YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:169-176

ဆာလံ 119:169-176 JBMLE

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အော်​ဟစ်​သံ​သည် ရှေ့​တော်​သို့ ရောက်​ပါ​စေ​သော။ နှုတ်​က​ပတ်​တော်​အ​တိုင်း ဉာဏ်​ကို ပေး​သ​နား​တော်​မူ​ပါ။ အ​သ​နား​ခံ​သော​စ​ကား​သည် ရှေ့​တော်​သို့ ရောက်​ပါ​စေ​သော။ ဗျာ​ဒိတ်​တော်​အ​တိုင်း အ​ကျွန်ုပ်​ကို ကယ်​နုတ်​တော်​မူ​ပါ။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်၏​နှုတ်​သည် ချီး​မွမ်း​ခြင်း​ကို မြွက်​ဆို​ပါ​မည်။ အ​လုံး​စုံ​သော​ပ​ညတ်​တော်​တို့​သည် ဖြောင့်​မတ်​ပါ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​လျှာ​သည် ဗျာ​ဒိတ်​တော်​ကို သီ​ချင်း​ဆို​ပါ​မည်။ ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို နှစ်​သက်​ပါ​သည်​ဖြစ်၍၊ လက်​တော်​သည် အ​ကျွန်ုပ်​ကို မ​စ​ပါ​စေ​သော။ အို ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​တောင့်​တ​ပါ၏။ တ​ရား​တော်​သည်​လည်း အ​ကျွန်ုပ်​မွေ့​လျော်​ရာ ဖြစ်​ပါ၏။ အ​ကျွန်ုပ်​သည် အ​သက်​ရှင်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​စေ​သော။ စီ​ရင်​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​ကို မ​စ​ကြ​ပါ​စေ​သော။ ပျောက်​သော​သိုး​ကဲ့​သို့ အ​ကျွန်ုပ်​သည် လမ်း​လွဲ​ပါ​ပြီ။ ကိုယ်​တော်၏​ကျွန်​ကို ရှာ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ပ​ညတ်​တော်​တို့​ကို မ​မေ့​မ​လျော့​ပါ။