YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 15:26-30

သုတ္တံ 15:26-30 JBMLE

မ​တ​ရား​သော​သူ၏ အ​ကြံ​အ​စည်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ စင်​ကြယ်​သော​သူ၏ စ​ကား​တို့​ကို​ကား၊ နှစ်​သက်​တော်​မူ၏။ မ​တ​ရား​သော စီး​ပွား​ကို​ရှာ​သော​သူ​သည် မိ​မိ​အိမ်​သား​တို့​ကို နှောင့်​ယှက်​တတ်၏။ တံ​စိုး​ကို​ရွံ​သော​သူ​မူ​ကား အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​သည် အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​ကို စိတ်​နှ​လုံး​ထဲ​မှာ ဆင်​ခြင်​တတ်၏။ မ​တ​ရား​သော​သူ၏​နှုတ်​မူ​ကား၊ မ​ကောင်း​သော​အ​ရာ​တို့​ကို သွန်း​လောင်း​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​သည် မ​တ​ရား​သော​သူ​တို့​နှင့် ဝေး​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ၏​ပ​တ္ထ​နာ​စ​ကား​ကို​ကား နား​ထောင်​တော်​မူ၏။ မျက်​စိ​အ​လင်း​သည် နှ​လုံး​ကို ရွှင်​လန်း​စေ​တတ်၏။ ကောင်း​သော​သ​တင်း​စ​ကား​သည်​လည်း၊ အ​ရိုး​တို့​ကို ခြင်​ဆီ​နှင့် ပြည့်​ဝ​စေ​တတ်၏။