YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 10

10
ရှော​လ​မုန်​မင်း​၏သု​တ္တံ​စ​ကား​များ
1ရှော​လ​မုန်​မင်း၏​သု​တ္တံ​စ​ကား​ဟူ​မူ​ကား၊ ပ​ညာ​ရှိ​သော​သား​သည် အ​ဘ​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း၊ မိုက်​သော​သား​မူ​ကား၊ အ​မိ​ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ဖြစ်​စေ​တတ်၏။ 2မ​တ​ရား​သော ဥ​စ္စာ​ဘ​ဏ္ဍာ​သည် အ​ကျိုး​မ​ရှိ။ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​မူ​ကား၊ သေ​ခြင်း​မှ ကယ်​တင်​တတ်၏။ 3ဖြောင့်​မတ်​သော​သူ​ကို ငတ်၍​သေ​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ခွင့်​ပေး​တော်​မ​မူ။ မ​တ​ရား​သော​သူ​တို့၏ အ​ဓ​မ္မ​အ​မှု​ကို​ကား ဖျက်​ဆီး​တော်​မူ၏။ 4ပျင်း​ရိ​သော​သူ​သည် ဆင်း​ရဲ​ခြင်း၊ လုံ့​လ​ဝိ​ရိ​ယ​ရှိ​သော​သူ​သည် ကြွယ်​ဝ​ခြင်း​သို့​ရောက်​တတ်၏။ 5အ​သီး​သီး​သော​အ​ချိန်၌ သိမ်း​ယူ​သော​သူ​သည် ပ​ညာ​ရှိ​သော​သား​ဖြစ်၏။ စ​ပါး​ရိတ်​ရာ​ကာ​လ၌ အိပ်​တတ်​သော​သူ​မူ​ကား၊ အ​ရှက်​ခွဲ​တတ်​သော​သား​ဖြစ်၏။ 6တ​ရား​သော​သူ၏​ခေါင်း​ပေါ်​မှာ မင်္ဂ​လာ​သက်​ရောက်​တတ်၏။ မ​တ​ရား​သော​သူ၏​နှုတ်​ကို​ကား ညှဉ်း​ဆဲ​ခြင်း​အ​ပြစ်​သည် ပိတ်​လိမ့်​မည်။ 7တ​ရား​သော​သူ​ကို အောက်​မေ့​သော​အ​ခါ ကောင်း​ချီး​ပေး​တတ်၏။ မ​တ​ရား​သော​သူ၏ နာ​မ​မူ​ကား​ပုပ်​ပျက်​တတ်၏။ 8လိ​မ္မာ​သော​သူ​သည် ပ​ညတ်​တ​ရား​ကို​ခံ​တတ်၏။ စ​ကား​များ​သော​လူ​မိုက်​မူ​ကား​ဆုံး​ရှုံး​တတ်၏။ 9ဖြောင့်​မတ်​ခြင်း​လမ်း​သို့ လိုက်​သော​သူ​သည် အ​နင်း​မှန်​လိမ့်​မည်။ ကောက်​သော​လမ်း​သို့ လိုက်​သော​သူ​မူ​ကား၊ သ​ဘော​ထင်​ရှား​လိမ့်​မည်။ 10မျက်​စိ​မှိတ်​သော​သူ​သည် စိတ်​ကို ပူ​စေ​တတ်၏။ စ​ကား​များ​သော​လူ​မိုက်​မူ​ကား ဆုံး​ရှုံး​တတ်၏။ 11ဖြောင့်​မတ်​သော​သူ၏ နှုတ်​သည် အ​သက်​ရေ​တွင်း​ဖြစ်၏။ မ​တ​ရား​သော​သူ၏​နှုတ်​ကို​ကား၊ ညှဉ်း​ဆဲ​ခြင်း​အ​ပြစ်​သည် ပိတ်​လိမ့်​မည်။ 12မုန်း​သော​စိတ်​သည် ရန်​တွေ့​ရာ​သို့ တိုက်​တွန်း​တတ်၏။ ချစ်​သော​စိတ်​မူ​ကား၊ ခပ်​သိမ်း​သော​အ​ပြစ်​တို့​ကို ဖုံး​အုပ်​တတ်၏။#ယာ၊ ၅:၂၀။ ၁ ပေ၊ ၄:၈။ 13ဉာဏ်​ကောင်း​သော​သူ​သည် ပ​ညာ​စ​ကား​ကို ပြော​တတ်၏။ ဉာဏ်​မဲ့​သော​သူ၏​ကျော​အ​ဖို့​မူ​ကား ကြိမ်​လုံး​ရှိ၏။ 14ပ​ညာ​ရှိ​သော​သူ​တို့​သည် ကြား​သိ​သော​အ​ရာ​ကို သိမ်း​ထား​တတ်၏။ မိုက်​သော​သူ၏​နှုတ်​မူ​ကား၊ အ​ကျိုး​နည်း​ခြင်း​နှင့် နီး​စပ်၏။ 15ငွေ​ရ​တတ်​သော​သူ၏​စည်း​စိမ်​သည် သူ၏​ခိုင်​ခံ့​သော​မြို့​ဖြစ်၏။ ဆင်း​ရဲ​သား​တို့၏​ဆင်း​ရဲ​ခြင်း​မူ​ကား၊ သူ​တို့၏ အ​ကျိုး​နည်း​ကြောင်း​ဖြစ်၏။ 16ဖြောင့်​မတ်​သော​သူ၏​အ​လုပ်​အ​ကိုင်​သည် အ​သက်​နှင့်​လည်း​ကောင်း၊ မ​တ​ရား​သော​သူ၏​အ​ကျိုး​စီး​ပွား​သည် အ​ပြစ်​နှင့်​လည်း​ကောင်း​ယှဉ်၏။
17နည်း​ဥ​ပ​ဒေ​သ​ကို စောင့်​ရှောက်​သော​သူ​သည် အ​သက်​လမ်း​သို့ လိုက်​တတ်၏။ ဆုံး​မ​ခြင်း​ကို ငြင်း​ပယ်​သော​သူ​မူ​ကား လမ်း​လွဲ​တတ်၏။ 18အ​ငြိုး​ဖွဲ့​သော​သ​ဘော​ကို မု​သား​နှုတ်​ခမ်း​ဖြင့် ဖုံး​ထား​သော​သူ၊ သူ့​အ​သ​ရေ​ပျက်​အောင် ပြော​တတ်​သော​သူ​သည် မိုက်​သော​သ​ဘော​ရှိ၏။ 19စ​ကား​များ​သော​အား​ဖြင့် အ​ပြစ်​ပါ​တတ်၏။ မိ​မိ​နှုတ်​ကို​ချုပ်​တည်း​သော​သူ​မူ​ကား ပ​ညာ​ရှိ၏။ 20ဖြောင့်​မတ်​သော​သူ၏ လျှာ​သည် ငွေ​စင်​နှင့်​တူ၏။ ဆိုး​သော​သူ၏ နှ​လုံး​မူ​ကား အ​ဖိုး​မ​ထိုက်။ 21ဖြောင့်​မတ်​သော​သူ၏ နှုတ်​ခမ်း​တို့​သည် လူ​အ​များ​ကို ကျွေး​တတ်၏။ မိုက်​သော​သူ​တို့​မူ​ကား၊ ဉာဏ်​မ​ရှိ​သော​ကြောင့် သေ​ကြ​လိမ့်​မည်။ 22ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ချီး​မင်္ဂ​လာ​သည် စည်း​စိမ်​ကို ဖြစ်​စေ​တတ်၏။ ထို​စည်း​စိမ်​နှင့်​လည်း၊ ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ရော​နှော​တော်​မ​မူ။ 23မိုက်​သော​သူ​သည် အ​ပြစ်​ပြု​ရာ၌ ပျော်​မွေ့​တတ်၏။ ဉာဏ်​ကောင်း​သော​သူ​မူ​ကား ဆင်​ခြင်​တတ်၏။ 24မ​တ​ရား​သော​သူ ကြောက်​တတ်​သော​အ​မှု​သည် သူ့​အ​ပေါ်​သို့​ရောက်​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ တောင့်​တ​သော​အ​ကျိုး​ကို​ကား၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​မည်။ 25မ​တ​ရား​သော​သူ​သည် လွန်​သွား​သော လေ​ပွေ​ကဲ့​သို့ ပျောက်​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ မြဲ​မြံ​သော တိုက်​မြစ်​ဖြစ်၏။ 26ပုံး​ရည်​သည် သွား၌​လည်း​ကောင်း၊ မီး​ခိုး​သည် မျက်​စိ၌​လည်း​ကောင်း​ဖြစ်​သ​ကဲ့​သို့၊ ပျင်း​ရိ​သော​သူ​သည် စေ​လွှတ်​သော​သူ၌ ဖြစ်၏။ 27ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သ​ဘော​သည် အ​သက်​တာ​ကို ရှည်​စေ​တတ်၏။ မ​တ​ရား​သော​သူ၏ နှစ်​ပေါင်း​ကာ​လ​မူ​ကား တို​တတ်၏။ 28ဖြောင့်​မတ်​သော​သူ၏​မျှော်​လင့်​ခြင်း​သည် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​ဖြစ်၏။ ဆိုး​သော​သူ၏​မျှော်​လင့်​ခြင်း​မူ​ကား ပျောက်​ပျက်​လိမ့်​မည်။ 29ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​သည် ဖြောင့်​မတ်​သော​သူ ခိုင်​ခံ့​ခြင်း​အ​ကြောင်း​ဖြစ်၏။ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​မူ​ကား၊ ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ 30ဖြောင့်​မတ်​သော​သူ​သည် အ​စဉ်​မ​ပြတ် နေ​ရာ​မှ​မ​ရွေ့​ရ။ မ​တ​ရား​သော​သူ​မူ​ကား၊ မြေ​ပေါ်​မှာ အ​တည်​မ​ကျ​ရ။ 31ဖြောင့်​မတ်​သော​သူ၏​နှုတ်​မှ ပ​ညာ​စ​ကား ထွက်​တတ်၏။ ကောက်​လိမ်​သော​လျှာ​မူ​ကား၊ အ​ဖြတ်​ခံ​ရ​လိမ့်​မည်။ 32ဖြောင့်​မတ်​သော​သူ၏ နှုတ်​ခမ်း​တို့​သည် နှစ်​သက်​ဖွယ်​သော​အ​ရာ​ကို သိ​ကျွမ်း​တတ်၏။ မ​တ​ရား​သော​သူ​တို့​မူ​ကား၊ ဆန့်​ကျင်​သော စ​ကား​ကို ပြော​တတ်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

သုတ္တံ 10: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။