YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:81-88

ဆာလံ 119:81-88 JBMLE

အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို တောင့်​တ​လျက်​နှင့် ခွန်​အား​လျော့​ပါ၏။ သို့​သော်​လည်း၊ နှုတ်​က​ပတ်​တော်​ကို မျှော်​လင့်​ပါ၏။ အ​ကျွန်ုပ်​ကို အ​ဘယ်​ကာ​လ​မှ ချမ်း​သာ​ပေး​တော်​မူ​ပါ​မည်​နည်း​ဟူ၍၊ အ​ကျွန်ုပ်​မျက်​စိ​တို့​သည် ဗျာ​ဒိတ်​တော်​ကို မျှော်​လင့်​လျက် အား​ကုန်​ပါ​၏။ မီး​ခိုး၌​ရှိ​သော သား​ရေ​ဘူး​ကဲ့​သို့ အ​ကျွန်ုပ်​ဖြစ်​ပါ၏။ သို့​သော်​လည်း၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို မ​မေ့​မ​လျော့​ပါ။ ကိုယ်​တော်၏​ကျွန်​နေ​ရ​သော နေ့​ရက်​ကာ​လ အ​ဘယ်​မျှ​လောက် ကြာ​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​အား၊ အ​ဘယ်​ကာ​လ​မှ တ​ရား​ဆုံး​ဖြတ်​တော်​မူ​မည်​နည်း။ မာ​န​ကြီး​သော​သူ၊ ကိုယ်​တော်၏​တ​ရား​ကို လွန်​ကျူး​သော သူ​တို့​သည် အ​ကျွန်ုပ်​အ​ဖို့ တွင်း​များ​ကို တူး​ကြ​ပါ​ပြီ။ အ​လုံး​စုံ​သော ပ​ညတ်​တော်​တို့​သည် သ​စ္စာ​နှင့် ပြည့်​စုံ​ကြ​ပါ၏။ သူ​တစ်​ပါး​တို့​သည် အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​ကြ​သည်​ဖြစ်၍၊ မ​စ​တော်​မူ​ပါ။ သူ​တို့​သည် အ​ကျွန်ုပ်​ကို မြေ​ကြီး​ပေါ်​က သုတ်​သင်​ပယ်​ရှင်း​လု​ပါ​ပြီ။ သို့​သော်​လည်း၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​ကို အ​ကျွန်ုပ်​မ​စွန့်​ပါ။ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ နှုတ်​တော်​ထွက် ဗျာ​ဒိတ်​တော်​ကို စောင့်​ပါ​မည်။