ဖြည်းညင်းသော စကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော်တတ်၏။ ပညာရှိသောသူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။ ထာဝရဘုရား၏မျက်စိတော်သည် ခပ်သိမ်းသောအရပ်၌ရှိ၍၊ ကောင်းမကောင်းကို ကြည့်ရှုတော်မူ၏။ ဖြည်းညင်းသောလျှာသည် အသက်ဖြစ်၏။ ကြမ်းတမ်းသောလျှာမူကား စိတ်နာစေတတ်၏။ မိုက်သောသူသည် အဘသွန်သင်ခြင်းကို မထီမဲ့မြင်ပြုတတ်၏။ ဆုံးမသောစကားကို နားထောင်သောသူမူကား၊ သမ္မာသတိနှင့်ပြည့်စုံတတ်၏။ ဖြောင့်မတ်သောသူ၏အိမ်၌ များစွာသော စည်းစိမ်ရှိ၏။ မတရားသောသူခံရသောအခွန်မူကား၊ များစွာသော နှောင့်ယှက်ခြင်းနှင့်ယှဉ်၏။ ပညာရှိသောသူ၏နှုတ်ခမ်းတို့သည် ပညာအတတ်ကို စွန့်ကြဲတတ်၏။ မိုက်သောသူ၏ နှလုံးမူကား ပညာမရှိ။
သုတ္တံ 15 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 15:1-7
4 နေ့ရက်များ
ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်တယ်။ သခင်ယေရှုဟာ သင့်ကို သီးသန့်အချစ်နဲ့ ကိုယ်တိုင်ကိုယ်ကျ ချစ်တဲ့သူပါ။ လူစုလူဝေးထဲမှာ လမ်းပျောက်နေသူတစ်ဦးလို့ သင့်ကို မမြင်ပါဘူး။ ဒီအမြင်နဲ့ ဆန့်ကျင်စွာပဲ၊ ဘုရားသခင်ဟာ သင့်ကိုကြည့်နေပြီး သင့်နှလုံးသားကို ရှုမြင်နေပါတယ်။ ဘုရားသခင်ဟာ သင့်ကို သခင်ယေရှုကဲ့သို့ ချစ်ရန်၊ ပြုမူရန်၊ ပြောဆိုရန် အလိုရှိပါတယ်။ ယခု ဖတ်ရှုရန် Plan ထဲမှာ ဒီအကြောင်းအရာတွေကို ပိုပြီး ရှာဖွေတွေ့ရှိလာပါလိမ့်မယ်။
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ