YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 3:12-21

ဖိလိပ္ပိ 3:12-21 JBMLE

ထို​သို့​ဆို​သော် အ​ကျိုး​ကို​ခံ​ရ​ပြီ၊ စုံ​လင်​ခြင်း​သို့ ရောက်​ရ​ပြီ​ဟု ငါ​မ​ဆို​လို၊ အ​ကြင်​အ​ကျိုး​ကို​ပေး​ခြင်း​ငှာ ခ​ရစ်​တော်​သည် ငါ့​ကို ကိုင်​ဖမ်း​တော်​မူ၏။ ထို​အ​ကျိုး​ကို ကိုင်​မိ​ခြင်း​ငှာ ငါ​ပြေး၍ လိုက်​သေး၏။ ညီ​အစ်​ကို​တို့၊ ငါ​ကိုင်​မိ​ပြီ​ဟု ကိုယ်​ကို​ကိုယ် မ​ထင်​သော်​လည်း၊ ငါ​ပြု​သော​အ​မှု​တစ်​ခု ဟူ​မူ​ကား၊ နောက် ကျ​သော​အ​ရာ​တို့​ကို မ​မှတ်​ဘဲ၊ ရှေ့၌ ရှိ​သော​အ​ရာ​တို့​ကို လှမ်း​ကမ်း၍၊- ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​သည် အ​ထက်​အ​ရပ်​မှ ခေါ်​တော်​မူ​ခြင်း​နှင့် ဆိုင်​သော​ဆု​ကို ရ​ခြင်း​ငှာ၊ ပန်း​တုံး​တိုင်​သို့ ငါ​လိုက်​ပြေး၏။- ထို​ကြောင့် စုံ​လင်​သော​သူ ရှိ​သ​မျှ​တို့​သည် ဤ​သို့​သော​သ​ဘော​ကို စွဲ​လမ်း​ရ​ကြ​မည်။ သင်​တို့​သည် တစ်​စုံ​တစ်​ခု​သော​အ​ရာ၌ သ​ဘော​ခြား​နား​လျှင်၊ ထို​အ​ရာ​ကို​ပင် ဘု​ရား​သ​ခင် ဖော်​ပြ​တော်​မူ​လိမ့်​မည်။- သို့​မ​ဟုတ်​သော်​လည်း၊ ယ​ခု​မီ​သ​မျှ​အ​တိုင်း တစ်​နည်း​တည်း​ကျင့်၍ တစ်​သ​ဘော​တည်း ရှိ​ရ​ကြ​မည်။- ညီ​အစ်​ကို​တို့၊ ငါ​ကျင့်​သည်​နည်း​တူ သင်​တို့​သည် တ​ညီ​တ​ညွတ်​တည်း ကျင့်​ကြ​လော့။ ငါ​တို့​ပေး​သော ပုံ​သက်​သေ​နှင့်​အ​ညီ ကျင့်​သော​သူ​တို့​ကို​လည်း ရှု​မှတ်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ အ​ထက်​အ​ဖန်​ဖန် ငါ​ပြော၍၊ ယ​ခု​ပင် မျက်​ရည်​ကျ​လျက်​နှင့် ပြော​သည်​အ​တိုင်း၊ ခ​ရစ်​တော်၏ လက်​ဝါး​ကပ်​တိုင်​ကို ရန်​ဘက်​ပြု၍ ကျင့်​သော​သူ​အ​များ​ရှိ​ကြ၏။- ထို​သူ​တို့​သည် ပျက်​စီး​ခြင်း၌ လမ်း​ဆုံး​တတ်​ကြ၏။ သူ​တို့၏ ဘု​ရား​မူ​ကား၊ မိ​မိ​တို့​ဝမ်း​ပေ​တည်း။ မိ​မိ​တို့ ရှက်​ကြောက်​ဖွယ်​သော အ​ကျင့်၌​သာ မိ​မိ​တို့​ဝါ​ကြွား​ကြ၏။ လော​ကီ​အ​ရာ​တို့​ကို​သာ စိတ်​စွဲ​လမ်း​ခြင်း​ရှိ​ကြ၏။- ငါ​တို့​ကျင့်​သော အ​ကျင့်​မူ​ကား၊ ကောင်း​ကင်​ဘုံ​နှင့် စပ်​ဆိုင်​လျက်​ရှိ၏။ ကယ်​တင်​တော်​မူ​သော​အ​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ကောင်း​ကင်​ဘုံ​မှ ကြွ​လာ​တော်​မူ​မည်​ဟု ငါ​တို့​သည် မျှော်​လ​င့်​လျက်​နေ​ကြ၏။- ထို​သ​ခင်​သည် ခပ်​သိမ်း​သော​အ​ရာ​ကို​ပင် မိ​မိ​အောက်၌ နှိမ့်​ချ​နိုင်​တော်​မူ​သော ပြု​ပြင်​အား​ထုတ်​ခြင်း​အား​ဖြင့် ယုတ်​ညံ့​သော ငါ​တို့၏ ကိုယ်​ခ​န္ဓာ​ကို​ပင်၊ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော ကိုယ်​ခ​န္ဓာ​တော်၏​နည်း​တူ ဖြစ်​စေ​ခြင်း​ငှာ အ​သစ် ပြင်​ဆင်​တော်​မူ​လ​တ္တံ့။