YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119

119
ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်
1ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း၌ မ​လွဲ​မ​တိမ်း၊ လိုက်​သွား​သော သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ 2သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်၍၊ ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရှာ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ 3ထို​သူ​တို့​သည် ဒု​စ​ရိုက်​ကို​မ​ပြု၊ လမ်း​ခ​ရီး​တော်၌ လိုက်​သွား​တတ်​ကြ​၏။ 4အ​ကျွန်ုပ်​တို့​သည် ကြိုး​စား၍ ကျင့်​ဖို့​ရာ၊ ကိုယ်​တော်​သည် ဩ​ဝါ​ဒ​ပေး​တော်​မူ​ပြီ။ 5ကိုယ်​တော်၏​အ​ထုံး​အ​ဖွဲ့​များ​ကို စောင့်​နိုင်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​သည် လမ်း​ဖြောင့်​ပါ​စေ​သော။ 6အ​ကျွန်ုပ်​သည် ပ​ညတ်​တော်​အ​လုံး​စုံ​တို့​ကို ထောက်​ထား​သော​အ​ခါ၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ရ​ပါ​၏။ 7ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ချက်​များ​ကို အ​ကျွန်ုပ်​လေ့​ကျက်​ပြီး​မှ၊ ဂုဏ်​တော်​ကို ဖြောင့်​သော​သ​ဘော​နှင့် ချီး​မွမ်း​ပါ​မည်။ 8ကိုယ်​တော်၏ အ​ထုံး​အ​ဖွဲ့​များ​ကို စောင့်​ပါ​မည်။ အ​ကျွန်ုပ်​ကို ရှင်း​ရှင်း စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။
နှုတ်​က​ပတ်​တော်​ကို​စောင့်​ထိန်း​ခြင်း
9လူ​ပျို​သည် မိ​မိ​သွား​သော​လမ်း​ကို အ​ဘယ်​သို့ သန့်​ရှင်း​စေ​နိုင်​ပါ​မည်​နည်း​ဟူ​မူ​ကား၊ နှုတ်​က​ပတ်​တော်​အ​တိုင်း သတိ​ပြု​ရ​မည်။ 10အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရှာ​ပါ၏။ ပ​ညတ်​တော်​လမ်း​မှ လွဲ​စေ​တော်​မ​မူ​ပါ​နှင့်။ 11ကိုယ်​တော်​ကို မ​ပြစ်​မှား​ဘဲ နေ​နိုင်​မည်​အ​ကြောင်း၊ ဗျာ​ဒိတ်​တော်​ကို နှ​လုံး​ထဲ​မှာ သို​ထား​ပါ​ပြီ။ 12အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​တော်​မူ၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​ကျွန်ုပ်​၌ သွန်​သင်​တော်​မူ​ပါ။ 13စီ​ရင်​တော်​မူ​ရာ နှုတ်​တော်​ထွက် အ​လုံး​စုံ​တို့​ကို အ​ကျွန်ုပ်​သည် ကိုယ်​နှုတ်​နှင့် ဟော​ပြော​ပါ​၏။ 14ခပ်​သိမ်း​သော စည်း​စိမ်​ဥ​စ္စာ​ကို​ရ​ဘိ​သ​ကဲ့​သို့၊ သက်​သေ​ခံ​တော်​မူ​ရာ​လမ်း၌ ဝမ်း​မြောက်​ပါ​၏။ 15ပေး​တော်​မူ​သော ဩ​ဝါ​ဒ​ကို​ဆင်​ခြင်၍ လမ်း​ခ​ရီး​တော်​တို့​ကို ကြည့်​ရှု​ပါ၏။ 16အ​ထုံး​အ​ဖွဲ့​တော်​တို့၌ မွေ့​လျော်​ပါ၏။ နှုတ်​က​ပတ်​တော်​ကို မ​မှတ်​ဘဲ​မ​နေ​ပါ။
နှုတ်​က​ပတ်​တော်​စောင့်​ထိန်း​ခြင်း​မင်္ဂ​လာ
17ကိုယ်​တော်၏​ကျွန်​သည် အ​သက်​ရှင်၍၊ နှုတ်​က​ပတ်​တော်​ကို စောင့်​နိုင်​ပါ​မည်​အ​ကြောင်း၊ ကျေး​ဇူး​ပြု​တော်​မူ​ပါ။ 18တ​ရား​တော်၌ အံ့​ဖွယ်​သော​အ​ရာ​တို့​ကို မြင်​နိုင်​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏​မျက်​စိ​တို့​ကို ဖွင့်​တော်​မူ​ပါ။ 19အ​ကျွန်ုပ်​သည် မြေ​ကြီး​ပေါ်​မှာ ဧည့်​သည်​ဖြစ်​ပါ၏။ ပ​ညတ်​တော်​တို့​ကို ဝှက်​ထား​တော်​မ​မူ​ပါ​နှင့်။ 20စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​စဉ်​မ​ပြတ် တောင့်​တ​သော​အား​ဖြင့်၊ အ​ကျွန်ုပ်၏ စိတ်​နှ​လုံး​ကြေ​ကွဲ​လျက်​ရှိ​ပါ၏။ 21မာ​န​ကြီး​သော​သူ​နှင့် ပ​ညတ်​တော်​တို့​ကို လွန်​ကျူး၍၊ အ​ကျိန်​ခံ​ရ​သော သူ​တို့​ကို ကိုယ်​တော် ဆုံး​မ​တော်​မူ၏။ 22အ​ကျွန်ုပ်​သည် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်​ပါ​သည်​ဖြစ်၍၊ ကဲ့​ရဲ့​ခြင်း၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​နှင့် ကင်း​လွတ်​စေ​တော်​မူ​ပါ။ 23မင်း​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ ထိုင်၍ ပြော​ကြ​ပါ၏။ ကိုယ်​တော်၏​ကျွန်​မူ​ကား၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို ဆင်​ခြင်​လျက်​နေ​ပါ၏။ 24သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​မွေ့​လျော်​ရာ၊ အ​ကျွန်ုပ်​တိုင်​ပင်​ရာ ဖြစ်​ကြ​ပါ၏။
နှုတ်​က​ပတ်​တော်​လိုက်​နာ​ရန်​သ​န္နိ​ဋ္ဌာန်
25အ​ကျွန်ုပ်၏​အ​သက်​သည် မြေ​မှုန့်၌ မှီ​ဝဲ​လျက်​ရှိ​ပါ၏။ နှုတ်​က​ပတ်​တော်​အ​တိုင်း အ​သက်​ရှင်​စေ​တော်​မူ​ပါ။ 26အ​ကျွန်ုပ်​သည် ကိုယ်​အ​ကျင့်​တို့​ကို​ဖော်​ပြ၍၊ ကိုယ်​တော်​သည် နား​ထောင်​တော်​မူ​ပြီ။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​ကျွန်ုပ်၌ သွန်​သင်​တော်​မူ​ပါ။ 27ပေး​တော်​မူ​သော ဩ​ဝါ​ဒ​လမ်း​ကို အ​ကျွန်ုပ်​နား​လည်​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင် အံ့​ဖွယ်​သော အ​မှု​တော်​တို့​ကို ဆင်​ခြင်​အောက်​မေ့​ပါ​မည်။ 28အ​ကျွန်ုပ် ဝမ်း​နည်း​ခြင်း​အား​ဖြင့် စိတ်​နှ​လုံး​အ​ရည်​ယို​လျက် ရှိ​ပါ၏။ နှုတ်​က​ပတ်​တော်​အ​တိုင်း တည်​ကြည်​စေ​တော်​မူ​ပါ။ 29မု​သား​လမ်း​ကို အ​ကျွန်ုပ်​ရှောင်​ပါ​မည်​အ​ကြောင်း၊ ကယ်​မ၍​တ​ရား​တော်​ကို ပေး​သ​နား​တော်​မူ​ပါ။ 30သ​စ္စာ​လမ်း​ကို အ​ကျွန်ုပ်​ရွေး​ပါ​ပြီ။ စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​ရှေ့​မှာ ထား​ပါ​ပြီ။ 31သက်​သေ​ခံ​တော်​မူ​ချက်​တို့၌ မှီ​ဝဲ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ရှက်​ကွဲ​စေ​တော်​မ​မူ​ပါ​နှင့်။ 32အ​ကျွန်ုပ်​ဉာဏ်​ကို ပွင့်​စေ​တော်​မူ​သည်​ဖြစ်၍၊ ပ​ညတ်​တော်​လမ်း​သို့ အ​လျင်​အ​မြန် လိုက်​ပါ​မည်။
ဉာဏ်​ပွင့်​လင်း​ရန်​ဆု​တောင်း
33အို ထာ​ဝ​ရ​ဘု​ရား၊ အ​ထုံး​အ​ဖွဲ့​တော်​လမ်း​ကို အ​ကျွန်ုပ်​အား သွန်​သင်​တော်​မူ​ပါ။ အ​ဆုံး​တိုင်​အောင် လိုက်​သွား​ပါ​မည်။ 34ဉာဏ်​ကို ပေး​တော်​မူ​ပါ။ တ​ရား​တော်​ကို စောင့်​ပါ​မည်။ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​စောင့်​ပါ​မည်။ 35ပ​ညတ်​တော်​လမ်း​၌ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​ပါ။ ထို​လမ်း​ကို​နှစ်​သက်​ပါ၏။ 36အ​ကျွန်ုပ်​စိတ်​နှ​လုံး​ကို လော​ဘ​ဘက်​သို့​မ​ဟုတ်၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ဘက်​သို့ ဆွဲ​တော်​မူ​ပါ။ 37အ​န​တ္တ​ကို ပ​မာ​ဏ​မ​ပြု​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​မျက်​စိ​ကို အ​ခြား​သို့​လွှဲ​တော်​မူ​ပါ။ လမ်း​ခ​ရီး​တော်၌ အ​ကျွန်ုပ်​အ​သက်​ရှင်​စေ​တော်​မူ​ပါ။ 38ကိုယ်​တော်​ကို ကြောက်​ရွံ့​သော ကိုယ်​တော်၏​ကျွန်၌ ဗျာ​ဒိတ်​တော်​ကို တည်​စေ​တော်​မူ​ပါ။ 39အ​ကျွန်ုပ်​ကြောက်​သော​ကဲ့​ရဲ့​ခြင်း​ကို ပယ်​ပျောက်​စေ​တော်​မူ​ပါ။ စီ​ရင်​တော်​မူ​ချက်​တို့​သည် ကောင်း​မွန်​ကြ​ပါ၏။ 40ပေး​တော်​မူ​သော​ဩ​ဝါ​ဒ​များ​ကို တောင့်​တ​ပါ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​အား​ဖြင့် အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။
နှုတ်​က​ပတ်​တော်​ကို​ကိုး​စား​ခြင်း
41အို ထာ​ဝ​ရ​ဘု​ရား၊ ဗျာ​ဒိတ်​တော်​အ​တိုင်း က​ရု​ဏာ​တော်​တည်း​ဟူ​သော ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​တော်​သည် အ​ကျွန်ုပ်၌​ရောက်​ပါ​စေ​သော။ 42ထို​သို့ အ​ကျွန်ုပ်​သည် နှုတ်​က​ပတ်​တော်​ကို ကိုး​စား​သည်​ဖြစ်၍၊ ကဲ့​ရဲ့​သော​သူ၏​စ​ကား​ကို ချေ​စ​ရာ​အ​ကြောင်း ရှိ​ရ​ပါ​လိမ့်​မည်။ 43စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​မျှော်​လင့်​သည်​ဖြစ်၍၊ အ​ကျွန်ုပ်၏​နှုတ်​ထဲ​က သ​စ္စာ​စ​ကား​ကို အ​လျှင်း ရုပ်​သိမ်း​တော်​မ​မူ​ပါ​နှင့်။ 44ကိုယ်​တော်၏​တ​ရား​ကို မ​ခြား​မ​လပ် အ​စဉ်​အ​မြဲ ကျင့်​စောင့်​ပါ​မည်။ 45ပေး​တော်​မူ​သော ဩ​ဝါ​ဒ​များ​ကို အ​ကျွန်ုပ်​ရှာ​ဖွေ​မေး​မြန်း​သည်​ဖြစ်၍၊ အ​ဆီး​အ​တား​မ​ရှိ​ဘဲ သွား​လာ​ရ​ပါ၏။ 46သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို မင်း​များ​ထံ​မှာ ပြန်​ပြော၍၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ပါ​လိမ့်​မည်။ 47အ​ကျွန်ုပ်​သည် နှစ်​သက်​သော​ပ​ညတ်​တော်​တို့၌ မွေ့​လျော်​ပါ​မည်။ 48နှစ်​သက်​သော ပ​ညတ်​တော်​တို့​အား​လက်​တို့​ကို​ချီ၍၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို ဆင်​ခြင်​အောက်​မေ့​ပါ​မည်။
နှုတ်​က​ပတ်​တော်​ကို​ယုံ​ကြည်​ခြင်း
49အ​ကျွန်ုပ် မျှော်​လင့်​စ​ရာ​အ​ကြောင်း၊ ကိုယ်​တော်၏​ကျွန်၌​ထား​တော်​မူ​သော နှုတ်​က​ပတ်​တော်​ကို အောက်​မေ့​တော်​မူ​ပါ။ 50ဗျာ​ဒိတ်​တော်​အား​ဖြင့် အ​ကျွန်ုပ်​အ​သက်​ရှင်​သည်​ဖြစ်၍၊ ဆင်း​ရဲ​ကို​ခံ​ရ​စဉ်​တွင်၊ ထို​နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်​သက်​သာ​စ​ရာ​အ​ကြောင်း ဖြစ်​ပါ၏။ 51မာ​န​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို အ​လွန်​ကဲ့​ရဲ့​သော်​လည်း၊ ကိုယ်​တော်၏​တ​ရား​လမ်း​ကို အ​ကျွန်ုပ်​မ​ရှောင်​ပါ။ 52အို ထာ​ဝ​ရ​ဘု​ရား၊ ရှေး​ကာ​လ၌ စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ် အောက်​မေ့၍၊ ကိုယ်​ကို​ကိုယ် နှစ်​သိမ့်​စေ​ပါ၏။ 53တ​ရား​တော်​ကို စွန့်​ပယ်​သော အ​ဓ​မ္မ​လူ​တို့​ကြောင့်၊ အ​ကျွန်ုပ်၌ ပူ​လောင်​သော​စိတ် စွဲ​လန်း​လျက် ရှိ​ပါ၏။ 54အ​ကျွန်ုပ်​ဧည့်​သည် နေ​ရာ​အိမ်​တွင် အ​ထုံး​အ​ဖွဲ့​တော်​တို့​သည် အ​ကျွန်ုပ်​သီ​ချင်း​ဆို​ရာ​အ​ကြောင်း ဖြစ်​ကြ​ပါ၏။ 55အို ထာ​ဝ​ရ​ဘု​ရား၊ ည​အ​ချိန်၌ နာ​မ​တော်​ကို အ​ကျွန်ုပ်​အောက်​မေ့၍ တ​ရား​တော်​ကို​စောင့်​ပါ၏။ 56ပေး​တော်​မူ​သော​ဩ​ဝါ​ဒ​များ​ကို နား​ထောင်​သော​အား​ဖြင့် အား​ရ​ပါ၏။
နှုတ်​က​ပတ်တော်​ကို​စွဲ​လမ်းသော​စိတ်
57အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ဖို့ ဖြစ်​တော်​မူ၏။ နှုတ်​က​ပတ်​စ​ကား​တော်​တို့​ကို နား​ထောင်​ပါ​မည်​ဟု အ​ကျွန်ုပ်​ပြော​ထား​ပါ​ပြီ။ 58ကျေး​ဇူး​တော်​ကို ခံ​ရ​ပါ​မည်​အ​ကြောင်း၊ ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ တောင်း​ပန်​ပါ၏။ ဗျာ​ဒိတ်​တော်​အ​တိုင်း အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ။ 59ကိုယ်​လိုက်​ရာ​လမ်း​ကို ဆင်​ခြင်​သော​အ​ခါ၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​သို့ လှည့်၍​လိုက်​ပါ၏။ 60ပ​ညတ်​တော်​တို့​ကို​စောင့်​ခြင်း​ငှာ မ​ဖင့်​မ​နွှဲ အ​လျင်​အ​မြန် ပြု​ပါ​၏။ 61မ​တ​ရား​သော​သူ​အ​ပေါင်း​တို့​သည် ကျွန်ုပ်​ကို​ဝိုင်း​ကြ​သော်​လည်း၊ အ​ကျွန်ုပ်​သည် တ​ရား​တော်​ကို မ​မေ့​မ​လျော့​ပါ။ 62တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​ချက်​တို့​ကို ထောက်၍၊ ဂုဏ်​တော်​ကို ချီး​မွမ်း​ခြင်း​ငှာ၊ သန်း​ခေါင်​အ​ချိန်၌ အ​ကျွန်ုပ် ထ​တတ်​ပါ​၏။ 63ကိုယ်​တော်​ကို​ကြောက်​ရွံ့​သော​သူ၊ ပေး​တော်​မူ​သော​ဩ​ဝါ​ဒ​ကို နား​ထောင်​သော​သူ​ရှိ​သ​မျှ​တို့​နှင့် အ​ကျွန်ုပ် ပေါင်း​ဖော်​တတ်​ပါ၏။ 64အို​ထာ​ဝ​ရ​ဘု​ရား၊ မြေ​ကြီး​သည် က​ရု​ဏာ​တော်​နှင့် ပြည့်​ဝ​ပါ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌သွန်သင်တော်မူပါ။
နှုတ်​က​ပတ်​တော်​၏တန်​ဖိုး
65အို​ထာ​ဝ​ရ​ဘု​ရား၊ နှုတ်​က​ပတ်​တော်​အ​တိုင်း ကိုယ်​တော်၏​ကျွန်၌ ကျေး​ဇူး​ပြု​တော်​မူ​၏။ 66ပ​ညတ်​တော်​တို့​ကို အ​ကျွန်ုပ်​ယုံ​ကြည်​သည်​ဖြစ်၍၊ ကောင်း​သော​ဉာဏ်​နှင့် ပ​ညာ​တော်​အ​တတ်​ကို သွင်း​ပေး​တော်​မူ​ပါ။ 67အ​ကျွန်ုပ်​သည် ဆင်း​ရဲ​မ​ခံ​မီ လမ်း​လွဲ​ပါ၏။ ယ​ခု​မူ​ကား၊ ဗျာ​ဒိတ်​တော်​အ​တိုင်း ကျင့်​စောင့်​ပါ၏။ 68ကိုယ်​တော်​သည် ကောင်း​သော​သ​ဘော၊ ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော ရှိ​တော်​မူ၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​ကျွန်ုပ်၌ သွန်​သင်​တော်​မူ​ပါ။ 69မာ​န​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ မု​သား​စ​ကား​ကို ကြံ​စည်​သော်​လည်း၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကျင့်​ပါ၏။ 70သူ​တို့​နှ​လုံး​သည် ဆီ​ဥ​ကဲ့​သို့ ခဲ​လျက်​ရှိ၏။ အ​ကျွန်ုပ်​မူ​ကား၊ ကိုယ်​တော်၏​တ​ရား၌ မွေ့​လျော်​ပါ၏။ 71အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်​ဆင်း​ရဲ​ခံ​ရ​သော ကျေး​ဇူး​သည် ကြီး​ပါ၏။ 72နှုတ်​တော်​ထွက် တ​ရား​တော်​သည် ရွှေ​ငွေ​အ​ထောင်​အ​သောင်း​ထက်​မ​က၊ အ​ကျွန်ုပ်၌ သာ၍​ကောင်း​ပါ၏။
နှုတ်​က​ပတ်တော်​၏​တ​ရား​မျှ​တ​မှု
73ကိုယ်​တော်၏​လက်​တို့​သည် အ​ကျွန်ုပ်​ကို​ဖန်​ဆင်း၍၊ ပုံ​သ​ဏ္ဌာန်​ကို ပေး​တော်​မူ​ပြီ။ ပ​ညတ်​တော်​တို့​ကို အ​ကျွန်ုပ်​သင်​နိုင်​သော ဉာဏ်​နှင့် ပြည့်​စုံ​စေ​တော်​မူ​ပါ။ 74နှုတ်​က​ပတ်​တော်​ကို အ​ကျွန်ုပ်​မျှော်​လင့်​သော​ကြောင့်၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို​မြင်၍ ဝမ်း​မြောက်​ကြ​ပါ​လိမ့်​မည်။ 75အို ထာ​ဝ​ရ​ဘု​ရား၊ စီ​ရင်​တော်​မူ​ချက်​တို့​သည် ဟုတ်​မှန်​ကြောင်း​ကို​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​အ​ညီ အ​ကျွန်ုပ်​ကို ဆင်း​ရဲ​စေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း အ​ကျွန်ုပ်​သိ​ပါ၏။ 76ကိုယ်​တော်၏​ကျွန်၌ မိန့်​တော်​မူ​ချက်​အ​တိုင်း၊ က​ရု​ဏာ​တော်​သည် အ​ကျွန်ုပ်​ကို ချမ်း​သာ​ပေး​ပါ​စေ​သော​ဟု ဆု​တောင်း​ပါ၏။ 77ကိုယ်​တော်၏​တ​ရား​သည် အ​ကျွန်ုပ်​မွေ့​လျော်​ရာ ဖြစ်​ပါ၏။ ထို​ကြောင့် အ​ကျွန်ုပ်​အ​သက်​ရှင်​မည်​အ​ကြောင်း၊ သ​နား​စုံ​မက်​တော်​မူ​ခြင်း​သည် သက်​ရောက်​ပါ​စေ​သော။ 78မာ​န​ကြီး​သော​သူ​တို့​သည် ရှက်​ကြောက်​ကြ​ပါ​စေ​သော။ အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်၌ မ​တ​ရား​သ​ဖြင့် ပြု​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​မူ​ကား ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို ဆင်​ခြင်​အောက်​မေ့​ပါ​မည်။ 79ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​သူ၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို သိ​သော​သူ​တို့​သည် အ​ကျွန်ုပ်​ထံ​သို့ လှည့်​ကြ​ပါ​စေ​သော။ 80ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​နှ​လုံး​သည် အ​ထုံး​အ​ဖွဲ့​တော်​တို့၌ စုံ​လင်​ပါ​စေ​သော။
ကယ်​နုတ်​တော်​မူ​ရန်​ဆု​တောင်း
81အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို တောင့်​တ​လျက်​နှင့် ခွန်​အား​လျော့​ပါ၏။ သို့​သော်​လည်း၊ နှုတ်​က​ပတ်​တော်​ကို မျှော်​လင့်​ပါ၏။ 82အ​ကျွန်ုပ်​ကို အ​ဘယ်​ကာ​လ​မှ ချမ်း​သာ​ပေး​တော်​မူ​ပါ​မည်​နည်း​ဟူ၍၊ အ​ကျွန်ုပ်​မျက်​စိ​တို့​သည် ဗျာ​ဒိတ်​တော်​ကို မျှော်​လင့်​လျက် အား​ကုန်​ပါ​၏။ 83မီး​ခိုး၌​ရှိ​သော သား​ရေ​ဘူး​ကဲ့​သို့ အ​ကျွန်ုပ်​ဖြစ်​ပါ၏။ သို့​သော်​လည်း၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို မ​မေ့​မ​လျော့​ပါ။ 84ကိုယ်​တော်၏​ကျွန်​နေ​ရ​သော နေ့​ရက်​ကာ​လ အ​ဘယ်​မျှ​လောက် ကြာ​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​အား၊ အ​ဘယ်​ကာ​လ​မှ တ​ရား​ဆုံး​ဖြတ်​တော်​မူ​မည်​နည်း။ 85မာ​န​ကြီး​သော​သူ၊ ကိုယ်​တော်၏​တ​ရား​ကို လွန်​ကျူး​သော သူ​တို့​သည် အ​ကျွန်ုပ်​အ​ဖို့ တွင်း​များ​ကို တူး​ကြ​ပါ​ပြီ။ 86အ​လုံး​စုံ​သော ပ​ညတ်​တော်​တို့​သည် သ​စ္စာ​နှင့် ပြည့်​စုံ​ကြ​ပါ၏။ သူ​တစ်​ပါး​တို့​သည် အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​ကြ​သည်​ဖြစ်၍၊ မ​စ​တော်​မူ​ပါ။ 87သူ​တို့​သည် အ​ကျွန်ုပ်​ကို မြေ​ကြီး​ပေါ်​က သုတ်​သင်​ပယ်​ရှင်း​လု​ပါ​ပြီ။ သို့​သော်​လည်း၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​ကို အ​ကျွန်ုပ်​မ​စွန့်​ပါ။ 88က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ နှုတ်​တော်​ထွက် ဗျာ​ဒိတ်​တော်​ကို စောင့်​ပါ​မည်။
နှုတ်​က​ပတ်​တော်​ကို​ကိုး​စား​ခြင်း
89အို​ထာ​ဝ​ရ​ဘု​ရား၊ နှုတ်​က​ပတ်​တော်​သည် ကောင်း​ကင်​ဘုံ၌ အ​စဉ်​အ​မြဲ​တည်​ပါ၏။ 90သ​စ္စာ​တော်​သည် လူ​မျိုး​အ​ဆက်​ဆက် မြဲ​မြံ​ပါ၏။ မြေ​ကြီး​ကို တည်​စေ​တော်​မူ​သ​ဖြင့်၊ သူ​သည် အ​မြဲ​နေ​ပါ၏။ 91ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်၍ စီ​ရင်​တော်​မူ​သည်​နှင့်​အ​ညီ၊ ယ​နေ့​တိုင်​အောင် အ​မြဲ​နေ​ကြ​ပါ၏။ 92အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​တ​ရား၌ မွေ့​လျော်​ခြင်း​မ​ရှိ​လျှင်၊ အ​ထက်​က​ဆင်း​ရဲ​ခံ​စဉ် ပျက်​စီး​ပါ​ပြီ။ 93ကိုယ်​တော်၏ ဥ​ပ​ဒေ​များ​ကို အ​စဉ်​မ​မေ့​မ​လျော့​နိုင်​ပါ။ အ​ကြောင်း​မူ​ကား၊ ထို​ဥ​ပ​ဒေ​သ​များ​အား​ဖြင့်၊ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ၏။ 94အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ပါ၏။ ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို ရှာ​ဖွေ​လိုက်​စစ်​သော​ကြောင့် အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ။ 95အ​ကျွန်ုပ်​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ မ​တ​ရား​သော​သူ​တို့​သည် စောင့်​လျက်​နေ​ကြ​ပါ၏။ သို့​သော်​လည်း၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​ဆင်​ခြင် အောက်​မေ့​ပါ​မည်။ 96ခပ်​သိမ်း​သော စုံ​လင်​ခြင်း၏​အ​ဆုံး​ကို အ​ကျွန်ုပ် မြင်​ပါ​ပြီ။ ပ​ညတ်​တ​ရား​တော်​မူ​ကား၊ အ​လွန်​ကျယ်​ဝန်း​ပါ၏။
တ​ရား​တော်​ကို​နှစ်​သက်​မြတ်​နိုး​ခြင်း
97ကိုယ်​တော်၏​တ​ရား​ကို အ​ကျွန်ုပ်​သည် အ​လွန် နှစ်​သက်​ပါ၏။ တစ်​နေ့​လုံး ဆင်​ခြင်​အောက်​မေ့​လျက် နေ​ပါ၏။ 98ပ​ညတ်​တ​ရား​တော်​သည် အ​ကျွန်ုပ်၏​ရန်​သူ​တို့​ထက်၊ အ​ကျွန်ုပ်​ကို​သာ၍ ပ​ညာ​ရှိ​စေ​ပါ၏။ ပ​ညတ်​တ​ရား​တော်​သည် အ​ကျွန်ုပ်၌ အ​စဉ်​တည်​ပါ၏။ 99သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​သည် ဆင်​ခြင်​အောက်​မေ့​သော​ကြောင့်၊ အ​ကျွန်ုပ်၏ ဆ​ရာ​အ​ပေါင်း​တို့​ထက် သာ၍​နား​လည်​ပါ၏။ 100ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို စောင့်​သော​ကြောင့်၊ အ​သက်​ကြီး​သူ​တို့​ထက် သာ၍ ဉာဏ်​ကောင်း​ပါ၏။ 101နှုတ်​က​ပတ်​တော်​ကို စောင့်​လို​သော​ငှာ၊ မ​ကောင်း​သော​လမ်း​ရှိ​သ​မျှ​တို့​ကို လွှဲ​ရှောင်​ပါ၏။ 102ကိုယ်​တော်​သည် သွန်​သင်​တော်​မူ​သော​ကြောင့်၊ စီ​ရင်​တော်​မူ​ချက်​တို့​မှ အ​ကျွန်ုပ်​လွှဲ၍ မ​သွား​ပါ။ 103မိန့်​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​အာ​ခေါင်၌ အ​လွန်​ချို​ကြ​ပါ၏။ ခံ​တွင်း​ထဲ​မှာ ပျား​ရည်​ထက်​သာ၍ ချို​ကြ​ပါ​၏။ 104ကိုယ်​တော်​၏ ဥ​ပ​ဒေ​သ​များ​အား​ဖြင့်၊ အ​ကျွန်ုပ်​သည် ဉာဏ်​တိုး​ပွား၍၊ မိ​စ္ဆာ​လမ်း​ရှိ​သ​မျှ​တို့​ကို မုန်း​ပါ၏။
နှုတ်​က​ပတ်​တော်​မှ​အ​လင်း
105နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်​ခြေ​ရှေ့​မှာ မီး​ခွက်​ဖြစ်၍၊ အ​ကျွန်ုပ်​လမ်း​ခ​ရီး​ကို လင်း​စေ​ပါ၏။ 106ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ပါ​မည်​ဟု အ​ကျွန်ုပ်​ကျိန်​ဆို​သည် အ​တိုင်း​ပြု​ပါ​မည်။ 107အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​ပါ၏။ နှုတ်​က​ပတ်​တော်​အ​တိုင်း အ​သက်​ရှင်​စေ​တော်​မူ​ပါ။ 108အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် စေ​တ​နာ​စိတ်​ရှိ၍၊ ကိုယ်​နှုတ်​နှင့်​ဆက်​သော ပူ​ဇော်​သ​ကာ​တို့​ကို နှစ်​သက်​တော်​မူ​ပါ၏။ စီ​ရင်​တော်​မူ​ချက်​တို့​ကို​လည်း၊ အ​ကျွန်ုပ်၌ သွန်​သင်​တော်​မူ​ပါ​ဟု တောင်း​ပန်​ပါ​၏။ 109အ​ကျွန်ုပ်​အ​သက်​သည် ကိုယ်​လက်၌ အ​စဉ်​ရှိ​ပါ၏။ သို့​သော်​လည်း၊ တ​ရား​တော်​ကို မ​မေ့​မ​လျော့​ပါ။ 110မ​တ​ရား​သော​သူ​တို့​သည် အ​ကျွန်ုပ်​ဖို့ ကျော့​ကွင်း​ကို ထောင်​ထား​ကြ​ပါ၏။ သို့​သော်​လည်း၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​မှ လွှဲ၍​မ​သွား​ပါ။ 111သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​နှ​လုံး​ရွှင်​လန်း​ရာ​ဖြစ်၍၊ ကိုယ်​အ​မွေ​ဥ​စ္စာ​ဖို့ အ​စဉ်​အ​မြဲ ခံ​ယူ​ပါ၏။ 112အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​ဆုံး​တိုင်​အောင် အ​စဉ် လိုက်​ခြင်း​အ​လို​ငှာ၊ ကိုယ်​စိတ်​နှ​လုံး​ကို တိုက်​တွန်း​ပါ၏။
နှုတ်​က​ပတ်တော်​၏လုံ​ခြုံ​မှု
113အ​ကျွန်ုပ်​သည် အ​ဓ​မ္မ​လူ​တို့​ကို မုန်း​၍၊ ကိုယ်​တော်၏​တ​ရား​ကို နှစ်​သက်​ပါ၏။ 114ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ကွယ်​အ​ကာ၊ အ​ကျွန်ုပ်၏​ဒိုင်း​လွှား ဖြစ်​တော်​မူ၏။ နှုတ်​က​ပတ်​တော်​ကို မျှော်​လင့်​လျက်​နေ​ပါ၏။ 115ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့၊ ငါ့​ထံ​မှ ဖယ်​သွား​ကြ။ ငါ​သည် ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​တို့​ကို ကျင့်​စော​င့်​မည်။ 116အ​ကျွန်ုပ်​သည် အ​သက်​ရှင်​ပါ​မည်​အ​ကြောင်း၊ မိန့်​တော်​မူ​ချက်​အ​တိုင်း ထောက်​မ​တော်​မူ​ပါ။ အ​ကျွန်ုပ် မျှော်​လင့်​ခြင်း​အ​ကြောင်း​မှ မ​ရှက်​မ​ကြောက်​ပါ​စေ​နှင့်။ 117အ​ကျွန်ုပ်​သည် ချမ်း​သာ​ရ​ပါ​မည်​အ​ကြောင်း မ​စ​တော်​မူ​ပါ။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​စဉ်​အ​မြဲ ထောက်​ရှု​ပါ​မည်။ 118အ​ထုံး​အ​ဖွဲ့​တော်​တို့​မှ လွှဲ​သွား​သ​မျှ​သော​သူ​တို့​ကို ပယ်​တော်​မူ၏။ သူ​တို့​ပ​ရိ​ယာယ်​သည် မု​သား​ဖြစ်​ပါ၏။ 119မ​တ​ရား​သော မြေ​သား​အ​ပေါင်း​တို့​ကို ချော်​ကဲ့​သို့ မှတ်​တော်​မူ၏။ ထို​ကြောင့် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​နှစ်​သက်​ပါ၏။ 120ကိုယ်​တော်​ကို ထိတ်​လန့်​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ကြက်​သီး​မွေး​ညင်း​ထ၍၊ စီ​ရင်​တော်​မူ​ချက်​တို့​မှ ကြောက်​ပါ၏။
နှုတ်​က​ပတ်တော်​ကို​လိုက်​လျှောက်​ခြင်း
121အ​ကျွန်ုပ်​သည် တ​ရား​ဆုံး​ဖြတ်​ခြင်း၊ ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​ကို ပြု​ပါ​ပြီ။ ညှဉ်း​ဆဲ​သော သူ​တို့​လက်၌ အ​ကျွန်ုပ်​ကို ပစ်​ထား​တော်​မ​မူ​ပါ​နှင့်။ 122ကိုယ်​တော်၏ ကျွန်​အ​ဖို့​အ​လို​ငှာ အာ​မ​ခံ​တော်​မူ​ပါ။ မာ​န​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို မ​နှိပ်​စက်​ကြ​ပါ​စေ​နှင့်။ 123ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​နှင့် ယှဉ်​သော ဗျာ​ဒိတ်​တော်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​မျက်​စိ​သည်​မျှော်၍ အား​ကုန်​ပါ​ပြီ။ 124က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း၊ ကိုယ်​တော်၏​ကျွန်၌​ပြု၍၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။ 125အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို နား​လည်​နိုင်​သော ဉာဏ်​ကို ပေး​သ​နား​တော်​မူ​ပါ။ 126အို ထာ​ဝ​ရ​ဘု​ရား၊ စီ​ရင်​တော်​မူ​ချိန် ရောက်​ပါ​ပြီ။ သူ​တစ်​ပါး​များ​တို့​သည် တ​ရား​တော်​ကို ပယ်​ကြ​ပါ၏။ 127အ​ကျွန်ုပ်​မူ​ကား၊ ပ​ညတ်​တော်​တို့​ကို ရွှေ​ထက်​မ​က၊ ရွှေ​စင်​ထက် သာ၍ နှစ်​သက်​ပါ၏။ 128သို့​ဖြစ်​လျှင်၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​အ​လုံး​စုံ​တို့​သည် ဖြောင့်​ကြ​သည်​ဟု ထင်​မှတ်​လျက်၊ မိ​စ္ဆာ​လမ်း​ရှိ​သ​မျှ​တို့​ကို မုန်း​ပါ၏။
နှုတ်​က​ပတ်တော်​ကို​လိုက်​နာ​ရန်
129သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်၍၊ အ​ကျွန်ုပ်​ဝိ​ညာဉ်​သည် စောင့်​ရှောက်​တတ်​ပါ၏။ 130နှုတ်​က​ပတ်​တော်​ကို ဖွင့်​ပြ​ခြင်း​သည် အ​လင်း​ကို​ပေး၍၊ မ​လိ​မ္မာ​သော​သူ​တို့​ကို လိ​မ္မာ​စေ​တတ်​ပါ၏။ 131ပ​ညတ်​တော်​တို့​ကို အ​ကျွန်ုပ်​တောင့်​တ​အား​ကြီး​သ​ဖြင့်၊ နှုတ်​ကို​ဖွင့်၍ ပန်း​ဟိုက်​ပါ၏။ 132နာ​မ​တော်​ကို​ချစ်​သော သူ​တို့၌ ပြု​တော်​မူ​တတ်​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​ကို ကြည့်​ရှု၍ ကယ်​မ​သ​နား​တော်​မူ​ပါ။ 133မိန့်​တော်​မူ​ချက်​အ​စဉ်​အ​တိုင်း အ​ကျွန်ုပ်​ခြေ​လှမ်း​တို့​ကို ဖြောင့်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို အ​ဘယ်​မည်​သော ဒု​စ​ရိုက်​မျှ အ​စိုး​မ​ရ​ပါ​စေ​နှင့်။ 134လူ​တို့၏​ညှဉ်း​ဆဲ​ခြင်း​ထဲ​က အ​ကျွန်ုပ်​ကို ရွေး​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို စောင့်​ပါ​မည်။ 135မျက်​နှာ​တော်၏​အ​လင်း​ကို ကိုယ်​တော်၏​ကျွန်​အ​ပေါ်​မှာ ထွန်း​လင်း​စေ၍၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။ 136သူ​တစ်​ပါး​များ​တို့​သည် တ​ရား​တော်​ကို​မ​စောင့်​သော​ကြောင့်၊ အ​ကျွန်ုပ်​မျက်​စိ​တို့​မှ မျက်​ရည်​သည် မြစ်​ရေ​ကဲ့​သို့ စီး​ပါ​၏။
နှုတ်​က​ပတ်​တော်​၏​တ​ရား​မျှ​တ​ခြင်း
137အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​တော်​မူ၏။ စီ​ရင်​တော်​မူ​ချက်​တို့​သည် ဖြောင့်​မတ်​ကြ​ပါ​၏။ 138ထား​တော်​မူ​သော သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည်​လည်း တ​ရား​နှင့်​ညီ၍ သ​စ္စာ​မြဲ​ကြ​ပါ၏။ 139ရန်​သူ​တို့​သည် စ​ကား​တော်​တို့​ကို မေ့​လျော့​သော​ကြောင့်၊ စွဲ​လန်း​ပူ​ပန်​ခြင်း​စိတ်​သည် အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​ပါ​၏။ 140နှုတ်​က​ပတ်​တော်​သည် အ​လွန်​စင်​ကြယ်​သည်​ဖြစ်၍၊ ကိုယ်​တော်၏​ကျွန်​သည် နှစ်​သက်​ပါ၏။ 141အ​ကျွန်ုပ်​သည် ငယ်​သော​သူ၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်​ပါ၏။ သို့​သော်​လည်း၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​ကို မ​မေ့​မ​လျော့​ပါ။ 142ဖြောင့်​မတ်​တော်​မူ​ခြင်း​သည် နိ​စ္စ​ထာ​ဝ​ရ​ဖြောင့်​မတ်​ခြင်း​ဖြစ်​ပါ၏။ ကိုယ်​တော်၏​တ​ရား​သည် သ​စ္စာ​တ​ရား​ဖြစ်​ပါ၏။ 143ဆင်း​ရဲ​ညှိုး​ငယ်​ခြင်း​သို့ ရောက်​သော်​လည်း၊ ပ​ညတ်​တော်​တို့​သည် အ​ကျွန်ုပ်​မွေ့​လျော်​ရာ ဖြစ်​ပါ၏။ 144သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​စဉ်​အ​မြဲ ဖြောင့်​ကြ​ပါ၏။ အ​ကျွန်ုပ်​သည် အ​သက်​ရှင်​ပါ​မည်​အ​ကြောင်း၊ ဉာဏ်​ကို​ပေး​သ​နား​တော်​မူ​ပါ။
ကယ်​နုတ်​တော်​မူ​ရန်​ဆု​တောင်း
145အ​ကျွန်ုပ်​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​အော်​ဟစ်​ပါ​၏။ အို​ထာ​ဝ​ရ​ဘု​ရား နား​ထောင်​တော်​မူ​ပါ။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို စောင့်​ပါ​မည်။ 146ကိုယ်​တော်​ကို အော်​ဟစ်​ပါ၏။ ကယ်​တင်​တော်​မူ​ပါ။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်​ပါ​မည်။ 147မိုး​မ​လင်း​မီ အ​ကျွန်ုပ် အော်​ဟစ်​တတ်​ပါ၏။ နှုတ်​က​ပတ်​တော်​ကို မျှော်​လင့်​လျက်​နေ​ပါ၏။ 148ဗျာ​ဒိတ်​တော်​တို့​ကို ဆင်​ခြင်​အောက်​မေ့​လို​သော​ငှာ၊ ညဉ့်​ယံ​မ​လွန်​မီ အ​ကျွန်ုပ်​နိုး​တတ်​ပါ၏။ 149အို ထာ​ဝ​ရ​ဘု​ရား၊ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ စီ​ရင်​တော်​မူ​ချက်​နှင့်​အ​ညီ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ 150မ​ကောင်း​သော​အ​ကြံ​အ​စည်၌ ကျင်​လည်​သော သူ​တို့​သည် အ​နီး​သို့​ချဉ်း​ကြ​ပါ၏။ သူ​တို့​သည် ကိုယ်​တော်၏​တ​ရား​နှင့် ဝေး​ကြ​ပါ၏။ 151အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် နီး​တော်​မူ၏။ အ​လုံး​စုံ​သော ပ​ညတ်​တော်​တို့​သည် သ​စ္စာ​ဖြစ်​ကြ​ပါ၏။ 152သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​စဉ်​အ​မြဲ​ထား​တော်​မူ​ကြောင်း​ကို၊ ရှေ့​ဦး​စွာ​မှ​စ၍ အ​ကျွန်ုပ်​သိ​ပါ၏။
ကယ်​တင်​တော်​မူ​ရန်​ပန်​ကြား​ချက်
153အ​ကျွန်ုပ်​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​ကို​ကြည့်​ရှု၍၊ ကယ်​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်၏​တ​ရား​ကို မ​မေ့​မ​လျော့​ပါ။ 154အ​ကျွန်ုပ်​အ​မှု​ကို​စောင့်၍ အ​ကျွန်ုပ်​ကို ရွေး​နုတ်​တော်​မူ​ပါ။ ဗျာ​ဒိတ်​တော်​အား​ဖြင့် အ​သက်​ရှင်​စေ​တော်​မူ​ပါ။ 155မ​တ​ရား​သော​သူ​တို့​သည် အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို မ​ရှာ​သော​ကြောင့်၊ ကယ်​တင်​ခြင်း​နှင့် ဝေး​ကြ​ပါ၏။ 156အို​ထာ​ဝ​ရ​ဘု​ရား၊ သ​နား​စုံ​မက်​တော်​မူ​ခြင်း သ​ဘော​သည် ကြွယ်​ဝ​ပါ၏။ စီ​ရင်​တော်​မူ​ချက်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ 157အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​နှင့် ရန်​ဘက်​ပြု​သော​သူ​တို့​သည် များ​ကြ​ပါ၏။ သို့​သော်​လည်း၊ အ​ကျွန်ုပ်​သည် သက်​သေ​ခံ​တော်​မူ​ချက်​တို့​မှ လွှဲ၍​မ​သွား​ပါ။ 158သ​စ္စာ​မ​ရှိ​သော​သူ​တို့​ကို အ​ကျွန်ုပ်​သည်​မြင်၍ စိတ်​နာ​ပါ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဗျာ​ဒိတ်​တော်​စ​ကား​ကို နား​မ​ထောင်​ဘဲ နေ​ကြ​ပါ၏။ 159ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​ကို အ​ကျွန်ုပ်​နှစ်​သက်​ကြောင်း​ကို မှတ်​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ 160နှုတ်​က​ပတ်​တော်​အ​လုံး​စုံ​တို့​သည် ဟုတ်​မှန်​ပါ၏။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​ချက်​ရှိ​သ​မျှ​တို့​သည် အ​စဉ်​အ​မြဲ တည်​ကြ​ပါ၏။
တရားတော်​ကို​စိတ်​စွဲ​လမ်း​ခြင်း
161အ​စိုး​ရ​သော​သူ​တို့​သည် အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​ကို​ညှဉ်း​ဆဲ​ကြ​သော်​လည်း၊ အ​ကျွန်ုပ်​စိတ်​နှ​လုံး​သည် စ​ကား​တော်​ကို ကြောက်​ရွံ့​ပါ၏။ 162လက်​ရ​ဥ​စ္စာ​များ​ကို​တွေ့​သ​ကဲ့​သို့ ဗျာ​ဒိတ်​တော်​စ​ကား​ကြောင့် အ​ကျွန်ုပ်​ဝမ်း​မြောက်​ပါ၏။ 163မု​သား​စ​ကား​ကို ကြား​ပြင်း​ရွံ​ရှာ​ပါ၏။ တ​ရား​တော်​ကို​ကား နှစ်​သက်​ပါ၏။ 164ဖြောင့်​မတ်​စွာ​စီ​ရင်​တော်​မူ​ချက်​များ​ကြောင့် ကိုယ်​တော်​ကို တစ်​ရက်​လျှင် ခု​နစ်​ကြိမ်​ချီး​မွမ်း​တတ်​ပါ၏။ 165တ​ရား​တော်​ကို​နှစ်​သက်​သော​သူ​တို့၌ ကြီး​စွာ​သော​ငြိမ်​ဝပ်​ခြင်း​ရှိ​ပါ၏။ သူ​တို့ စိတ်​ပျက်​စ​ရာ​အ​ကြောင်း​မ​ရှိ​ပါ။ 166အို​ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​ကို အ​ကျွန်ုပ်​မျှော်​လင့်၍၊ ပ​ညတ်​တော်​တို့​ကို ကျင့်​ပါ၏။ 167သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​ဝိ​ညာဉ်​သည် စောင့်​ပါ၏။ အ​လွန်​နှစ်​သက်​ပါ၏။ 168ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​တို့​နှင့် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်​ပါ၏။ အ​ကျွန်ုပ်​အ​ကျင့်​ရှိ​သ​မျှ​တို့​သည် ရှေ့​တော်၌​ရှိ​ကြ​ပါ၏။
ကူ​မ​တော်​မူ​ရန်​ဆု​တောင်း
169အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အော်​ဟစ်​သံ​သည် ရှေ့​တော်​သို့ ရောက်​ပါ​စေ​သော။ နှုတ်​က​ပတ်​တော်​အ​တိုင်း ဉာဏ်​ကို ပေး​သ​နား​တော်​မူ​ပါ။ 170အ​သ​နား​ခံ​သော​စ​ကား​သည် ရှေ့​တော်​သို့ ရောက်​ပါ​စေ​သော။ ဗျာ​ဒိတ်​တော်​အ​တိုင်း အ​ကျွန်ုပ်​ကို ကယ်​နုတ်​တော်​မူ​ပါ။ 171အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်၏​နှုတ်​သည် ချီး​မွမ်း​ခြင်း​ကို မြွက်​ဆို​ပါ​မည်။ 172အ​လုံး​စုံ​သော​ပ​ညတ်​တော်​တို့​သည် ဖြောင့်​မတ်​ပါ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​လျှာ​သည် ဗျာ​ဒိတ်​တော်​ကို သီ​ချင်း​ဆို​ပါ​မည်။ 173ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို နှစ်​သက်​ပါ​သည်​ဖြစ်၍၊ လက်​တော်​သည် အ​ကျွန်ုပ်​ကို မ​စ​ပါ​စေ​သော။ 174အို ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​တောင့်​တ​ပါ၏။ တ​ရား​တော်​သည်​လည်း အ​ကျွန်ုပ်​မွေ့​လျော်​ရာ ဖြစ်​ပါ၏။ 175အ​ကျွန်ုပ်​သည် အ​သက်​ရှင်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​စေ​သော။ စီ​ရင်​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​ကို မ​စ​ကြ​ပါ​စေ​သော။ 176ပျောက်​သော​သိုး​ကဲ့​သို့ အ​ကျွန်ုပ်​သည် လမ်း​လွဲ​ပါ​ပြီ။ ကိုယ်​တော်၏​ကျွန်​ကို ရှာ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ပ​ညတ်​တော်​တို့​ကို မ​မေ့​မ​လျော့​ပါ။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 119: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။