YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 1

1
သု​တ္တံ​စ​ကား​၏​တန်​ဖိုး
1-4ပ​ညာ​တ​ရား၊ နည်း​ဥ​ပ​ဒေ​သ​တ​ရား​ကို​သိ​၍၊ ဉာဏ်​နှင့်​ယှဉ်​သော စ​ကား​ကို နား​လည်​မည်​အ​ကြောင်း၊ ပ​ညာ​သွန်​သင်​ခြင်း၊ ဖြောင့်​မတ်​စွာ​ကျင့်​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ လျစ်​လျူ​စွာ​ဆုံး​ဖြတ်​ခြင်း အ​မှု​အ​ရာ၌​လေ့​ကျက်​မည်​အ​ကြောင်း၊ မိုက်​သော​သူ​သည်​လိ​မ္မာ​၍၊ လူ​ပျို​သည် ပ​ညာ​သ​တိ​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း၊ ဒါ​ဝိဒ်၏​သား​တော်​ဖြစ်​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရှော​လ​မုန်​စီ​ရင်​သော သု​တ္တံ​စ​ကား​ဟူ​မူ​ကား၊#၃ ရာ၊ ၄:၃၂။ 5ပ​ညာ​ရှိ​သော​သူ​သည် နား​ထောင်​သ​ဖြင့်၊ ပ​ညာ​အ​တတ် တိုး​ပွား​ရ​လိမ့်​မည်။ 6ဉာဏ်​ကောင်း​သော​သူ​သည် သု​တ္တံ​စ​ကား​အ​နက်​အ​ဓိ​ပ္ပာယ်​ကို​လည်း​ကောင်း၊ ပ​ညာ​ရှိ​ဟော​ပြော၍ နက်​နဲ​သော စ​ကား​တို့​ကို​လည်း​ကောင်း၊ နား​လည်​သော နိဿ​ရည်း​ဆ​ရာ​အ​ဖြစ်​သို့ ရောက်​ရ​လိမ့်​မည်။ 7ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​အ​ချုပ်​အ​ခြာ​ဖြစ်၏။ လူ​မိုက်​တို့​သည် ပ​ညာ​နှင့် ဥ​ပ​ဒေ​သ​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​ကြ၏။#ယောဘ၊ ၂၈:၂၈၊ ဆာ၊ ၁၁၁:၁၀၊ သု၊ ၉:၁၀။
ပ​ညာ​ဆိုင်ရာသတိစကား
8ငါ့​သား၊ အ​ဘ၏​နည်း​ဥ​ပ​ဒေ​သ​ကို​နား​ထောင်​လော့။ အ​မိ၏​တ​ရား​ကို​လည်း မ​ပယ်​နှင့်။ 9ထို​နည်း​ဥ​ပ​ဒေ​သ​တ​ရား​တို့​သည် သင်၏​ခေါင်း၌ တင့်​တယ်​သော​ဦး​ရစ်၊ သင်၏​လည်​ပင်း၌ ပတ်​ရစ်​သော​လည်​ဆွဲ ဖြစ်​ကြ​လိမ့်​မည်။
10ငါ့​သား၊ လူ​ဆိုး​တို့​သည် သင့်​ကို​သွေး​ဆောင်​လျှင် ဝန်​မ​ခံ​နှင့်။ 11သူ​တို့​က ငါ​တို့​နှင့်​အ​တူ​လိုက်​တော့။ သူ့​အ​သက်​ကို​သတ်​အံ့​သော​ငှာ စောင့်​ကြ​စို့။ အ​ချည်း​နှီး အ​ပြစ်​လွတ်​သော​သူ​တို့​ကို ချောင်း​မြောင်း​ကြ​စို့။ 12သင်္ချိုင်း​တွင်း​သို့​ဆင်း​သော သူ​တို့​ကဲ့​သို့​တစ်​ကိုယ်​လုံး​ပါ​လျက်၊ အ​သက်​ရှင်​လျက်​ရှိ​သော ထို​သူ​တို့​ကို မ​ရ​ဏ​နိုင်​ငံ​မျို​သ​ကဲ့​သို့ မျို​ကြ​စို့။ 13အ​ဖိုး​ထိုက်​သော ဘ​ဏ္ဍာ​အ​မျိုး​မျိုး​ကို​တွေ့၍ လု​ယူ​သော​ဥ​စ္စာ​နှင့် ငါ​တို့​အိမ်​ကို​ပြည့်​စေ​ကြ​မည်။ 14ငါ​တို့​နှင့် ပေါင်း​ဖော်​တော့။ ရ​သော​ဥ​စ္စာ​ကို အ​ညီ​အ​မျှ​ပိုင်​ကြ​စို့​ဟု ဆို​သော်​လည်း၊ 15ငါ့​သား၊ သူ​တို့​နှင့်​အ​တူ မ​လိုက်​နှင့်။ သူ​တို့​သွား​သော​လမ်း​ကို ရှောင်​လော့။ 16အ​ကြောင်း​မူ​ကား၊ သူ​တို့​ခြေ​သည် ဒု​စ​ရိုက်​ပြု​ရာ​သို့​ပြေး၍၊ လူ​အ​သက်​ကို သတ်​ခြင်း​ငှာ​လျင်​မြန်၏။ 17အ​ကယ်​စင်​စစ် ငှက်​မျက်​မှောက်၌ ပိုက်​ကွန်​ကို​ဖြန့်​ထား​လျှင် အ​ကြံ​မ​မြောက်​ရာ။ 18လူ​ဆိုး​တို့​သည် ကိုယ်​အ​သွေး​ကို သွန်​အံ့​သော​ငှာ​စောင့်၍၊ ကိုယ်​အ​သက်​ကို သတ်​အံ့​သော​ငှာ ချောင်း​မြောင်း​တတ်​ကြ၏။ 19မ​တ​ရား​သော​စီး​ပွား​ကို ရှာ​သော​သူ​အ​ပေါင်း​တို့​သည် ထို​သို့​သော​အ​ကျိုး​ကို​ခံ​ရ၍၊ ထို​စီး​ပွား​သည် မိ​မိ​အ​ရှင်၏​အ​သက်​ကို သတ်​တတ်၏။
ပ​ညာ​ကို​တောင်း​ခံ
20ပ​ညာ​သည် ပြင်​မှာ​ကြွေး​ကြော်၍၊ လမ်း​ခ​ရီး​တို့၌ မိ​မိ​စ​ကား​သံ​ကို လွှင့်​တတ်၏။#သု၊ ၈:၁-၃။ 21လူ​စည်း​ဝေး​ရာ အ​ဦး၌​လည်း​ကောင်း၊ မြို့​တံ​ခါး​ဝ​တို့၌​လည်း​ကောင်း၊ မြို့​ထဲ၌​လည်း​ကောင်း​ခေါ်၍ မြွက်​ဆို​သော​စ​ကား​ဟူ​မူ​ကား၊ 22အို​လူ​မိုက်​တို့၊ သင်​တို့​သည် မိုက်​သော​အ​ကျင့်​ကို နှစ်​သက်​လျက်၊ ကဲ့​ရဲ့​သော​သူ​တို့​သည် ကဲ့​ရဲ့​ခြင်း၌​မွေ့​လျော်​လျက်၊ မိုက်​မဲ​သော​သူ​တို့​သည် ပ​ညာ​အ​တတ်​ကို​မုန်း​လျက်၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ကြ​လိမ့်​မည်​နည်း။ 23ငါ​ဆုံး​မ​သော စ​ကား​ကို နား​ထောင်၍ ပြောင်း​လဲ​ကြ​လော့။ ငါ့​ဝိ​ညာဉ်​ကို သင်​တို့​အ​ပေါ်​သို့ ငါ​သွန်း​လောင်း၍၊ ငါ့​စ​ကား၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကို နား​လည်​စေ​မည်။
24ငါ​သည်​ခေါ်၍ သင်​တို့​သည်​ငြင်း​ပယ်​သော​ကြောင့်​လည်း​ကောင်း၊ ငါ့​လက်​ကို​ဆန့်၍ အ​ဘယ်​သူ​မျှ မ​မှတ်​သော​ကြောင့်​လည်း​ကောင်း၊ 25ငါ​သ​တိ​ပေး​ခြင်း​ရှိ​သ​မျှ​ကို သင်​တို့​သည်​ပယ်၍၊ ငါ​ဆုံး​မ​သော စ​ကား​တစ်​ခွန်း​ကို နား​မ​ခံ​ဘဲ​နေ​သော​ကြောင့်​လည်း​ကောင်း၊ 26သင်​တို့​သည် ဘေး​ဥ​ပဒ်​နှင့်​တွေ့​ကြုံ​သော​အ​ခါ ငါ​ရယ်​မည်။ ကြောက်​မက်​ဖွယ်​သော​အ​မှု​ရောက်​သော​အ​ခါ ငါ​ပြက်​ရယ်​ပြု​မည်။ 27သင်​တို့ ကြောက်​မက်​ဖွယ်​သော​အ​မှု​သည် သုတ်​သင်​ပယ်​ရှင်း​ခြင်း​အ​မှု​ကဲ့​သို့​လည်း​ကောင်း၊ သင်​တို့​ပျက်​စီး​ခြင်း​အ​မှု​သည် လေ​ပြင်း​မုန်​တိုင်း​ကဲ့​သို့​လည်း​ကောင်း ရောက်​လာ၍၊ သင်​တို့​သည် ဆင်း​ရဲ​ခြင်း၊ ပူ​ပန်​ခြင်း​နှင့် တွေ့​ကြုံ​သော​အ​ခါ၊ 28ထို​အ​မှု​ရောက်​သော​သူ​တို့​သည် ငါ့​ကို​ခေါ်​သော်​လည်း ငါ​မ​ထူး။ ငါ့​ကို​ကြိုး​စား၍ ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။ 29အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ပ​ညာ​အ​တတ်​ကို မုန်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​ကို အ​လို​မ​ရှိ​ကြ။ 30ငါ​သ​တိ​ပေး​ခြင်း​ကို အ​လျှင်း​နား​မ​ခံ​ကြ။ ငါ​ဆုံး​မ​ခြင်း​ရှိ​သ​မျှ​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ၏။ 31ထို​ကြောင့် သူ​တို့​သည် ကိုယ်​ကျင့်​ခြင်း၏​အ​ကျိုး​အ​ပြစ်​ကို​စား၍၊ ကိုယ်​ကြံ​သော အ​ကြံ​တို့​နှင့် ဝ​ကြ​လိမ့်​မည်။ 32ဉာဏ်​တိမ်​သော​သူ​တို့​သည် လမ်း​လွဲ​သ​ဖြင့် အ​သက်​ဆုံး​တတ်​ကြ၏။ မိုက်​သော​သူ​တို့​သည် သ​တိ​လစ်​သော​အား​ဖြင့် ပျက်​စီး​ခြင်း​သို့​ရောက်​တတ်​ကြ၏။ 33ငါ့​စ​ကား​ကို​နား​ထောင်​သော​သူ​မူ​ကား လုံ​ခြုံ​စွာ​နေ၍၊ ဘေး​ကို​မ​ကြောက်​ဘဲ ငြိမ်​ဝပ်​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

သုတ္တံ 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။