YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:17-24

ဆာလံ 119:17-24 JBMLE

ကိုယ်​တော်၏​ကျွန်​သည် အ​သက်​ရှင်၍၊ နှုတ်​က​ပတ်​တော်​ကို စောင့်​နိုင်​ပါ​မည်​အ​ကြောင်း၊ ကျေး​ဇူး​ပြု​တော်​မူ​ပါ။ တ​ရား​တော်၌ အံ့​ဖွယ်​သော​အ​ရာ​တို့​ကို မြင်​နိုင်​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏​မျက်​စိ​တို့​ကို ဖွင့်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် မြေ​ကြီး​ပေါ်​မှာ ဧည့်​သည်​ဖြစ်​ပါ၏။ ပ​ညတ်​တော်​တို့​ကို ဝှက်​ထား​တော်​မ​မူ​ပါ​နှင့်။ စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​စဉ်​မ​ပြတ် တောင့်​တ​သော​အား​ဖြင့်၊ အ​ကျွန်ုပ်၏ စိတ်​နှ​လုံး​ကြေ​ကွဲ​လျက်​ရှိ​ပါ၏။ မာ​န​ကြီး​သော​သူ​နှင့် ပ​ညတ်​တော်​တို့​ကို လွန်​ကျူး၍၊ အ​ကျိန်​ခံ​ရ​သော သူ​တို့​ကို ကိုယ်​တော် ဆုံး​မ​တော်​မူ၏။ အ​ကျွန်ုပ်​သည် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်​ပါ​သည်​ဖြစ်၍၊ ကဲ့​ရဲ့​ခြင်း၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​နှင့် ကင်း​လွတ်​စေ​တော်​မူ​ပါ။ မင်း​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ ထိုင်၍ ပြော​ကြ​ပါ၏။ ကိုယ်​တော်၏​ကျွန်​မူ​ကား၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို ဆင်​ခြင်​လျက်​နေ​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​မွေ့​လျော်​ရာ၊ အ​ကျွန်ုပ်​တိုင်​ပင်​ရာ ဖြစ်​ကြ​ပါ၏။