YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:148-154

ဆာလံ 119:148-154 JBMLE

ဗျာ​ဒိတ်​တော်​တို့​ကို ဆင်​ခြင်​အောက်​မေ့​လို​သော​ငှာ၊ ညဉ့်​ယံ​မ​လွန်​မီ အ​ကျွန်ုပ်​နိုး​တတ်​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ စီ​ရင်​တော်​မူ​ချက်​နှင့်​အ​ညီ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ မ​ကောင်း​သော​အ​ကြံ​အ​စည်၌ ကျင်​လည်​သော သူ​တို့​သည် အ​နီး​သို့​ချဉ်း​ကြ​ပါ၏။ သူ​တို့​သည် ကိုယ်​တော်၏​တ​ရား​နှင့် ဝေး​ကြ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် နီး​တော်​မူ၏။ အ​လုံး​စုံ​သော ပ​ညတ်​တော်​တို့​သည် သ​စ္စာ​ဖြစ်​ကြ​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​စဉ်​အ​မြဲ​ထား​တော်​မူ​ကြောင်း​ကို၊ ရှေ့​ဦး​စွာ​မှ​စ၍ အ​ကျွန်ုပ်​သိ​ပါ၏။ အ​ကျွန်ုပ်​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​ကို​ကြည့်​ရှု၍၊ ကယ်​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်၏​တ​ရား​ကို မ​မေ့​မ​လျော့​ပါ။ အ​ကျွန်ုပ်​အ​မှု​ကို​စောင့်၍ အ​ကျွန်ုပ်​ကို ရွေး​နုတ်​တော်​မူ​ပါ။ ဗျာ​ဒိတ်​တော်​အား​ဖြင့် အ​သက်​ရှင်​စေ​တော်​မူ​ပါ။