YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 43

43
ဆင်း​ရဲ​ခံ​ရ​ချိန်​ဆု​တောင်း
(ဆာ၊ ၄၂ ၏​အ​ဆက်)
1အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​မှု၌ တ​ရား​ဆုံး​ဖြတ်​တော်​မူ​ပါ။ က​ရု​ဏာ​မ​ရှိ​သော လူ​မျိုး​တစ်​ဖက်​က​နေ၍ အ​ကျွန်ုပ်​အ​မှု​ကို စောင့်​တော်​မူ​ပါ။ သ​စ္စာ​မ​ရှိ၊ မ​တ​ရား​သော​သူ၏​လက်​မှ အ​ကျွန်ုပ်​ကို ကယ်​လွှတ်​တော်​မူ​ပါ။ 2ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ ဘု​ရား​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​ကို​အ​ဘယ်​ကြောင့် စွန့်​ပစ်​တော်​မူ​သ​နည်း။ ရန်​သူ​ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​ခံ​ရ၍၊ အ​ကျွန်ုပ်​သည် ကြမ်း​တမ်း​သော​အ​ဝတ်​ကို ဝတ်​လျက် အ​ဘယ်​ကြောင့် နေ​ရ​ပါ​သ​နည်း။ 3အ​လင်း​တော်​နှင့် သ​စ္စာ​တော်​ကို စေ​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည်​လမ်း​ပြ၍ သန့်​ရှင်း​သော တောင်​တော်​သို့​လည်း​ကောင်း၊ တဲ​တော်​သို့​လည်း​ကောင်း အ​ကျွန်ုပ်​ကို ပို့​ဆောင်​ပါ​စေ​သော။ 4သို့​ပြု​လျှင် ဘု​ရား​သ​ခင်၏ ယဇ်​ပ​လ္လင်​သို့​လည်း​ကောင်း၊ အ​ကျွန်ုပ်​ဝမ်း​မြောက်​ရွှင်​လန်း​ရာ ဘု​ရား​သ​ခင်​ထံ​တော်​သို့​လည်း​ကောင်း အ​ကျွန်ုပ်​သည် ရောက်​လာ၍၊ ကိုယ်​တော်​ကို စောင်း​တီး​လျက် ချီး​မွမ်း​ထော​မ​နာ ပြု​ပါ​မည်​ဘု​ရား၊ အ​ကျွန်ုပ်​၏​ဘု​ရား။ 5အို​ငါ့​ဝိ​ညာဉ်၊ သင်​သည်​အ​ဘယ်​ကြောင့် ညှိုး​ငယ်​သ​နည်း။ ငါ့​အ​ထဲ​မှာ အ​ဘယ်​ကြောင့် မ​ငြိမ်​မ​ဝပ်​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​ကို မျှော်​လင့်​လျက်​နေ​လော့။ ငါ့​ကို​ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ ငါ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း​ထော​မ​နာ ပြု​ရ​လေ​အံ့​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 43: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။