YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 3

3
သာ​ဒိ​အ​သင်း​တော်​သို့
1သာ​ဒိ​မြို့၌​ရှိ​သော အ​သင်း​တော်၏​တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​ခု​နစ်​ပါး​နှင့် ကြယ်​ခု​နစ်​လုံး​ရှိ​သော​သူ၏ အ​မိန့်​တော်​ကား၊ သင်၏​အ​ကျင့်​ကို ငါ​သိ၏။ သင်​သည် အ​သက်​ရှင်​ဟန်​ရှိ​သော်​လည်း သေ​လျက်​နေ​သည်​ကို ငါ​သိ၏။- 2မ​အိပ်​ဘဲ စောင့်၍​နေ​လော့။ ကျန်​ရစ်၍ သေ​လု​သော​အ​ရာ​တို့​ကို ပြု​စု​လော့။ သင်၏​အ​ကျင့်​သည် ငါ၏​ဘု​ရား​သ​ခင်​ရှေ့၌ မ​စုံ​မ​လင်​ရှိ​သည်​ကို ငါ​တွေ့​ပြီ။- 3ထို​ကြောင့်၊ သင်​သည်​ခံ​ယူ၍ နား​ထောင်​ပြီး​သည်​အ​ရာ​ကို အောက်​မေ့၍ စောင့်​ရှောက်​လော့။ နောင်​တ​ရ​လော့။ စောင့်၍ မ​နေ​လျှင် သူ​ခိုး​ကဲ့​သို့ သင်​ရှိ​ရာ​သို့ ငါ​လာ​မည်။ လာ​မည့်​အ​ချိန်​နာ​ရီ​ကို​လည်း သင်​မ​သိ​ရ။-#မ၊ ၂၄:၄၃-၄၄။ လု၊ ၁၂:၃၉-၄၀။ ဗျာ၊ ၁၆:၁၅။ 4သို့​သော်​လည်း၊ သာ​ဒိ​မြို့၌​ပင် သင်​တို့​တွင် ကိုယ်​အ​ဝတ်​ကို မ​ညစ်​ညူး​စေ​သော​သူ နည်း​နည်း​ရှိ​သေး၏။ ထို​သူ​တို့​သည် ထိုက်​တန်​သော​သူ​ဖြစ်၍၊ အ​ဖြူ​ဝတ်​လျက် ငါ​နှင့်​အ​တူ သွား​လာ​ကြ​လိမ့်​မည်။ အောင်​မြင်​သော​သူ​သည် ဖြူ​သော​အ​ဝတ်​ကို ဝတ်​ဆင်​လိမ့်​မည်။- 5ထို​သူ၏​နာ​မ​ကို အ​သက်​စာ​စောင်​မှ ငါ​သည် အ​လျှင်း​မ​ချေ။ ငါ့​ခ​မည်း​တော်​ရှေ့၌​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​တော်​တို့ ရှေ့၌​လည်း​ကောင်း သူ၏​နာ​မ​ကို ငါ​ဝန်​ခံ​မည်။-#ထွ၊ ၃၂:၃၂-၃၃။ ဆာ၊ ၆၉:၂၈။ ဗျာ၊ ၂၀:၁၂။ မ၊ ၁၀:၃၂။ လု၊ ၁၂:၈။ 6ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။
ဖိ​လ​ဒေ​လ​ဖိ​အ​သင်း​တော်​သို့
7ဖိ​လ​ဒေ​လ​ဖိ​မြို့၌​ရှိ​သော အ​သင်း​တော်၏​တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ သန့်​ရှင်း​သော​သူ၊ ဟုတ်​မှန်​သော​သူ၊ ဒါ​ဝိဒ်​မင်း၏​တံ​ခါး​သော့​ကို ကိုင်​သော​သူ၊ အ​ဘယ်​သူ​မျှ မ​ပိတ်​နိုင်​အောင် ဖွင့်၍၊ အ​ဘယ်​သူ​မျှ မ​ဖွင့်​နိုင်​အောင် ပိတ်​သော​သူ၏ အ​မိန့်​တော်​ကား။-#ဟေ​ရှာ၊ ၂၂:၂၂။ ယော​ဘ၊ ၁၂:၁၄။ 8သင်၏​အ​ကျင့်​ကို ငါ​သိ၏။ အ​ဘယ်​သူ​မျှ မ​ပိတ်​နိုင်​သော​တံ​ခါး​ကို သင့်​ရှေ့၌​ငါ​ဖွင့်​ထား​ပြီ၊ အ​ကြောင်း​မူ​ကား၊ သင်​သည် အ​နည်း​ငယ်​သော​ခွန်​အား​ရှိ​သည်​နှင့်၊ ငါ၏​နှုတ်​က​ပတ်​ကို စောင့်​ရှောက်​ခဲ့​ပြီ။- 9ငါ၏​နာ​မ​ကို​လည်း မ​စွန့်​မ​ပယ်။ ယု​ဒ​လူ ဖြစ်​ယောင်​ဆောင်၍ အ​မှန်​မ​ဟုတ်​ဘဲ၊ မု​သား​စ​ကား​ကို ပြော​သော​သူ​တည်း​ဟူ​သော၊ စာ​တန်၏ အ​ပေါင်း​အ​သင်း​ဝင်​သူ အ​ချို့​တို့​ကို သင်၌​ငါ​အပ်​ပေး​မည်။ သူ​တို့​သည်​လာ၍ သင်၏​ခြေ​ရင်း၌ ပျပ်​ဝပ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို​ချစ်​သည်​ဟု သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ပြု​မည်။-#ဟေ​ရှာ၊ ၄၉:၂၃၊ ၆၀:၁၄၊ ၄၃:၄။ 10သင်​သည် ငါ၏​သည်း​ခံ​ခြင်း​နှင့်​စပ်​ဆိုင်​သော နှုတ်​က​ပတ်​တ​ရား​ကို စောင့်​ရှောက်​သော​ကြောင့်၊ မြေ​ကြီး​အ​ပေါ်၌ နေ​သော​သူ​တို့​ကို စုံ​စမ်း​စေ​ခြင်း​ငှာ၊ လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ်​တို့​ကို နှံ့​ပြား​လ​တ္တံ့​သော စုံ​စမ်း​ရာ ကာ​လ​တွင်၊ သင့်​ကို ငါ​စောင့်​ရှောက်​မည်။- 11ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ သင်၏ သ​ရ​ဖူ​ကို အ​ဘယ်​သူ​မျှ​မ​ယူ​စေ​ခြင်း​ငှာ၊ ရ​ခဲ့​ပြီး​သော​အ​ရာ​ကို စွဲ​ကိုင်​လော့။- 12အ​ကြင်​သူ​သည် အောင်​မြင်၏။ ထို​သူ​ကို ငါ​သည် ငါ၏​ဘု​ရား​သ​ခင့်​ဗိ​မာန်​တော်၌ တိုင်​ဖြစ်​စေ​မည်။ နောက်​တစ်​ဖန် သူ​သည် ပြင်​သို့​မ​ရွေ့​ရ။ ငါ၏ ဘု​ရား​သ​ခင့် နာ​မ​တော်​ကို​လည်း​ကောင်း၊ ငါ၏​ဘု​ရား​သ​ခင့်​အ​ထံ​တော် မှ​ထွက်၍၊ ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​သော ယေ​ရှု​ရှ​လင်​မြို့​သစ်​တည်း​ဟူ​သော၊ ငါ၏​ဘု​ရား​သ​ခင့်​မြို့​တော်၏ နာ​မ​ကို​လည်း​ကောင်း၊ ငါ၏ နာ​မ​သစ်​ကို​လည်း​ကောင်း၊ ထို​သူ​အ​ပေါ်၌ ငါ​သည် အ​က္ခ​ရာ​တင်​မည်။-#ဗျာ၊ ၂၁:၁။ ဟေ​ရှာ၊ ၆၂:၂၊ ၆၅:၁၅။ 13ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။
လော​ဒိ​ကိ​အ​သင်း​တော်​သို့
14လော​ဒိ​ကိ​မြို့၌​ရှိ​သော အ​သင်း​တော်၏​တ​မန်​ကို ဤ​သို့ ရေး၍ မှာ​လိုက်​လော့။ ဘု​ရား​သ​ခင်၏ ဝေ​နေ​ယျ​သ​တ္တ​ဝါ​တို့​အ​ထွတ်၊ သ​စ္စာ​ရှိ၍ ဟုတ်​မှန်​သော သက်​သေ​ခံ၊ အာ​မင်၏ အ​မိန့်​တော်​ကား၊- 15သင်၏​အ​ကျင့်​ကို ငါ​သိ၏။ သင်​သည် အ​ဧ​မ​ဟုတ်၊ အ​ပူ​မ​ဟုတ်​သည်​ကို ငါ​သိ၏။ ဧ​ခြင်း​ဖြစ်​စေ၊ ပူ​ခြင်း​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ငါ​အ​လို​ရှိ၏။- 16ထို​သို့ အ​ဧ​မ​ဟုတ်၊ အ​ပူ​မ​ဟုတ်၊ နွေး​ရုံ​ရှိ​သော​ကြောင့် ငါ၏​ခံ​တွင်း​သည် သင့်​ကို​ထွေး​လု​ပြီ။- 17သင်​က​လည်း၊ ငါ​သည် ဥ​စ္စာ​ရ​တတ်၏။ ဘ​ဏ္ဍာ​များ​ကို ဆည်း​ပူး​ပြီ။ တစ်​စုံ​တစ်​ခု​ကို​မျှ​မ​လို​ဟု​ပြော​ဆို၍ ကိုယ်​တိုင်​ပင်​ပန်း​ခြင်း၊ သ​နား​ဖွယ်​ဖြစ်​ခြင်း၊ ဆင်း​ရဲ​ခြင်း၊ မျက်​စိ​ကန်း​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း ဖြစ်​သည်​ကို မ​သိ​ပါ​တ​ကား။- 18သင်​သည် ဥ​စ္စာ​ရ​တတ်​ခြင်း​ငှာ၊ မီး​နှင့်​ချွတ်​ပြီး​သော ရွှေ​ကို​လည်း​ကောင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ၍၊ သူ​တစ်​ပါး ရှေ့​တွင် မ​ရှက်​စေ​ခြင်း​ငှာ ခြုံ​စ​ရာ​ဖို့၊ ဖြူ​သော​အ​ဝတ်​ကို​လည်း​ကောင်း ငါ့​ထံ​မှာ​ဝယ်​လော့။ သင်၏​မျက်​စိ​မြင်​စေ​ခြင်း​ငှာ၊ မျက်​စိ၌ မျက်​စဉ်း​ခတ်​လော့​ဟု သင့်​အား​ငါ​သည် အ​ကြံ​ပေး၏။- 19ငါ​ချစ်​သ​မျှ​သော သူ​တို့၏​အ​ပြစ်​ကို ငါ​စစ်​ဆေး၍ သူ​တို့​ကို​ဆုံး​မ​တတ်၏။ ထို​ကြောင့် ကိုယ်​စိတ်​ကို ကိုယ်​နှိုး​ဆော်​လော့။ နောင်​တ​ရ​လော့။-#သု၊ ၃:၁၂။ ဟေ​ဗြဲ၊ ၁၂:၆။ 20ငါ​သည် တံ​ခါး​ရှေ့​မှာ​ရပ်၍ ခေါက်​လျက်​နေ၏။ အ​ကြင်​သူ​သည် ငါ၏​အ​သံ​ကို ကြား၍​တံ​ခါး​ကို​ဖွင့်​အံ့၊ ထို​သူ​ရှိ​ရာ​သို့​ငါ​ဝင်၍ သူ​နှင့်​အ​တူ စား​သောက်​မည်။ သူ​သည်​လည်း ငါ​နှင့်​အ​တူ စား​သောက်​ရ​လိမ့်​မည်။- 21ငါ​သည်​အောင်​မြင်၍ ငါ့​ခ​မည်း​တော်၏ ပ​လ္လင်​တော်​ပေါ်​မှာ ခ​မည်း​တော်​နှင့်​အ​တူ ထိုင်​နေ​သ​ကဲ့​သို့၊ အောင်​မြင်​သော​သူ​သည် ငါ၏​ပ​လ္လင်​ပေါ်​မှာ ငါ​နှင့်​အ​တူ ထိုင်​နေ​ရ​သော​အ​ခွင့်​ကို ငါ​ပေး​မည်။- 22ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ် 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။