောက်​ခု​စီ​ရှိ၍၊ အ​တွင်း၌ မျက်​စိ​နှင့်​ပြည့်​ကြ၏။ သူ​တို့​က​လည်း၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​တော်​မူ၏၊ သန့်​ရှင်း​တော်​မူ၏၊ သန့်​ရှင်း​တော်​မူ၏​ဟု နေ့​ည​မ​ပြတ် ငြိမ်၍​မ​နေ​ဘဲ ပြော​ဆို​ကြ၏။-#ယေ​ဇ၊ ၁:၁၈၊ ၁၀:၁၂။ ဟေ​ရှာ၊ ၆:၂-၃။ 9ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်၍ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော​သူ၏ ဘုန်း​အ​သ​ရေ၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ထို​သ​တ္တ​ဝါ​တို့​သည် ချီး​မွမ်း​ကြ​သော​အ​ခါ၊- 10အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​တို့​သည် ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​ရှေ့၌ ပျပ်​ဝပ်​လျက်၊ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော သူ​ကို ကိုး​ကွယ်​လျက်၊- 11အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ ထို​အ​ရာ​တို့​သည် အ​လို​တော်​ကြောင့်​ဖြစ်၍ ဖန်​ဆင်း​လျက်​ရှိ​ကြ​ပါ၏။ ထို​ကြောင့်၊ ကိုယ်​တော်​သည် ဘုန်း​အ​သ​ရေ တန်​ခိုး​တော်​ကို ခံ​စား​ထိုက်​တော်​မူ၏​ဟု လျှောက်​ဆို၍၊ ပ​လ္လင်​တော်​ရှေ့၌ မိ​မိ​တို့​သ​ရ​ဖူ​များ​ကို ချ​ထား​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ် 4: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။