YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:33-56

ဆာလံ 119:33-56 JBMLE

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ထုံး​အ​ဖွဲ့​တော်​လမ်း​ကို အ​ကျွန်ုပ်​အား သွန်​သင်​တော်​မူ​ပါ။ အ​ဆုံး​တိုင်​အောင် လိုက်​သွား​ပါ​မည်။ ဉာဏ်​ကို ပေး​တော်​မူ​ပါ။ တ​ရား​တော်​ကို စောင့်​ပါ​မည်။ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​စောင့်​ပါ​မည်။ ပ​ညတ်​တော်​လမ်း​၌ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​ပါ။ ထို​လမ်း​ကို​နှစ်​သက်​ပါ၏။ အ​ကျွန်ုပ်​စိတ်​နှ​လုံး​ကို လော​ဘ​ဘက်​သို့​မ​ဟုတ်၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ဘက်​သို့ ဆွဲ​တော်​မူ​ပါ။ အ​န​တ္တ​ကို ပ​မာ​ဏ​မ​ပြု​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​မျက်​စိ​ကို အ​ခြား​သို့​လွှဲ​တော်​မူ​ပါ။ လမ်း​ခ​ရီး​တော်၌ အ​ကျွန်ုပ်​အ​သက်​ရှင်​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ကို ကြောက်​ရွံ့​သော ကိုယ်​တော်၏​ကျွန်၌ ဗျာ​ဒိတ်​တော်​ကို တည်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကြောက်​သော​ကဲ့​ရဲ့​ခြင်း​ကို ပယ်​ပျောက်​စေ​တော်​မူ​ပါ။ စီ​ရင်​တော်​မူ​ချက်​တို့​သည် ကောင်း​မွန်​ကြ​ပါ၏။ ပေး​တော်​မူ​သော​ဩ​ဝါ​ဒ​များ​ကို တောင့်​တ​ပါ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​အား​ဖြင့် အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ဗျာ​ဒိတ်​တော်​အ​တိုင်း က​ရု​ဏာ​တော်​တည်း​ဟူ​သော ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​တော်​သည် အ​ကျွန်ုပ်၌​ရောက်​ပါ​စေ​သော။ ထို​သို့ အ​ကျွန်ုပ်​သည် နှုတ်​က​ပတ်​တော်​ကို ကိုး​စား​သည်​ဖြစ်၍၊ ကဲ့​ရဲ့​သော​သူ၏​စ​ကား​ကို ချေ​စ​ရာ​အ​ကြောင်း ရှိ​ရ​ပါ​လိမ့်​မည်။ စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​မျှော်​လင့်​သည်​ဖြစ်၍၊ အ​ကျွန်ုပ်၏​နှုတ်​ထဲ​က သ​စ္စာ​စ​ကား​ကို အ​လျှင်း ရုပ်​သိမ်း​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်၏​တ​ရား​ကို မ​ခြား​မ​လပ် အ​စဉ်​အ​မြဲ ကျင့်​စောင့်​ပါ​မည်။ ပေး​တော်​မူ​သော ဩ​ဝါ​ဒ​များ​ကို အ​ကျွန်ုပ်​ရှာ​ဖွေ​မေး​မြန်း​သည်​ဖြစ်၍၊ အ​ဆီး​အ​တား​မ​ရှိ​ဘဲ သွား​လာ​ရ​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို မင်း​များ​ထံ​မှာ ပြန်​ပြော၍၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည် နှစ်​သက်​သော​ပ​ညတ်​တော်​တို့၌ မွေ့​လျော်​ပါ​မည်။ နှစ်​သက်​သော ပ​ညတ်​တော်​တို့​အား​လက်​တို့​ကို​ချီ၍၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို ဆင်​ခြင်​အောက်​မေ့​ပါ​မည်။ အ​ကျွန်ုပ် မျှော်​လင့်​စ​ရာ​အ​ကြောင်း၊ ကိုယ်​တော်၏​ကျွန်၌​ထား​တော်​မူ​သော နှုတ်​က​ပတ်​တော်​ကို အောက်​မေ့​တော်​မူ​ပါ။ ဗျာ​ဒိတ်​တော်​အား​ဖြင့် အ​ကျွန်ုပ်​အ​သက်​ရှင်​သည်​ဖြစ်၍၊ ဆင်း​ရဲ​ကို​ခံ​ရ​စဉ်​တွင်၊ ထို​နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်​သက်​သာ​စ​ရာ​အ​ကြောင်း ဖြစ်​ပါ၏။ မာ​န​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို အ​လွန်​ကဲ့​ရဲ့​သော်​လည်း၊ ကိုယ်​တော်၏​တ​ရား​လမ်း​ကို အ​ကျွန်ုပ်​မ​ရှောင်​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ရှေး​ကာ​လ၌ စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ် အောက်​မေ့၍၊ ကိုယ်​ကို​ကိုယ် နှစ်​သိမ့်​စေ​ပါ၏။ တ​ရား​တော်​ကို စွန့်​ပယ်​သော အ​ဓ​မ္မ​လူ​တို့​ကြောင့်၊ အ​ကျွန်ုပ်၌ ပူ​လောင်​သော​စိတ် စွဲ​လန်း​လျက် ရှိ​ပါ၏။ အ​ကျွန်ုပ်​ဧည့်​သည် နေ​ရာ​အိမ်​တွင် အ​ထုံး​အ​ဖွဲ့​တော်​တို့​သည် အ​ကျွန်ုပ်​သီ​ချင်း​ဆို​ရာ​အ​ကြောင်း ဖြစ်​ကြ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ည​အ​ချိန်၌ နာ​မ​တော်​ကို အ​ကျွန်ုပ်​အောက်​မေ့၍ တ​ရား​တော်​ကို​စောင့်​ပါ၏။ ပေး​တော်​မူ​သော​ဩ​ဝါ​ဒ​များ​ကို နား​ထောင်​သော​အား​ဖြင့် အား​ရ​ပါ၏။