YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 17:1-14

သုတ္တံ 17:1-14 JBMLE

တစ်​အိမ်​လုံး​ပြည့်​သော ယဇ်​ပူ​ဇော်​ပွဲ​ကို ရန်​တွေ့​သော​စိတ်​နှင့် စား​ရ​သည်​ထက်၊ ငြိမ်​သက်​ခြင်း​နှင့် ယှဉ်​သော မုန့်​တစ်​လုပ်​စာ​သည် သာ၍​ကောင်း၏။ ပ​ညာ​ရှိ​သော​ကျွန်​သည် အ​ရှက်​ခွဲ​သော​သား​ကို​အုပ်​စိုး၍ ညီ​အစ်​ကို​တို့​နှင့်​အ​တူ အ​မွေ​ခံ​တတ်၏။ ငွေ​စစ်​စ​ရာ​ဖို့ မိုက်​ကို​လည်း​ကောင်း၊ ရွှေ​စစ်​စ​ရာ​ဖို့ မီး​ဖို​ကို​လည်း​ကောင်း သုံး​တတ်၏။ စိတ်​နှ​လုံး​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား စစ်​တော်​မူ၏။ မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​သည် မု​သား​စ​ကား​ကို ယုံ​တတ်၏။ မု​သား​သုံး​သော​သူ​သည်​လည်း ဆိုး​ညစ်​သော​စ​ကား​ကို နား​ထောင်​တတ်၏။ ဆင်း​ရဲ​သား​တို့​ကို မ​ထီ​လေး​စား​ပြု​သော​သူ​သည် ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​ကို ကဲ့​ရဲ့၏။ သူ​တစ်​ပါး၌​ဘေး​ရောက်​လျှင် ဝမ်း​မြောက်​တတ်​သော​သူ​သည်​လည်း အ​ပြစ်​ဒဏ်​နှင့် မ​လွတ်​ရ။ မြေး​တို့​သည် အ​သက်​ကြီး​သော​သူ၏ သ​ရ​ဖူ​ဖြစ်၏။ သား​တို့၏​ဘုန်း​ကား အ​ဘ​တည်း။ မြတ်​သော​စ​ကား​သည် မိုက်​သော​သူ​နှင့် မ​တော်​မ​သင့်။ ထို​မျှ​မ​က၊ မု​သား​စ​ကား​သည် မင်း​နှင့် မ​တော်​မ​သင့်။ လက်​ဆောင်​သည် ခံ​သော​သူ​အ​ထင်​အ​တိုင်း ကျောက်​မြတ်​ကဲ့​သို့ ဖြစ်၍၊ မျက်​နှာ​ပြု​လေ​ရာ​ရာ၌ အောင်​တတ်၏။ သူ​တစ်​ပါး​ပြစ်​မှား​သော အ​မှု​ကို ဝှက်​ထား​သော​သူ​သည် မေ​တ္တာ​ကို ပြု​စု၏။ ကြား​ပြော​သော​သူ​မူ​ကား၊ မိတ်​ဆွေ​တို့​ကို ကွဲ​ပြား​စေ၏။ မိုက်​သော​သူ​သည် ဒဏ်​ချက်​တစ်​ရာ​ကို အ​မှု​ထား​သည်​ထက်၊ ပ​ညာ​ရှိ​သော​သူ​သည် ဆုံး​မ​သော​စ​ကား​ကို သာ၍ အ​မှု​ထား​တတ်၏။ ပုန်​ကန်​သော​သူ​သည် မ​တ​ရား​သော​အ​မှု​ကို​သာ ပြု​စု​တတ်၏။ ထို​ကြောင့် ကြမ်း​ကြုတ်​သော​တ​မန်​ကို သူ့​ဆီ​သို့​စေ​လွှတ်​ရ၏။ မိုက်​သော​စိတ် ထ​ဆဲ​ရှိ​သော​လူ​မိုက်​နှင့် မ​တွေ့​ပါ​စေ​နှင့်။ သား​ငယ်​ပျောက်​သော​ဝံ​မ​နှင့် သာ၍​တွေ့​ပါ​စေ​သော။ အ​ကြင်​သူ​သည် ကျေး​ဇူး​ကို​မ​သိ၊ မ​ကောင်း​သော​အ​မှု​နှင့် ဆပ်၏၊ ထို​သူ၏​အိမ်​သည် မ​ကောင်း​သော​အ​မှု​နှင့် မ​ကင်း​မ​လွတ်​ရ။ ရန်​တွေ့​စ​အ​မှု​သည် ရေ​ကန်​ပေါင်​ပေါက်​စ​ကဲ့​သို့ ဖြစ်​သော​ကြောင့်၊ ရန်​မ​တွေ့​မီ တွေ့​စ​ရာ​အ​ကြောင်း​ကို ရှောင်​လော့။