YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 19

19
1ကောက်​လိမ်​သော စ​ကား​ကို သုံး​တတ်​သော​လူ​မိုက်​ထက်၊ ဖြောင့်​မတ်​ခြင်း​လမ်း​သို့ လိုက်​သော ဆင်း​ရဲ​သူ​သည် သာ၍​ကောင်း၏။ 2စိတ်​ဝိ​ညာဉ်​သည် ပ​ညာ​အ​တတ်​မ​ရှိ​ဘဲ မ​နေ​ကောင်း။ အ​လျင်​အ​မြန်​သွား​သော​သူ​သည်​လည်း မှား​ယွင်း​တတ်၏။ 3လူ​သည် မိုက်​သော​သ​ဘော​ကြောင့်၊ လမ်း​လွဲ၍ စိတ်​ထဲ​မှာ ထာ​ဝ​ရ​ဘု​ရား​ကို ကဲ့​ရဲ့​ပြစ်​တင်​တတ်၏။ 4စည်း​စိမ်​ရှိ​လျှင် အ​ဆွေ​ခင်​ပွန်း များ​တတ်၏။ ဆင်း​ရဲ​သော​သူ​မူ​ကား၊ မိ​မိ​အိမ်​နီး​ချင်း​နှင့်​မျှ မ​ပေါင်း​ဖော်​ရ။ 5မ​မှန်​သော​သက်​သေ​သည် အ​ပြစ်​မ​ခံ​ဘဲ​မ​နေ​ရ။ မု​သား​ကို​သုံး​သော​သူ​သည်​လည်း ဒဏ်​နှင့်​မ​လွတ်​ရ။ 6များ​သော​သူ​တို့​သည် မင်း​ကို ဖျောင်း​ဖျ​တတ်​ကြ၏။ လက်​ဆောင်​ပေး​သော​သူ​ကို​လည်း၊ လူ​တိုင်း မိတ်​ဆွေ​ဖွဲ့​တတ်၏။ 7ဆင်း​ရဲ​သော​သူ၏ ညီ​အစ်​ကို​ရှိ​သ​မျှ​တို့​သည် သူ့​ကို​မုန်း​တတ်​ကြ၏။ သူ၏​အ​ဆွေ​ခင်​ပွန်း​တို့​သည် သူ့​ကို​သာ၍ ဝေး​စွာ​ရှောင်​တတ်​ကြ၏။ လိုက်၍​ခေါ်​သော်​လည်း ကွယ်​ပျောက်​ကြ​ပြီ။ 8ပ​ညာ​ကို​ရ​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို ချစ်​ရာ​ရောက်၏။ ဉာဏ်​ကို​စွဲ​လမ်း​သော​သူ​သည်​လည်း၊ ကောင်း​ကျိုး​ကို ခံ​တတ်၏။ 9မ​မှန်​သော​သက်​သေ​သည် အ​ပြစ်​မ​ခံ​ဘဲ မ​နေ​ရ။ မု​သား​ကို​သုံး​သော​သူ​သည်​လည်း၊ ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။ 10မိုက်​သော​သူ​သည် မ​ပျော်​မွေ့​သင့်။ ထို​မျှ​မ​က၊ ကျွန်​သည်​မင်း​တို့​ကို အ​စိုး​မ​ရ​သင့်။ 11သ​မ္မာ​သ​တိ​ရှိ​သော​သူ​သည် မိ​မိ​အ​မျက်​ဒေါ​သ​ကို ချုပ်​တည်း​တတ်၏။ သူ​တစ်​ပါး​ပြစ်​မှား​ခြင်း​ကို သည်း​ခံ​သော​သူ​သည်​လည်း ဘုန်း​အ​သ​ရေ​ရှိ၏။ 12ရှင်​ဘု​ရင်၏​အ​မျက်​တော်​သည် ခြင်္သေ့​ဟောက်​သ​ကဲ့​သို့ ဖြစ်၏။ ကျေး​ဇူး​တော်​မူ​ကား၊ မြက်​ပေါ်​မှာ​ကျ​သော နှင်း​ရည်​ကဲ့​သို့ ဖြစ်၏။ 13မိုက်​သော​သား​သည် အ​ဘ​ဆင်း​ရဲ​စ​ရာ​အ​ကြောင်း ဖြစ်၏။ ရန်​တွေ့​တတ်​သော​မ​ယား​သည်​လည်း၊ အ​စက်​စက်​ကျ​သော မိုး​ပေါက်​နှင့်​တူ၏။ 14အိမ်​နှင့်​စည်း​စိမ်​သည် မိ​ဘ​အ​မွေ​ဥ​စ္စာ ဖြစ်၏။ သ​မ္မာ​သ​တိ​ရှိ​သော မ​ယား​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​ရာ​ဖြစ်၏။
15ပျင်း​ရိ​သော​သ​ဘော​သည် လွန်​ကျူး​စွာ အိပ်​ပျော်​စေ၍၊ ပျင်း​ရိ​သော​သူ​သည် အ​ငတ်​ခံ​ရ၏။ 16ပ​ညတ်​တ​ရား​ကို စောင့်​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို စောင့်​ရာ​ရောက်၏။ မိ​မိ​သွား​ရာ​လမ်း​တို့​ကို မ​ထီ​လေး​စား ပြု​သော​သူ​မူ​ကား၊ အ​သေ​ခံ​ရ၏။ 17ဆင်း​ရဲ​သား​ကို သ​နား​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား ချေး​ငှား​သော​သူ​ဖြစ်၍၊ သူ​ပြု​သော​အ​မှု၏​အ​ကျိုး​ကို ဆပ်​ပေး​တော်​မူ​လိမ့်​မည်။ 18မျှော်​လင့်​စ​ရာ​ရှိ​စဉ်​အ​ခါ၊ ကိုယ်​သား​ကို ဆုံး​မ​လော့။ သူ့​ကို​အ​ကျိုး​နည်း​အောင် သ​နား​သော​စိတ် မ​ရှိ​စေ​နှင့်။ 19ဒေါ​သ​အ​မျက်​ကြီး​သော​သူ​သည် အ​ပြစ်​ဒဏ်​ကို ခံ​ရ​လိမ့်​မည်။ သူ့​ကို​ကယ်​နုတ်​လျှင် အ​ဖန်​ဖန် ကယ်​နုတ်​ရ​မည်။ 20နောက်​ဆုံး​ကာ​လ၌ ပ​ညာ​ရှိ​ဖြစ်​လို​သော​ငှာ၊ ဆုံး​မ​သော​စ​ကား​ကို နား​ထောင်၍ နည်း​ဥ​ပ​ဒေ​ကို ခံ​ယူ​လော့။ 21လူ​သည် အ​ထူး​ထူး အ​ပြား​ပြား ကြံ​စည်​တတ်၏။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​ကြံ​တော်​သည် တည်​လိမ့်​မည်။ 22လူ​သည် စေ​တ​နာ​ရှိ​လျှင် ကျေး​ဇူး​ပြု​ရာ​ရောက်၏။ ဆင်း​ရဲ​သော​သူ​သည်​လည်း၊ မု​သား​သုံး​သော​သူ​ထက် သာ၍​ကောင်း၏။ 23ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် အ​သက်​ရှင်​ခြင်း​နှင့် ဆိုင်​သည်​ဖြစ်၍ ထို​သ​ဘော​ရှိ​သော​သူ​သည် အ​လို​ဆ​န္ဒ​ပြည့်​စုံ​လျက်​ရှိ၍၊ ဘေး​ဥ​ပဒ်​နှင့် ကင်း​လွတ်​လိမ့်​မည်။ 24ပျင်း​ရိ​သော​သူ​သည် မိ​မိ​လက်​ကို အိုး၌​သွင်း​သော်​လည်း တစ်​ဖန်​နုတ်၍ မိ​မိ​ပါး​စပ်​သို့ မ​ခွံ့​လို။ 25မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ကို​ရိုက်​လျှင် ဉာဏ်​တိမ်​သော​သူ​သည် သ​တိ​ရ​လိမ့်​မည်။ ဉာဏ်​ကောင်း​သော​သူ​ကို ဆုံး​မ​လျှင်၊ သူ​သည် ပ​ညာ​တ​ရား​ကို နား​လည်​လိမ့်​မည်။ 26အ​ဘ​ဥ​စ္စာ​ကို​ဖြုန်း၍ အ​မိ​ကို နှင်​ထုတ်​သော​သား​သည် အ​ရှက်​ခွဲ​သော​သား၊ ကဲ့​ရဲ့​ခြင်း​ကို ခံ​စေ​သော​သား​ဖြစ်၏။ 27ငါ့​သား၊ ပ​ညာ​တ​ရား​ကို ပယ်​စေ​ခြင်း​ငှာ၊ သွန်​သင်​သော​သူ၏​စ​ကား​ကို နား​မ​ထောင်​နှင့်။ 28အ​ဓ​မ္မ​သက်​သေ​သည် တ​ရား​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ မ​တ​ရား​သော​သူ​သည်​လည်း၊ ဒု​စ​ရိုက်​ကို​စား၍ မျို​တတ်၏။ 29မ​ထီ​မဲ့​မြင်​ပြု​သော​သူ​တို့​အ​ဖို့ အ​ပြစ်​စီ​ရင်​ခြင်း၊ မိုက်​သော​သူ​တို့၏​ကျော​အ​ဖို့ ဒဏ်​ပေး​ခြင်း​သည် အ​သင့်​ရှိ၏။

လက်ရှိရွေးချယ်ထားမှု

သုတ္တံ 19: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။