YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:71-77

ဆာလံ 119:71-77 JBMLE

အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်​ဆင်း​ရဲ​ခံ​ရ​သော ကျေး​ဇူး​သည် ကြီး​ပါ၏။ နှုတ်​တော်​ထွက် တ​ရား​တော်​သည် ရွှေ​ငွေ​အ​ထောင်​အ​သောင်း​ထက်​မ​က၊ အ​ကျွန်ုပ်၌ သာ၍​ကောင်း​ပါ၏။ ကိုယ်​တော်၏​လက်​တို့​သည် အ​ကျွန်ုပ်​ကို​ဖန်​ဆင်း၍၊ ပုံ​သ​ဏ္ဌာန်​ကို ပေး​တော်​မူ​ပြီ။ ပ​ညတ်​တော်​တို့​ကို အ​ကျွန်ုပ်​သင်​နိုင်​သော ဉာဏ်​နှင့် ပြည့်​စုံ​စေ​တော်​မူ​ပါ။ နှုတ်​က​ပတ်​တော်​ကို အ​ကျွန်ုပ်​မျှော်​လင့်​သော​ကြောင့်၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို​မြင်၍ ဝမ်း​မြောက်​ကြ​ပါ​လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ စီ​ရင်​တော်​မူ​ချက်​တို့​သည် ဟုတ်​မှန်​ကြောင်း​ကို​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​အ​ညီ အ​ကျွန်ုပ်​ကို ဆင်း​ရဲ​စေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း အ​ကျွန်ုပ်​သိ​ပါ၏။ ကိုယ်​တော်၏​ကျွန်၌ မိန့်​တော်​မူ​ချက်​အ​တိုင်း၊ က​ရု​ဏာ​တော်​သည် အ​ကျွန်ုပ်​ကို ချမ်း​သာ​ပေး​ပါ​စေ​သော​ဟု ဆု​တောင်း​ပါ၏။ ကိုယ်​တော်၏​တ​ရား​သည် အ​ကျွန်ုပ်​မွေ့​လျော်​ရာ ဖြစ်​ပါ၏။ ထို​ကြောင့် အ​ကျွန်ုပ်​အ​သက်​ရှင်​မည်​အ​ကြောင်း၊ သ​နား​စုံ​မက်​တော်​မူ​ခြင်း​သည် သက်​ရောက်​ပါ​စေ​သော။