YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 3:14-20

ဗျာဒိတ် 3:14-20 JBMLE

လော​ဒိ​ကိ​မြို့၌​ရှိ​သော အ​သင်း​တော်၏​တ​မန်​ကို ဤ​သို့ ရေး၍ မှာ​လိုက်​လော့။ ဘု​ရား​သ​ခင်၏ ဝေ​နေ​ယျ​သ​တ္တ​ဝါ​တို့​အ​ထွတ်၊ သ​စ္စာ​ရှိ၍ ဟုတ်​မှန်​သော သက်​သေ​ခံ၊ အာ​မင်၏ အ​မိန့်​တော်​ကား၊- သင်၏​အ​ကျင့်​ကို ငါ​သိ၏။ သင်​သည် အ​ဧ​မ​ဟုတ်၊ အ​ပူ​မ​ဟုတ်​သည်​ကို ငါ​သိ၏။ ဧ​ခြင်း​ဖြစ်​စေ၊ ပူ​ခြင်း​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ငါ​အ​လို​ရှိ၏။- ထို​သို့ အ​ဧ​မ​ဟုတ်၊ အ​ပူ​မ​ဟုတ်၊ နွေး​ရုံ​ရှိ​သော​ကြောင့် ငါ၏​ခံ​တွင်း​သည် သင့်​ကို​ထွေး​လု​ပြီ။- သင်​က​လည်း၊ ငါ​သည် ဥ​စ္စာ​ရ​တတ်၏။ ဘ​ဏ္ဍာ​များ​ကို ဆည်း​ပူး​ပြီ။ တစ်​စုံ​တစ်​ခု​ကို​မျှ​မ​လို​ဟု​ပြော​ဆို၍ ကိုယ်​တိုင်​ပင်​ပန်း​ခြင်း၊ သ​နား​ဖွယ်​ဖြစ်​ခြင်း၊ ဆင်း​ရဲ​ခြင်း၊ မျက်​စိ​ကန်း​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း ဖြစ်​သည်​ကို မ​သိ​ပါ​တ​ကား။- သင်​သည် ဥ​စ္စာ​ရ​တတ်​ခြင်း​ငှာ၊ မီး​နှင့်​ချွတ်​ပြီး​သော ရွှေ​ကို​လည်း​ကောင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ၍၊ သူ​တစ်​ပါး ရှေ့​တွင် မ​ရှက်​စေ​ခြင်း​ငှာ ခြုံ​စ​ရာ​ဖို့၊ ဖြူ​သော​အ​ဝတ်​ကို​လည်း​ကောင်း ငါ့​ထံ​မှာ​ဝယ်​လော့။ သင်၏​မျက်​စိ​မြင်​စေ​ခြင်း​ငှာ၊ မျက်​စိ၌ မျက်​စဉ်း​ခတ်​လော့​ဟု သင့်​အား​ငါ​သည် အ​ကြံ​ပေး၏။- ငါ​ချစ်​သ​မျှ​သော သူ​တို့၏​အ​ပြစ်​ကို ငါ​စစ်​ဆေး၍ သူ​တို့​ကို​ဆုံး​မ​တတ်၏။ ထို​ကြောင့် ကိုယ်​စိတ်​ကို ကိုယ်​နှိုး​ဆော်​လော့။ နောင်​တ​ရ​လော့။- ငါ​သည် တံ​ခါး​ရှေ့​မှာ​ရပ်၍ ခေါက်​လျက်​နေ၏။ အ​ကြင်​သူ​သည် ငါ၏​အ​သံ​ကို ကြား၍​တံ​ခါး​ကို​ဖွင့်​အံ့၊ ထို​သူ​ရှိ​ရာ​သို့​ငါ​ဝင်၍ သူ​နှင့်​အ​တူ စား​သောက်​မည်။ သူ​သည်​လည်း ငါ​နှင့်​အ​တူ စား​သောက်​ရ​လိမ့်​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။