YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:105-110

ဆာလံ 119:105-110 JBMLE

နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်​ခြေ​ရှေ့​မှာ မီး​ခွက်​ဖြစ်၍၊ အ​ကျွန်ုပ်​လမ်း​ခ​ရီး​ကို လင်း​စေ​ပါ၏။ ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ပါ​မည်​ဟု အ​ကျွန်ုပ်​ကျိန်​ဆို​သည် အ​တိုင်း​ပြု​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​ပါ၏။ နှုတ်​က​ပတ်​တော်​အ​တိုင်း အ​သက်​ရှင်​စေ​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် စေ​တ​နာ​စိတ်​ရှိ၍၊ ကိုယ်​နှုတ်​နှင့်​ဆက်​သော ပူ​ဇော်​သ​ကာ​တို့​ကို နှစ်​သက်​တော်​မူ​ပါ၏။ စီ​ရင်​တော်​မူ​ချက်​တို့​ကို​လည်း၊ အ​ကျွန်ုပ်၌ သွန်​သင်​တော်​မူ​ပါ​ဟု တောင်း​ပန်​ပါ​၏။ အ​ကျွန်ုပ်​အ​သက်​သည် ကိုယ်​လက်၌ အ​စဉ်​ရှိ​ပါ၏။ သို့​သော်​လည်း၊ တ​ရား​တော်​ကို မ​မေ့​မ​လျော့​ပါ။ မ​တ​ရား​သော​သူ​တို့​သည် အ​ကျွန်ုပ်​ဖို့ ကျော့​ကွင်း​ကို ထောင်​ထား​ကြ​ပါ၏။ သို့​သော်​လည်း၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​မှ လွှဲ၍​မ​သွား​ပါ။

​ဆာလံ 119:105-110 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား ဆာလံ 119:105-110 Judson Bible

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

10 နေ့ရက်များ

ဆာလံဆရာဖြစ်သော ဒါဝိဒ်မင်းကြီးသည် (ဆာ၊ ၁၁၉) တွင် ထာဝရဘုရား၏ နှုတ်ကပတ်တော်တရား၌ မွေ့လျော်ခြင်းအကြောင်းကို သေသပ်လှပစွာ စပ်ဆိုခဲ့သည်။ ဤဆာလံတွင် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ထူးမြတ်ခြင်း၊ ချီးမွမ်းဖွယ်ဖြစ်ခြင်းတို့ကို နှစ်လိုအားရစွာ ဖော်ကျူးရေးစပ်ထားသည်။ ဤ (၁၀) ရက်တာအစီစဉ်အားဖြင့် နှုတ်ကပတ်တော်တရား၏ ထူးခြားမှုနှင့် မြင့်မြတ်သောသဘောတရားကို ပိုမိုသိကျွမ်းစေလျက် ဒါဝိဒ်မင်းကြီးကဲ့သို့ နှုတ်ကပတ်တော်တရား၌ ချစ်မြတ်နိုးမှုကို ရစေပါလိမ့်မည်။ ကိုယ်တော်၏ တရားကို အကျွန်ုပ်သည် အလွန်နှစ်သက်ပါ၏။ တစ်နေ့လုံး ဆင်ခြင်အောက်မေ့လျက် နေပါ၏ (ဆာ၊ ၁၁၉း၉၇)။