YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 18

18
ဒါ​ဝိဒ်​မင်း​၏​အောင်​ပွဲ​သီ​ချင်း
ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​ဒါ​ဝိဒ်​သည် ရှော​လု​မင်း​မှ​စ၍ ရန်​သူ​အ​ပေါင်း​တို့​လက်​မှ ကယ်​လွှတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မြွက်​ဆို​သော သီ​ချင်း​စ​ကား​ဟူ​မူ​ကား။
(၂​ရာ၊ ၂၂း၁-၅၁)
1အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ခွန်​အား​ဗ​လ​တည်း​ဟူ​သော ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​ပါ၏။ 2ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ကျောက်၊ ငါ၏​မြို့​ရိုး၊ ငါ့​ကို​ကယ်​လွှတ်​သော​သ​ခင်၊ ငါ၏​ဘု​ရား၊ ငါ​ကိုး​စား​သော အ​စွမ်း​သ​တ္တိ၊ ငါ၏​အ​ကွယ်​အ​ကာ၊ ငါ့​ကို​ကယ်​တင်​သော ဦး​ချို၊ ငါ၏​ရဲ​တိုက်​ဖြစ်​တော်​မူ၏။ 3ချီး​မွမ်း​အပ်​သော ထာ​ဝ​ရ​ဘု​ရား​ကို ငါ​တောင်း​လျှောက်၍ ရန်​သူ​တို့​လက်​မှ ကယ်​တင်​ခြင်း​သို့​ရောက်၏။ 4သေ​ခြင်း​ကြိုး​တို့​သည် ငါ့​ကို​ဝိုင်း​မိ၍၊ ဖျက်​ဆီး​တတ်​သော ရေ​စီး​ခြင်း​ကြောင့် ငါ​ကြောက်​လန့်​ရ၏။ 5မ​ရ​ဏ​နိုင်​ငံ၏​ကြိုး​တို့​သည် ဝိုင်း၍၊ သေ​မင်း၏​ကျော့​ကွင်း​သည် ငါ့​ကို​ကျော့​မိ​လျက်​ရှိ၏။ 6ထို​သို့​ငါ​သည် ဆင်း​ရဲ​ငြို​ငြင်​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို​ခေါ်၍၊ ငါ၏​ဘု​ရား​သ​ခင်​ကို အော်​ဟစ်​လေ၏။ ခေါ်​သော​အ​သံ​ကို ဗိ​မာန်​တော်​ထဲ​မှာ​ကြား​တော်​မူ၍၊ အော်​ဟစ်​သော​အ​သံ​သည် နား​တော်​ထဲ​သို့ ဝင်​လေ၏။
7ထို​အ​ခါ အ​မျက်​တော်​ထွက်​သော​အား​ဖြင့် မြေ​ကြီး​တုန်​လှုပ်၍၊ တောင်​အ​မြစ်​တို့​သည် တ​ရွေ့​ရွေ့​လှုပ်​ရှား​ကြ၏။ 8နှာ​ခေါင်း​တော်​ထဲ​က မီး​ခိုး​ထွက်၍၊ နှုတ်​တော်​ထဲ​က မီး​လောင်​သော​အား​ဖြင့်၊ မီး​ခဲ​တောက်​လေ၏။ 9မိုး​ကောင်း​ကင်​ကို​ညွှတ်​သ​ဖြင့် ဆင်း​သက်​တော်​မူ၍၊ ခြေ​ဖ​ဝါး​တော်​အောက်၌ မှောင်​မိုက်​ဖြစ်​လေ၏။ 10ခေ​ရု​ဗိမ်​ကို​စီး​လျက် ပျံ​တော်​မူ၏။ လေ၏​အ​တောင်​တို့​အ​ပေါ်​မှာ လျင်​စွာ ပျံ​တော်​မူ၏။ 11မှောင်​မိုက်​ထဲ​မှာ ပုန်း​ကွယ်​တော်​မူ၍၊ တစ်​ခဲ​နက်​သော​ရေ​နှင့် ထူ​ထပ်​သော မိုး​တိမ်​တို့​သည် ကိုယ်​တော်​ကို ကာ​ရံ​လျက်​ရှိ​ကြ၏။ 12ရှေ့​တော်၌ ရောင်​ခြည်​ကြောင့် တိမ်​ထပ်​တို့​သည် မိုး​သီး​နှင့်​မီး​ခဲ​ပါ​လျက် လွင့်​ကြ၏။ 13ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ကောင်း​ကင်​ပေါ်​မှာ မိုး​ချုန်း၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် အ​သံ​တော်​ကို​လွှင့်​တော်​မူ၏။ 14လေး​မြား​တော်​တို့​ကို​ပစ်၍ လျှပ်​စစ်​ပြက်​စေ​သ​ဖြင့်၊ ရန်​သူ​တို့​ကို အ​ရပ်​ရပ်​သို့​ခွဲ၍ ရှုံး​စေ​တော်​မူ၏။
15ထို​အ​ခါ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ပြစ်​တင်၍ နှာ​ခေါင်း​တော်​ထဲ​က အ​သက်​ရှူ​တော်​မူ​သော​အား​ဖြင့်၊ သ​မု​ဒ္ဒ​ရာ​အောက်​ပြင်​နှင့် လော​က​တိုက်​မြစ်​တို့​သည် ပွင့်​လစ်​ထင်​ပေါ်​လျက်​ရှိ​ကြ၏။ 16ထာ​ဝ​ရ​ဘု​ရား​သည် အ​ထက်​အ​ရပ်​က လက်​တော်​ကို​ဆန့်၍၊ တစ်​ခဲ​နက်​သော​ရေ​ထဲ​က ငါ့​ကို​ဆယ်​ယူ​တော်​မူ၏။ 17ငါ့​ကို​မုန်း​သော​သူ​တည်း​ဟူ​သော ငါ​ပြိုင်၍​မ​နိုင်​နိုင်​အောင် ခွန်​အား​ကြီး​သော​ရန်​သူ​တို့​လက်​မှ ငါ့​ကို​ကယ်​လွှတ်​တော်​မူ၏။ 18ဘေး​ဥ​ပဒ်​ရောက်​သော​ကာ​လ၌ သူ​တို့​သည် ဆီး​တား​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​မှီ​ခို​ရာ​ဖြစ်၍၊ 19ငါ့​ကို​ကျယ်​ဝန်း​ရာ​အ​ရပ်​သို့ ပို့​ဆောင်​တော်​မူ၏။ ငါ့​ကို နှစ်​သက်​သော​ကြောင့် ကယ်​လွှတ်​တော်​မူ၏။
20ငါ​ဖြောင့်​မတ်​ခြင်း​ရှိ​သည်​အ​လျောက်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျိုး​ကို​ပေး၍၊ ငါ့​လက်​စင်​ကြယ်​ခြင်း၏​အ​ကျိုး​ကို စီ​ရင်​တော်​မူ၏။ 21အ​ကြောင်း​မူ​ကား၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​လမ်း​တော်​သို့ အ​စဉ်​လိုက်၏။ ငါ၏​ဘု​ရား​သ​ခင့်​ထံ​မှ ပြစ်​မှား၍​မ​သွား။ 22စီ​ရင်​တော်​မူ​ချက်​ရှိ​သ​မျှ​ကို ငါ​သည် မျက်​မှောက်​ပြု၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို​မ​ပယ်၊ 23ရှေ့​တော်​မှာ​ဖြောင့်​မတ်၍၊ ကိုယ်​ဒု​စ​ရိုက်​ကို ကြဉ်​ရှောင်၏။ 24ထို​ကြောင့် ရှေ့​တော်​မှာ​ထင်​ရှား​သော ငါ၏​ဖြောင့်​မတ်​ခြင်း၊ လက်​စင်​ကြယ်​ခြင်း​ရှိ​သည်​နှင့်​အ​လျောက် ထာ​ဝ​ရ​ဘု​ရား​သည် ငါ၌​အ​ကျိုး​ကို​ပေး​တော်​မူ​ပြီ။ 25သ​နား​တတ်​သော​သူ​အား ကိုယ်​တော်​သည် သ​နား​ခြင်း​သ​ဘော​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​သော​သူ​အား ဖြောင့်​မတ်​ခြင်း သ​ဘော​ကို​လည်း​ကောင်း၊ 26သန့်​ရှင်း​သော​သူ​အား သန့်​ရှင်း​ခြင်း​သ​ဘော​ကို​လည်း​ကောင်း၊ ဆန့်​ကျင်​သော​သူ​အား ဆန့်​ကျင်​သော​သ​ဘော​ကို​လည်း​ကောင်း ပြ​တော်​မူ၏။ 27နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​ကို ကိုယ်​တော်​သည်​ကယ်​တင်၍၊ ထောင်​လွှား​သော မျက်​နှာ​ကို​မူ​ကား ရှုတ်​ချ​တော်​မူ၏။ 28အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ မီး​ခွက်​ကို​ထွန်း၍၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်၏​မှောင်​မိုက်​ကို လင်း​စေ​တော်​မူ၏။ 29အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို အ​မှီ​ပြု၍၊ တပ်​ကို​ဖျက်​ပါ​ပြီ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​လျက် မြို့​ရိုး​ကို​ကျော်၍ ဝင်​ပါ​ပြီ။
30ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သော​အ​မှု​သည် စုံ​လင်၏။ ထာ​ဝ​ရ​ဘု​ရား၏​သ​စ္စာ​တော်​သည် အ​စစ်​ခံ၍​တည်၏။ ခို​လှုံ​သော သူ​အ​ပေါင်း​တို့၏ အ​ကွယ်​အ​ကာ​ဖြစ်​တော်​မူ၏။ 31ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး အ​ဘယ်​ဘု​ရား​သ​ခင်​ရှိ​သ​နည်း။ ငါ​တို့ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​မည်​သော​ကျောက် ရှိ​သ​နည်း။ 32ထို​ဘု​ရား​သ​ခင်​သည် ငါ့​ကို​ခွန်​အား​ခါး​ပန်း​နှင့် စည်း၍ ငါ​သွား​ရာ​လမ်း​ကို ဖြောင့်​စေ​တော်​မူ၏။ 33ငါ့​ခြေ​ကို သ​မင်​ခြေ​ကဲ့​သို့ လျင်​မြန်​စေ၍၊ ငါ၏​မြင့်​ရာ​အ​ရပ်​ပေါ်​မှာ ငါ့​ကို​တင်​ထား​တော်​မူ၏။#ဟ​ဗ၊ ၃:၁၉။ 34ငါ့​လက်​ကို စစ်​မှု၌​လေ့​ကျက်​စေ​ခြင်း​ငှာ သွန်​သင်​တော်​မူ၍၊ ကြေး​ဝါ​လေး​ကို ငါ့​လက်​ရုံး​နှင့် ငါ​တင်​နိုင်​၏။
35ကိုယ်​တော်​သည် ကယ်​တင်​တော်​မူ​ခြင်း ဒိုင်း​လွှား​ကို​အပ်၍၊ လက်​ယာ​လက်​တော်​အား​ဖြင့် မ​စ​တော်​မူ၏။ သည်း​ခံ​တော်​မူ​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​သည်​ချီး​မြှောက်​ခြင်း​သို့ ရောက်​ပါ၏။ 36အ​ကျွန်ုပ်​သွား​သော​လမ်း​ကို​ရှင်း​လင်း၍ ခြေ​မ​ချော်​စေ​ခြင်း​ငှာ ပြု​တော်​မူ​သော​အား​ဖြင့်၊ 37အ​ကျွန်ုပ်​သည် ရန်​သူ​တို့​ကို​လိုက်၍ မီ​သ​ဖြင့်၊ သူ​တို့​ကို မ​ပယ်​ရှင်း​မီ​တိုင်​အောင် မ​ပြန်​ပါ။ 38သူ​တို့​သည် အ​ကျွန်ုပ်​ခြေ​အောက်​မှာ​လဲ​လျက်​ရှိ၍ မ​ထ​နိုင်​အောင် အ​ကျွန်ုပ်​သည်​နှိပ်​နင်း​ပါ၏။ 39အ​ကြောင်း​မူ​ကား၊ စစ်​တိုက်​ခြင်း​ငှာ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ခွန်​အား​ခါး​ပန်း​နှင့်​စည်း၍၊ အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​သော​သူ​တို့​ကို အ​ကျွန်ုပ်​အောက်​မှာ လှဲ​တော်​မူ၏။ 40အ​ကျွန်ုပ်​ကို မုန်း​သော​ရန်​သူ​တို့၏​လည်​ပင်း​ကို အ​ကျွန်ုပ်၌​အပ်၍၊ ဖျက်​ဆီး​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ 41သူ​တို့​သည် အော်​ဟစ်​ကြ​သော​အ​ခါ၊ ကယ်​တင်​သော​သူ မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သော်​လည်း ထူး​တော်​မ​မူ။ 42ထို​အ​ခါ အ​ကျွန်ုပ်​သည် သူ​တို့​ကို လေ​တိုက်​သော​မြေ​မှုန့်​ကို​ကဲ့​သို့၊ ညက်​ညက်​ချေ​ပြီး​မှ၊ လမ်း၌​အ​မှိုက်​ကို​ကဲ့​သို့ သွန်​ပစ်​လေ၏။
43လူ​စု​တို့​သည် ဆိုင်​ပြိုင်​တိုက်​လှန်​ခြင်း​မှ အ​ကျွန်ုပ်​ကို​ကယ်​လွှတ်၍၊ တစ်​ပါး​အ​မျိုး​သား​တို့၏ အ​ကဲ​အ​မှူး​အ​ရာ၌ ခန့်​ထား​တော်​မူ​သော​အား​ဖြင့်၊ အ​ကျွန်ုပ်​မ​သိ​ဖူး​သော လူ​စု​သည် အ​ကျွန်ုပ်​ထံ၌ ကျွန်​ခံ​ပါ၏။ 44အ​ကျွန်ုပ်​စ​ကား​သံ​ကို ကြား​သည်​ခ​ဏ​ချင်း​တွင် နား​ထောင်​ပါ၏။ တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ်​ကို တောင်း​ပန်​ကြ​ပါ၏။ 45ညှိုး​နွမ်း​သည်​ဖြစ်၍ ခို​လှုံ​ရာ​အ​ရပ်​ထဲ​က တုန်​လှုပ်​လျက် ထွက်​ကြ​ပါ၏။
46ထာ​ဝ​ရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သည်​ဖြစ်၍၊ ငါ၏​ကျောက်၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း။ ငါ့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်၌ ချီး​မြှောက်​ခြင်း​ရှိ​ပါ​စေ​သ​တည်း။ 47ငါ့​ဘက်၌ တ​ရား​သ​ဖြင့်​စီ​ရင်၍၊ လူ​စု​တို့​ကို ငါ့​အောက်​မှာ နှိမ့်​ချ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။ 48ရန်​သူ​တို့​လက်​မှ ငါ့​ကို​ကယ်​လွှတ်​တော်​မူ၏။ အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​သော​သူ​တို့​အ​ပေါ်​သို့ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မြှောက်​တင်၍၊ လု​ယူ​ဖျက်​ဆီး​တတ်​သော​သူ၏​လက်​မှ ကယ်​လွှတ်​တော်​မူ၏။ 49ထို​ကြောင့် အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း၍၊ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။#ရော၊ ၁၅:၉။ 50ဘု​ရား​သ​ခင်​သည် မိ​မိ​ခန့်​ထား​သော​မင်း​ကြီး​ကို အ​ထူး​သ​ဖြင့် ကယ်​လွှတ်​တော်​မူ၏။ ဘိ​သိက်​တော်​ကို​ခံ​ရ​သော ဒါ​ဝိဒ်​မှ​စ၍ အ​မျိုး​အ​နွယ်​အား ကာ​လ​အ​စဉ်​အ​ဆက် က​ရု​ဏာ​ကျေး​ဇူး​ကို​ပြု​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 18: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။