YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 114:1-8

ဆာလံ 114:1-8 JBMLE

ဣ​သ​ရေ​လ​အ​မျိုး၊ ယာ​ကုပ်​အ​နွယ်​သည် ရိုင်း​သော​လူ​မျိုး​နေ​ရာ အဲ​ဂု​တ္တု​ပြည်​က​ထွက်​သွား​သော​အ​ခါ၊ ယု​ဒ​အ​မျိုး​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​ဖြစ်၏။ ဣ​သ​ရေ​လ​အ​မျိုး​သည် နိုင်​ငံ​တော်​ဖြစ်၏။ ပင်​လယ်​သည် မြင်၍​ပြေး​လေ၏။ ယော်​ဒန်​မြစ်​လည်း နောက်​သို့​လှည့်​လေ၏။ တောင်​ကြီး​တို့​သည် သိုး​ကဲ့​သို့​လည်း​ကောင်း၊ တောင်​ငယ်​တို့​သည် သိုး​သ​ငယ်​ကဲ့​သို့​လည်း​ကောင်း ခုန်​ကြ၏။ အ​ချင်း​ပင်​လယ်၊ သင်​ပြေး​သည်​အ​ကြောင်း၊ အ​ချင်း​ယော်​ဒန်​မြစ်၊ သင်​သည် နောက်​သို့​လှည့်​သည်​အ​ကြောင်း၊ အ​ချင်း​တောင်​ကြီး​တို့၊ သင်​တို့​သည် သိုး​ကဲ့​သို့​ခုန်​ကြ​သည်​အ​ကြောင်း၊ အ​ချင်း​တောင်​ငယ်​တို့၊ သင်​တို့​သည် သိုး​သ​ငယ်​ကဲ့​သို့​ခုန်​ကြ​သည်​အ​ကြောင်း​ကား အ​ဘယ်​သို့​နည်း။ အို​မြေ​ကြီး၊ အ​ရှင်၏​မျက်​နှာ​တော်​ရှေ့၊ ယာ​ကုပ်​အ​မျိုး​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏​မျက်​နှာ​တော်​ရှေ့​မှာ တုန်​လှုပ်​လျက်​နေ​လော့။ ဘု​ရား​သ​ခင်​သည် ကျောက်​ကို​ရေ​ကန်၊ မီး​ကျောက်​ကို စမ်း​ရေ​တွင်း​ဖြစ်​စေ​တော်​မူ​သ​တည်း။