YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 37

37
သည်း​ခံ​လျက်​ယုံ​ကြည်​ကိုး​စား​ရန်
1လူ​ဆိုး​တို့​အ​ကြောင်း​ကြောင့် စိတ်​မ​ပူ​နှင့်။ မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​တို့​ကို မ​ငြူ​စူ​နှင့်။ 2အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် မ​ကြာ​မ​မြင့်​မီ မြက်​ပင်​ကဲ့​သို့ ရိတ်​ခြင်း​ကို​ခံ​ရ၍၊ စိမ်း​သော​ပျိုး​ပင်​ညှိုး​နွမ်း​သ​ကဲ့​သို့ ဖြစ်​ရ​လိမ့်​မည်။ 3ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ၍၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​လော့။ ပြည်​တော်၌​နေ၍၊ သ​စ္စာ​တ​ရား​ကို ကျက်​စား​လော့။ 4ထာ​ဝ​ရ​ဘု​ရား၌ မွေ့​လျော်​ခြင်း​ရှိ​လော့။ သို့​ပြု​လျှင်၊ စိတ်​နှ​လုံး​အ​လို ပြည့်​စုံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​မည်။ 5ကိုယ်​အ​မှု​အ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား၌ အပ်​လော့။ ကိုယ်​တော်​ကို ကိုး​စား​လော့။ သို့​ပြု​လျှင် စီ​ရင်​တော်​မူ​မည်။ 6သင်၏ ဖြောင့်​မတ်​ခြင်း​အ​ကြောင်း​ကို အ​လင်း​ကဲ့​သို့​လည်း​ကောင်း၊ တ​ရား​သ​ဖြင့်​ပြု​ခြင်း​အ​ရာ​ကို မွန်း​တည့်​ရောင်​ခြည် ကဲ့​သို့​လည်း​ကောင်း၊ ဖော်​ပြ​တော်​မူ​မည်။ 7ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ၍၊ ကိုယ်​တော်​ကို​ငံ့​လင့်​လော့။ မိ​မိ​အ​မှု၌ အောင်​တတ်​သော​သူ၊ မ​ကောင်း​သော​အ​ကြံ​အ​စည်​တို့​ကို ပြီး​စေ​သော​သူ၏​အ​ကြောင်း​ကြောင့် စိတ်​မ​ပူ​နှင့်။ 8အ​မျက်​မ​ထွက်​စေ​နှင့်။ ဒေါ​သ​စိတ်​ကို စွန့်​ပယ်​လော့။ ပြစ်​မှား​စေ​ခြင်း​ငှာ တိုက်​တွန်း​တတ်​သော​စိတ် မ​ရှိ​စေ​နှင့်။ 9ပြစ်​မှား​သော​သူ​တို့​သည် ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ ပြည်​တော်​ကို အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်။ 10ခ​ဏ​ကြာ​ပြီး​မှ၊ မ​တ​ရား​သော​သူ​သည် မ​ရှိ​ရ။ သူ၏​နေ​ရာ​ကို စေ့​စေ့​ရှာ၍​မ​တွေ့​ရ။ 11စိတ်​နှိမ့်​ချ​သော​သူ​တို့​မူ​ကား၊ ပြည်​တော်​ကို​အ​မွေ​ခံ၍၊ များ​ပြား​သော​ငြိမ်​သက်​ခြင်း၌ မွေ့​လျော်​ကြ​လိမ့်​မည်။#မ၊ ၅:၅။ 12မ​တ​ရား​သော​သူ​သည် ဖြောင့်​မတ်​သော​သူ​တစ်​ဖက်၌ ကြံ​စည်၍ အံ​သွား​ခဲ​ကြိတ်​တတ်၏။ 13သို့​သော်​လည်း သူ၏​နေ့​ရက်​အ​ချိန်​ရောက်​မည်​ကို ဘု​ရား​ရှင်​သိ​မြင်၍၊ သူ့​ကို​ပြုံး​ရယ်​တော်​မူ၏။ 14မ​တ​ရား​သော​သူ​တို့​သည် ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့​ကို လှဲ​ချ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖြောင့်​မတ်​စွာ​ကျင့်​သော​သူ​တို့​ကို သတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ဓား​ကို​ထုတ်​လျက်၊ လေး​ကို​တင်​လျက် နေ​တတ်​ကြ၏။ 15သို့​သော်​လည်း၊ သူ​တို့​ဓား​သည် သူ​တို့​နှ​လုံး​ထဲ​သို့ ဝင်​လိမ့်​မည်။ သူ​တို့​လေး​တို့​သည်​လည်း ကျိုး​ကြ​လိမ့်​မည်။
16ဖြောင့်​မတ်​သော​သူ၌ နည်း​သော​ဥ​စ္စာ​သည် မ​တ​ရား​သော​သူ​ကြီး​တို့၌ ကြွယ်​ဝ​သော​ဥ​စ္စာ​ထက် သာ၍​ကျေး​ဇူး​ရှိ၏။ 17အ​ကြောင်း​မူ​ကား၊ မ​တ​ရား​သော​သူ၏​လက်​ရုံး​သည် ကျိုး​ရ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား မ​စ​တော်​မူ၏။ 18ဖြောင့်​မတ်​သော​သူ​တို့၏​နေ့​ရက်​ကာ​လ​ကို ထာ​ဝ​ရ​ဘု​ရား သိ​မှတ်​တော်​မူ၍၊ သူ​တို့၏​အ​မွေ​ဥ​စ္စာ​သည် အ​စဉ်​အ​မြဲ တည်​လိမ့်​မည်။ 19သူ​တို့​သည် ခဲ​ယဉ်း​သော​ကာ​လ၌ မျက်​နှာ​မ​ပျက်၊ အ​စာ​ခေါင်း​ပါး​သည်​ကာ​လ၌ ဝ​စွာ​စား​ရ​ကြ၏။ 20မ​တ​ရား​သော​သူ​တို့​မူ​ကား၊ ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​ရန်​သူ​တို့​သည် ကျက်​စား​ရာ​အ​ရပ်၏ အ​သ​ရေ​ကဲ့​သို့​ဆုံး၍၊ မီး​ခိုး​ဖြစ်​လျက် ကွယ်​ပျောက်​ကြ​လိမ့်​မည်။ 21မ​တ​ရား​သော​သူ​သည်​ချေး​ငှား၍ မ​ဆပ်​ဘဲ​နေ​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သ​နား​သော​စိတ်​ရှိ၍ ပေး​တတ်၏။ 22ကောင်း​ချီး​ပေး​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​သည် ပြည်​တော်​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။ ကျိန်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​မူ​ကား၊ ပယ်​ရှင်း​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။ 23ကောင်း​သော​သူ၏​ခြေ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ပဲ့​ပြင်၍၊ သူ​သွား​ရာ​လမ်း​ကို နှစ်​သက်​တော်​မူ၏။ 24ထို​သူ​သည် လဲ​သော်​လည်း ဆုံး​ရာ​သို့​မ​ရောက်​ရ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ၏​လက်​ကို ကိုင်​မ​တော်​မူ၏။ 25ဖြောင့်​မတ်​သော​သူ​သည် စွန့်​ပစ်​ခြင်း​ကို​ခံ​ရ​သည်​အ​ကြောင်း၊ သူ၏​သား​မြေး​တို့​သည် တောင်း၍​စား​ရ​သည်​အ​ကြောင်း​ကို ငါ​သည် အ​သက်​ပျို​သည်​ကာ​လ​မှ​စ၍ အို​သည်​တိုင်​အောင် မ​မြင်​စ​ဖူး။ 26သူ​သည် အ​စဉ်​သ​နား​သော​စိတ်​ရှိ​သည်​နှင့်၊ သူ​တစ်​ပါး​တို့​အား ချေး​ငှား​တတ်​သည်​ဖြစ်၍၊ သူ၏​သား​မြေး​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ကြ၏။
27ဒု​စ​ရိုက်​ကို​လွှဲ​ရှောင်၍ သု​စ​ရိုက်​ကို ပြု​လော့။ သို့​ပြု​လျှင် အ​စဉ်​အ​မြဲ​နေ​ရ​လိမ့်​မည်။ 28ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​ကို​နှစ်​သက်​တော်​မူ၏။ မိ​မိ​သန့်​ရှင်း​သူ​တို့​ကို​လည်း စွန့်​တော်​မ​မူ။ သူ​တို့​သည် စောင့်​မ​တော်​မူ​ခြင်း​ကို အ​စဉ်​အ​မြဲ​ခံ​ရ​ကြ​လိမ့်​မည်။ မ​တ​ရား​သော​သူ၏​သား​မြေး​တို့​မူ​ကား၊ ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ 29ဖြောင့်​မတ်​သော​သူ​တို့​သည် ပြည်​တော်​ကို အ​မွေ​ခံ၍ အ​စဉ်​အ​မြဲ​နေ​ရ​ကြ​လိမ့်​မည်။ 30ဖြောင့်​မတ်​သော​သူ၏​နှုတ်​သည် ပ​ညာ​ကို​မြွက်​ဆို​တတ်၏။ သူ၏​လျှာ​သည်​လည်း တ​ရား​သော​စ​ကား​ကို ပြော​ဆို​တတ်၏။ 31ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​သည် သူ၏​စိတ်​နှ​လုံး​ထဲ​မှာ တည်​သည်​ဖြစ်၍၊ သူ​သွား​သော​အ​ခါ မ​ချော်​မ​လဲ​ရ။ 32မ​တ​ရား​သော​သူ​သည် ဖြောင့်​မတ်​သော​သူ​ကို ချောင်း​မြောင်း၍ သတ်​ခြင်း​ငှာ ရှာ​ကြံ​တတ်၏။ 33သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ၏​လက်၌ ဖြောင့်​မတ်​သော​သူ​ကို စွန့်​ပစ်​တော်​မူ​မည် မ​ဟုတ်။ အ​စစ်​ခံ​ရ​သော​အ​ခါ အ​ပြစ်​စီ​ရင်​တော်​မူ​မည် မ​ဟုတ်။ 34ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်၍၊ လမ်း​တော်​ကို လျှောက်​သွား​လော့။ ပြည်​တော်​ကို အ​မွေ​ခံ​ရ​သော​အ​ခွင့်​နှင့် ချီး​မြှောက်​တော်​မူ​မည်။ မ​တ​ရား​သော​သူ​တို့ ဆုံး​ရှုံး​ခြင်း​ကို သင်​သည် ကြည့်​မြင်​ရ​လိမ့်​မည်။ 35မ​တ​ရား​သော​သူ​သည် အ​စိုး​တ​ရ​ပြု၍၊ ပေါက်​ရင်း​အ​ရပ်​မှာ ကြီး​ပွား​သော သစ်​ပင်​လန်း​လန်း​ရှိ​သ​ကဲ့​သို့၊ ကိုယ်​ကို​ကိုယ်​ပြန့်​ပွား​စေ​သည်​ကို ငါ​မြင်​ရ​သော်​လည်း၊ 36နောက်​တစ်​ဖန်​သူ​သည် ရွေ့​သွား၍ ကွယ်​ပျောက်၏။ သူ့​ကို​လည်း ငါ​ရှာ၍​မ​တွေ့​ရ။ 37စုံ​လင်​ခြင်း​တ​ရား​ကို စောင့်​ရှောက်​လော့။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ကြည့်​ရှု​ဆင်​ခြင်​လော့။ ထို​သို့​ပြု​သော​သူ​သည် အ​ဆုံး၌ ငြိမ်​သက်​ခြင်း​ကို ခံ​စား​ရ​လိမ့်​မည်။ 38ပြစ်​မှား​သော​သူ​အ​ပေါင်း​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်၍၊ မ​တ​ရား​သော​သူ​တို့​သည် အ​ဆုံး၌ ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ 39ဖြောင့်​မတ်​သော​သူ​တို့၏ ကယ်​တင်​ခြင်း​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ၏။ ဘေး​ရောက်​သည်​ကာ​လ၌ သူ​တို့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ 40ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​မ​စ​ကယ်​တင်​တော်​မူ​မည်။ ယုံ​ကြည်​ခို​လှုံ​သော​ကြောင့်၊ မ​တ​ရား​သော​သူ​တို့​လက်​မှ နုတ်​ယူ​ကယ်​တင်​တော်​မူ​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 37: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။