YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 17

17
ဖိ​နှိပ်​ခြင်း​မှ​လွတ်​မြောက်​ရန်​ဆု​တောင်း
1အို​ထာ​ဝ​ရ​ဘု​ရား၊ တ​ရား​သော​ဘက်​မှာ​နေ၍ အ​ကျွန်ုပ်​အော်​ဟစ်​ခြင်း​ကို​မှတ်​တော်​မူ​ပါ။ မ​လှည့်​စား​တတ်​သော​နှုတ်​နှင့် ဆု​တောင်း​သော​ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ 2ကိုယ်​တော်​တိုင် အ​ကျွန်ုပ်​ကို​စီ​ရင်၍ ဖြောင့်​မတ်​သော​အ​ရာ​ကို ထောက်​ရှု​တော်​မူ​ပါ။ 3အ​ကျွန်ုပ်​နှ​လုံး​ကို​စစ်​ဆေး​တော်​မူ​ပါ။ ည​အ​ခါ အ​ကျွန်ုပ်​ကို အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို စစ်​ကြော​သော​အ​ခါ အ​ဘယ်​အ​ပြစ်​ကို​မျှ တွေ့​တော်​မ​မူ​ရာ။ အ​ကျွန်ုပ်​အ​ကြံ​အ​စည်​သည် အ​ကျွန်ုပ်​စ​ကား​နှင့် မ​ခြား​မ​နား​ပါ။ 4လူ​ပြု​တတ်​သော အ​မှု​များ​မှာ၊ ဖျက်​ဆီး​တတ်​သော​သူ၏​လမ်း​တို့​ကို နှုတ်​က​ပတ်​တော်​အား​ဖြင့် အ​ကျွန်ုပ်​ရှောင်​ပါ​ပြီ။ 5လမ်း​ခ​ရီး​တော်၌ အ​ကျွန်ုပ်​သွား​စဉ်​တွင် ခြေ​မ​ချော်​စေ​ခြင်း​ငှာ ထောက်​မ​တော်​မူ​ပါ။ 6အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် နား​ထောင်​တော်​မူ​တတ်​သော​ကြောင့် အ​ကျွန်ုပ်​သည်​တောင်း​လျှောက်​ပါ၏။ နား​တော်​ကို​လှည့်၍ အ​ကျွန်ုပ်​စ​ကား​ကို နာ​ယူ​တော်​မူ​ပါ။
7ကိုယ်​တော်​ကို ခို​လှုံ​သော​သူ​တို့​ကို သူ​ပုန်​တို့​လက်​မှ၊ လက်​ယာ​လက်​တော်​အား​ဖြင့် ကယ်​နုတ်​တော်​မူ​သော​ဘု​ရား၊ ထူး​ဆန်း​သော မေ​တ္တာ​ကျေး​ဇူး​တော်​ကို ပြ​တော်​မူ​ပါ။ 8-9အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​လူ​ဆိုး​တည်း​ဟူ​သော အ​ကျွန်ုပ်​ကို ဝိုင်း၍​သတ်​လို​သော ရန်​သူ​တို့​လက်​မှ အ​ကျွန်ုပ်​ကို လွတ်​စေ​ခြင်း​ငှာ၊ မျက်​ဆန်​ကဲ့​သို့ အ​ကျွန်ုပ်​ကို​စောင့်​မ​တော်​မူ​ပါ။ အ​တောင်​တော်​အ​ရိပ်​ထဲ​မှာ ဖုံး​အုပ်​တော်​မူ​ပါ။ 10သူ​တို့​သည် မိ​မိ​တို့​ဆူ​ဝ​ခြင်း​ကို ကိုး​စား၍ ထောင်​လွှား​စော်​ကား​စွာ ပြော​ဆို​ကြ​ပါ၏။ 11အ​ကျွန်ုပ်​တို့​သွား​သော​လမ်း​ကို ယ​ခု​ဝိုင်း​မိ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​ကို မြေ​ပေါ်​မှာ​လှဲ​ခြင်း​ငှာ မျက်​စိ​နှင့် ရွယ်​ကြ​ပါ၏။ 12ဖမ်း​မိ​သော​အ​ကောင်​ကို စား​ချင်​အား​ကြီး​သော ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ချောင်း၍​နေ​သော ခြင်္သေ့​ပျို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​ပါ၏။ 13အို​ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။ သူ​တို့​ကို​ဆီး​တား၍ လှဲ​ချ​တော်​မူ​ပါ။ မ​တ​ရား​သော​သူ​တို့​လက်​မှ အ​ကျွန်ုပ်​အ​သက်​ကို ဓား​တော်​ဖြင့် ကယ်​လွှတ်​တော်​မူ​ပါ။ 14အို​ထာ​ဝ​ရ​ဘု​ရား၊ လော​ကီ​သား​ဖြစ်​သော​ထို​လူ​တို့​လက်​မှ အ​ကျွန်ုပ်​အ​သက်​ကို လက်​တော်​ဖြင့် ကယ်​လွှတ်​တော်​မူ​ပါ။ ထို​သူ​တို့​သည် ယ​ခု​ဘ​ဝ​မှာ မိ​မိ​တို့​အ​ဖို့​ကို ခံ​ရ​ကြ​ပါ၏။ သူ​တို့​အ​လို​ကို ဘ​ဏ္ဍာ​တော်​နှင့် ပြည့်​စုံ​စေ​တော်​မူ၏။ သူ​တို့​သား​သ​မီး​တို့​သည်​လည်း ကြွယ်​ဝ၍၊ မြေး​မြစ်​စ​သည်​တို့၌ မိ​မိ​တို့​ဥ​စ္စာ​ကို ချန်​ထား​ကြ​ပါ၏။ 15အ​ကျွန်ုပ်​မူ​ကား​ဖြောင့်​မတ်၍ မျက်​နှာ​တော်​ကို​ဖူး​မြင်​ရ​ပါ​လိမ့်​မည်။ နိုး​သော​အ​ခါ ပုံ​သ​ဏ္ဌာန်​တော်​အား​ဖြင့် အ​ကျွန်ုပ်​အလို ပြည့်​စုံ​ရ​ပါ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 17: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။