လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း။ လောကီရှင်ဘုရင်တို့သည် ထကြ၍၊ မှူးမတ်အရာရှိတို့လည်း၊ ထာဝရဘုရားနှင့် ခရစ်တော်ကိုရန်ဘက်ပြုလျက်၊ သူတို့ချည်နှောင်ခြင်းကို ဖြေကြကုန်အံ့။ ချည်နှောင်သောကြိုးတို့ကို ဖယ်ကြကုန်အံ့ဟု သင်းဖွဲ့ကြ၏။ ကောင်းကင်ဘုံ၌ ထိုင်တော်မူသောသူသည် ပြုံးရယ်၍၊ ထာဝရဘုရားသည် သူတို့ကိုကဲ့ရဲ့တော်မူ၏။ ထိုအခါ အမျက်တော်ထွက်၍၊ သူတို့ကိုမိန့်တော်မူမည်။ ပြင်းစွာသော အမျက်တော်နှင့် သူတို့ကို ပူပန်စေတော်မူမည်။ ငါ၏ရှင်ဘုရင်ကို သန့်ရှင်းသော ဇိအုန်တောင်တော်ပေါ်မှာ၊ ငါ့ကိုယ်တိုင် ဘိသိက်ပေးပြီဟု မိန့်တော်မူမည်။ ဗျာဒိတ်တော်အချက်ကို ငါပြန်ကြားပေအံ့။ ထာဝရဘုရားက သင်သည်ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဖွားစေပြီ။ ငါ့ကိုတောင်းလော့။ လူအမျိုးမျိုးတို့ကို သင်၏အမွေဥစ္စာဖို့ ငါပေးမည်။ မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သော အခွင့်ကိုလည်း ငါပေးမည်။ သင်သည်သူတို့ကို သံလှံတံနှင့်အုပ်စိုး၍၊ မြေအိုးကို ခွဲဖျက်သကဲ့သို့ ခွဲဖျက်လိမ့်မည်ဟု ငါ့အားမိန့်တော်မူပြီ။ သို့ဖြစ်၍ ရှင်ဘုရင်တို့၊ ပညာသတိရှိကြလော့။ လောကီမင်းတို့၊ ဆုံးမခြင်းကို ခံကြလော့။ ကြောက်ရွံ့သောစိတ်နှင့် ထာဝရဘုရား၏အမှုတော်ကိုထမ်းရွက်၍၊ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြလော့။ သားတော်ကို နမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်၍၊ သင်တို့သည် လမ်း၌ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက်တော်သည် ချက်ချင်းထွက်လိမ့်မည်။ သားတော်ကို ကိုးစားသောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။
ဆာလံ 2 ကို ဖတ်ရှုရန်
နားထောင်ရန် ဆာလံ 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 2:1-12
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ