YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:20-27

ဆာလံ 119:20-27 JBMLE

စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​စဉ်​မ​ပြတ် တောင့်​တ​သော​အား​ဖြင့်၊ အ​ကျွန်ုပ်၏ စိတ်​နှ​လုံး​ကြေ​ကွဲ​လျက်​ရှိ​ပါ၏။ မာ​န​ကြီး​သော​သူ​နှင့် ပ​ညတ်​တော်​တို့​ကို လွန်​ကျူး၍၊ အ​ကျိန်​ခံ​ရ​သော သူ​တို့​ကို ကိုယ်​တော် ဆုံး​မ​တော်​မူ၏။ အ​ကျွန်ုပ်​သည် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်​ပါ​သည်​ဖြစ်၍၊ ကဲ့​ရဲ့​ခြင်း၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​နှင့် ကင်း​လွတ်​စေ​တော်​မူ​ပါ။ မင်း​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ ထိုင်၍ ပြော​ကြ​ပါ၏။ ကိုယ်​တော်၏​ကျွန်​မူ​ကား၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို ဆင်​ခြင်​လျက်​နေ​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​မွေ့​လျော်​ရာ၊ အ​ကျွန်ုပ်​တိုင်​ပင်​ရာ ဖြစ်​ကြ​ပါ၏။ အ​ကျွန်ုပ်၏​အ​သက်​သည် မြေ​မှုန့်၌ မှီ​ဝဲ​လျက်​ရှိ​ပါ၏။ နှုတ်​က​ပတ်​တော်​အ​တိုင်း အ​သက်​ရှင်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ကိုယ်​အ​ကျင့်​တို့​ကို​ဖော်​ပြ၍၊ ကိုယ်​တော်​သည် နား​ထောင်​တော်​မူ​ပြီ။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​ကျွန်ုပ်၌ သွန်​သင်​တော်​မူ​ပါ။ ပေး​တော်​မူ​သော ဩ​ဝါ​ဒ​လမ်း​ကို အ​ကျွန်ုပ်​နား​လည်​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင် အံ့​ဖွယ်​သော အ​မှု​တော်​တို့​ကို ဆင်​ခြင်​အောက်​မေ့​ပါ​မည်။

​ဆာလံ 119:20-27 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။