YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 8

8
ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​နှင့်လူ​၏​ဂုဏ်​ဒြပ်
1အို​အ​ကျွန်ုပ်​တို့၏ ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ နာ​မ​တော်​သည် မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​လွန်​ကြီး​မြတ်​တော်​မူ၏။ ဘုန်း​အာ​နု​ဘော်​တော်​သည် မိုး​ကောင်း​ကင်​ပေါ်​မှာ တည်​လျက်​ရှိ​ပါ၏။ 2ကိုယ်​တော်၏​ရန်​သူ​တို့​ကို ရည်​ဆောင်၍ ရန်​သူ​ကို​လည်း​ကောင်း၊ အ​ငြိုး​ထား​သော​သူ​ကို​လည်း​ကောင်း၊ တိတ်​ဆိတ်​စွာ​နေ​စေ​ခြင်း​ငှာ၊ နို့​စို့​သူ​ငယ်​တို့၏​နှုတ်​ထဲ​မှ အ​စွမ်း​သ​တ္တိ​ကို စီ​ရင်​တော်​မူ၏။#မ၊ ၂၁:၁၆။ 3လက်​ညှိုး​တော်​အ​လုပ်​တည်း​ဟူ​သော ကိုယ်​တော်၏​မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ ပြင်​ဆင်​တော်​မူ​သော​လ​နှင့် ကြယ်​များ​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​ဆင်​ခြင်​သော်၊ 4လူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍၊ ကိုယ်​တော်​သည် အောက်​မေ့​တော်​မူ​ရ​သ​နည်း။ လူ​သား​သည် အ​ဘယ်​သို့​သော သူ​ဖြစ်၍ အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​ရ​သ​နည်း။ သူ့​ကို ကောင်း​ကင်​တ​မန်​တို့​အောက်၌ အ​နည်း​ငယ်​နှိမ့်​တော်​မူ​ပြီ။#ယောဘ၊ ၇:၁၇-၁၈၊ ဆာ၊ ၁၄၄:၃၊ ဟေဗြဲ၊ ၂:၆-၈။ 5သူ၏​ခေါင်း​ကို ဘုန်း​အ​သ​ရေ​နှင့် ပတ်​ရစ်​တော်​မူ​ပြီ။ 6ဖန်​ဆင်း​တော်​မူ​သော အ​ရာ​များ​ကို​အုပ်​စိုး​စေ၍၊ သိုး​နွား​အ​စ​ရှိ​သော မြေ​တိ​ရ​စ္ဆာန် မိုး​ကောင်း​ကင်​ငှက်၊#၁ ကော၊ ၁၅:၂၇၊ ဧ၊ ၁:၂၂၊ ဟေဗြဲ၊ ၂:၈။ 7-8ပင်​လယ်​ငါး​နှင့် ပင်​လယ်​လမ်း၌​သွား​တတ်​သော​တိ​ရ​စ္ဆာန်​မှ​စ၍၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သူ၏​ခြေ​အောက်၌ ချ​ထား​တော်​မူ​ပြီ။ 9အို​အ​ကျွန်ုပ်​တို့၏ ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​နာ​မ​သည် မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​လွန်​ကြီး​မြတ်​တော်​မူ​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 8: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။