YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:41-48

ဆာလံ 119:41-48 JBMLE

အို ထာ​ဝ​ရ​ဘု​ရား၊ ဗျာ​ဒိတ်​တော်​အ​တိုင်း က​ရု​ဏာ​တော်​တည်း​ဟူ​သော ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​တော်​သည် အ​ကျွန်ုပ်၌​ရောက်​ပါ​စေ​သော။ ထို​သို့ အ​ကျွန်ုပ်​သည် နှုတ်​က​ပတ်​တော်​ကို ကိုး​စား​သည်​ဖြစ်၍၊ ကဲ့​ရဲ့​သော​သူ၏​စ​ကား​ကို ချေ​စ​ရာ​အ​ကြောင်း ရှိ​ရ​ပါ​လိမ့်​မည်။ စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​မျှော်​လင့်​သည်​ဖြစ်၍၊ အ​ကျွန်ုပ်၏​နှုတ်​ထဲ​က သ​စ္စာ​စ​ကား​ကို အ​လျှင်း ရုပ်​သိမ်း​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်၏​တ​ရား​ကို မ​ခြား​မ​လပ် အ​စဉ်​အ​မြဲ ကျင့်​စောင့်​ပါ​မည်။ ပေး​တော်​မူ​သော ဩ​ဝါ​ဒ​များ​ကို အ​ကျွန်ုပ်​ရှာ​ဖွေ​မေး​မြန်း​သည်​ဖြစ်၍၊ အ​ဆီး​အ​တား​မ​ရှိ​ဘဲ သွား​လာ​ရ​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို မင်း​များ​ထံ​မှာ ပြန်​ပြော၍၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည် နှစ်​သက်​သော​ပ​ညတ်​တော်​တို့၌ မွေ့​လျော်​ပါ​မည်။ နှစ်​သက်​သော ပ​ညတ်​တော်​တို့​အား​လက်​တို့​ကို​ချီ၍၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို ဆင်​ခြင်​အောက်​မေ့​ပါ​မည်။