YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 17

17
1တစ်​အိမ်​လုံး​ပြည့်​သော ယဇ်​ပူ​ဇော်​ပွဲ​ကို ရန်​တွေ့​သော​စိတ်​နှင့် စား​ရ​သည်​ထက်၊ ငြိမ်​သက်​ခြင်း​နှင့် ယှဉ်​သော မုန့်​တစ်​လုပ်​စာ​သည် သာ၍​ကောင်း၏။ 2ပ​ညာ​ရှိ​သော​ကျွန်​သည် အ​ရှက်​ခွဲ​သော​သား​ကို​အုပ်​စိုး၍ ညီ​အစ်​ကို​တို့​နှင့်​အ​တူ အ​မွေ​ခံ​တတ်၏။ 3ငွေ​စစ်​စ​ရာ​ဖို့ မိုက်​ကို​လည်း​ကောင်း၊ ရွှေ​စစ်​စ​ရာ​ဖို့ မီး​ဖို​ကို​လည်း​ကောင်း သုံး​တတ်၏။ စိတ်​နှ​လုံး​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား စစ်​တော်​မူ၏။ 4မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​သည် မု​သား​စ​ကား​ကို ယုံ​တတ်၏။ မု​သား​သုံး​သော​သူ​သည်​လည်း ဆိုး​ညစ်​သော​စ​ကား​ကို နား​ထောင်​တတ်၏။ 5ဆင်း​ရဲ​သား​တို့​ကို မ​ထီ​လေး​စား​ပြု​သော​သူ​သည် ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​ကို ကဲ့​ရဲ့၏။ သူ​တစ်​ပါး၌​ဘေး​ရောက်​လျှင် ဝမ်း​မြောက်​တတ်​သော​သူ​သည်​လည်း အ​ပြစ်​ဒဏ်​နှင့် မ​လွတ်​ရ။ 6မြေး​တို့​သည် အ​သက်​ကြီး​သော​သူ၏ သ​ရ​ဖူ​ဖြစ်၏။ သား​တို့၏​ဘုန်း​ကား အ​ဘ​တည်း။ 7မြတ်​သော​စ​ကား​သည် မိုက်​သော​သူ​နှင့် မ​တော်​မ​သင့်။ ထို​မျှ​မ​က၊ မု​သား​စ​ကား​သည် မင်း​နှင့် မ​တော်​မ​သင့်။ 8လက်​ဆောင်​သည် ခံ​သော​သူ​အ​ထင်​အ​တိုင်း ကျောက်​မြတ်​ကဲ့​သို့ ဖြစ်၍၊ မျက်​နှာ​ပြု​လေ​ရာ​ရာ၌ အောင်​တတ်၏။ 9သူ​တစ်​ပါး​ပြစ်​မှား​သော အ​မှု​ကို ဝှက်​ထား​သော​သူ​သည် မေ​တ္တာ​ကို ပြု​စု၏။ ကြား​ပြော​သော​သူ​မူ​ကား၊ မိတ်​ဆွေ​တို့​ကို ကွဲ​ပြား​စေ၏။ 10မိုက်​သော​သူ​သည် ဒဏ်​ချက်​တစ်​ရာ​ကို အ​မှု​ထား​သည်​ထက်၊ ပ​ညာ​ရှိ​သော​သူ​သည် ဆုံး​မ​သော​စ​ကား​ကို သာ၍ အ​မှု​ထား​တတ်၏။ 11ပုန်​ကန်​သော​သူ​သည် မ​တ​ရား​သော​အ​မှု​ကို​သာ ပြု​စု​တတ်၏။ ထို​ကြောင့် ကြမ်း​ကြုတ်​သော​တ​မန်​ကို သူ့​ဆီ​သို့​စေ​လွှတ်​ရ၏။ 12မိုက်​သော​စိတ် ထ​ဆဲ​ရှိ​သော​လူ​မိုက်​နှင့် မ​တွေ့​ပါ​စေ​နှင့်။ သား​ငယ်​ပျောက်​သော​ဝံ​မ​နှင့် သာ၍​တွေ့​ပါ​စေ​သော။ 13အ​ကြင်​သူ​သည် ကျေး​ဇူး​ကို​မ​သိ၊ မ​ကောင်း​သော​အ​မှု​နှင့် ဆပ်၏၊ ထို​သူ၏​အိမ်​သည် မ​ကောင်း​သော​အ​မှု​နှင့် မ​ကင်း​မ​လွတ်​ရ။ 14ရန်​တွေ့​စ​အ​မှု​သည် ရေ​ကန်​ပေါင်​ပေါက်​စ​ကဲ့​သို့ ဖြစ်​သော​ကြောင့်၊ ရန်​မ​တွေ့​မီ တွေ့​စ​ရာ​အ​ကြောင်း​ကို ရှောင်​လော့။ 15မ​တ​ရား​သော​သူ​တို့​ကို အ​ပြစ်​မှ​လွှတ်​သော​သူ​နှင့်၊ ဖြောင့်​မတ်​သော​သူ​တို့​ကို အ​ပြစ်​စီ​ရင်​သော​သူ နှစ်​ယောက်​လုံး​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။
16မိုက်​သော​သူ​သည် ပ​ညာ​ကို အ​လို​မ​ရှိ​သည်​ဖြစ်၍၊ ပ​ညာ​အ​ဖိုး​ကို အ​ဘယ်​ကြောင့် သူ၌​အပ်​ရ​သ​နည်း။ 17အ​ဆွေ​ခင်​ပွန်း​သည် အ​ခါ​ခပ်​သိမ်း​ချစ်​တတ်၏။ ညီ​အစ်​ကို​သည် ဒု​က္ခ​ကာ​လ​အ​ဖို့ မွေး​ဖွား​လျက်​ရှိ၏။ 18ဉာဏ်​မဲ့​သော​သူ​သည် လက်​ဝါး​ချင်း​ရိုက်၍၊ အ​ဆွေ​ခင်​ပွန်း​ရှေ့​မှာ အာ​မ​ခံ​တတ်၏။ 19ရန်​တွေ့​ခြင်း​ကို နှစ်​သက်​သော​သူ​သည် လွန်​ကျူး​ခြင်း​ကို​လည်း နှစ်​သက်​တတ်၏။ မိ​မိ​တံ​ခါး​ကို ချီး​မြှင့်​သော​သူ​သည် ပျက်​စီး​ခြင်း​ကို​ရှာ​တတ်၏။ 20သ​ဘော​ကောက်​သော​သူ​သည် ကောင်း​သော​အ​ကျိုး​ကို မ​တွေ့​တတ်။ စ​ကား​လိမ်​သော​သူ​သည် ဘေး​ဥ​ပဒ်​နှင့် တွေ့​ကြုံ​တတ်၏။ 21မိုက်​သော​သူ​ကို ဖြစ်​ပွား​စေ​သော​သူ​သည် မိ​မိ​ကိုယ်​မိ​မိ ဝမ်း​နည်း​စေ​တတ်၏။ မိုက်​သော​သူ၏​အ​ဘ၌ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း မ​ရှိ။ 22စိတ်​ရွှင်​လန်း​ခြင်း​သည် ကျန်း​မာ​စေ​တတ်၏။ စိတ်​ပျက်​ခြင်း​မူ​ကား၊ အ​ရိုး​တို့​ကို သွေ့​ခြောက်​စေ​တတ်၏။ 23မ​တ​ရား​သော​သူ​သည် တ​ရား​လမ်း​ကို​ဖျက်​သော အ​ဖိုး​တံ​စိုး​ကို သူ​တစ်​ပါး၏​ခါး​ပိုက်​အိတ်​ထဲ​က နှိုက်​ယူ​တတ်၏။ 24ဉာဏ်​ရှိ​သော​သူ​သည် ပ​ညာ​ကို​မျက်​မှောက်​ပြု​တတ်၏။ မိုက်​သော​သူ၏​မျက်​စိ​မူ​ကား၊ မြေ​ကြီး​စွန်း​တိုင်​အောင်​လှည့်၍ ကြည့်​ရှု​တတ်၏။ 25မိုက်​သော​သူ​သည် အ​ဘ​ဝမ်း​နည်း​စ​ရာ​အ​ကြောင်း၊ မွေး​သော​အ​မိ စိတ်​ညစ်​စ​ရာ​အ​ကြောင်း​ဖြစ်၏။ 26ဖြောင့်​မတ်​သော​သူ​ကို အ​ပြစ်​ဒဏ်​မ​ပေး​ကောင်း။ တ​ရား​သ​ဖြင့် စီ​ရင်​သော​မင်း​ကို​လည်း မ​ထိ​ခိုက်​ကောင်း။ 27သိ​ပ္ပံ​အ​တတ်​နှင့် ပြည့်​စုံ​သော​သူ​သည် စ​ကား​မ​များ​တတ်။ ဉာဏ်​ကောင်း​သော​သူ​သည်​လည်း၊ ဧ​သော​စိတ်​ရှိ​တတ်၏။ 28မိုက်​သော​သူ​ပင် တိတ်​ဆိတ်​စွာ​နေ​လျှင် ပ​ညာ​ရှိ​ဟူ၍​လည်း​ကောင်း၊ မိ​မိ​နှုတ်​ကို မ​ဖွင့်​ဘဲ​နေ​သော​သူ​ကို​လည်း၊ ဉာဏ်​ကောင်း​သော​သူ ဟူ၍​လည်း​ကောင်း သူ​တစ်​ပါး​ထင်​တတ်၏။

လက်ရှိရွေးချယ်ထားမှု

သုတ္တံ 17: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။