YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:145-152

ဆာလံ 119:145-152 JBMLE

အ​ကျွန်ုပ်​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​အော်​ဟစ်​ပါ​၏။ အို​ထာ​ဝ​ရ​ဘု​ရား နား​ထောင်​တော်​မူ​ပါ။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို စောင့်​ပါ​မည်။ ကိုယ်​တော်​ကို အော်​ဟစ်​ပါ၏။ ကယ်​တင်​တော်​မူ​ပါ။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်​ပါ​မည်။ မိုး​မ​လင်း​မီ အ​ကျွန်ုပ် အော်​ဟစ်​တတ်​ပါ၏။ နှုတ်​က​ပတ်​တော်​ကို မျှော်​လင့်​လျက်​နေ​ပါ၏။ ဗျာ​ဒိတ်​တော်​တို့​ကို ဆင်​ခြင်​အောက်​မေ့​လို​သော​ငှာ၊ ညဉ့်​ယံ​မ​လွန်​မီ အ​ကျွန်ုပ်​နိုး​တတ်​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ စီ​ရင်​တော်​မူ​ချက်​နှင့်​အ​ညီ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ မ​ကောင်း​သော​အ​ကြံ​အ​စည်၌ ကျင်​လည်​သော သူ​တို့​သည် အ​နီး​သို့​ချဉ်း​ကြ​ပါ၏။ သူ​တို့​သည် ကိုယ်​တော်၏​တ​ရား​နှင့် ဝေး​ကြ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် နီး​တော်​မူ၏။ အ​လုံး​စုံ​သော ပ​ညတ်​တော်​တို့​သည် သ​စ္စာ​ဖြစ်​ကြ​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​စဉ်​အ​မြဲ​ထား​တော်​မူ​ကြောင်း​ကို၊ ရှေ့​ဦး​စွာ​မှ​စ၍ အ​ကျွန်ုပ်​သိ​ပါ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။