YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 2:12-30

ဖိလိပ္ပိ 2:12-30 JBMLE

သို့​ဖြစ်၍ ငါ့​ချစ်​သူ​တို့၊ သင်​တို့​သည် ငါ့​မျက်​မှောက်၌ နား​ထောင်​သည်​သာ​မ​က၊ မျက်​ကွယ်၌​လည်း အ​စဉ် နား​ထောင်​ကြ​သည်​နှင့်​အ​ညီ၊ ကြောက်​ရွံ့​တုန်​လှုပ်​သော​စိတ်​နှင့်၊ ကိုယ်​ကို ကယ်​တင်​ခြင်း​ငှာ ကိုယ်​တိုင် ကြိုး​စား​အား​ထုတ်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​လို​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျင့်​ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​အ​ထဲ၌ စေ​တ​နာ​တော်​အား​ဖြင့် ပြု​ပြင်​တော်​မူ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။- သင်​တို့​သည် ပြု​လေ​သ​မျှ​တို့၌ မြည်​တမ်း​ခြင်း၊ ငြင်း​ခုံ​ခြင်း​မ​ရှိ​ဘဲ ပြု​ကြ​လော့။- သို့​ပြု​လျှင် အ​ပြစ်​တင်​ခွင့်​မ​ရှိ၊ အ​ဘယ်​သူ​ကို​မျှ မ​ပြစ်​မှား​ဘဲ​နေ၍၊ မ​ဖြောင့်​မ​မှန် ဖောက်​ပြန်​သော​လူ​မျိုး​အ​ထဲ၌ အ​ဘယ်​အ​ပြစ်​မျှ​မ​ပါ​သော ဘု​ရား​သ​ခင်၏​သား ဖြစ်​ကြ​လိမ့်​မည်။ အ​သက်​ရှင်​ခြင်း​နှင့်​ဆိုင်​သော နှုတ်​က​ပတ်​တ​ရား​တော်​ကို ပြ​သ၍၊ စ​ကြ​ဝ​ဠာ၌ နေ၊ လ၊ ကြယ် န​က္ခတ်​ကဲ့​သို့ ထို​လူ​မျိုး​အ​ထဲ၌ ထွန်း​လင်း​ကြ၏။ သို့​ပြု​လျှင် ငါ​သည် အ​ကျိုး​မ​ရှိ​ဘဲ​လျက် ပြေး​သည်​မ​ဟုတ်၊ အ​ကျိုး​မ​ရှိ​ဘဲ​လျက် ကြိုး​စား​အား​ထုတ်​သည် မ​ဟုတ်​ကြောင်း​ကို ငါ​ထောက်၍ ခ​ရစ်​တော်၏​နေ့​ရက်၌ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း​ရှိ​လိမ့်​မည်။ ထို​မျှ​မ​က၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​ကို တင်​လှူ ပူ​ဇော်​သော ယဇ်​အ​ပေါ်​မှာ ငါ့​ကို​လောင်း​သော်​လည်း ဝမ်း​မြောက်​ခြင်း​ရှိ၏။ သင်​တို့​ရှိ​သ​မျှ​နှင့်​အ​တူ ငါ​ဝမ်း​မြောက်​ခြင်း​ရှိ၏။- ထို​နည်း​တူ သင်​တို့​သည်​လည်း ဝမ်း​မြောက်​ကြ​လော့။ ငါ​နှင့်​အ​တူ ဝမ်း​မြောက်​ခြင်း ရှိ​ကြ​လော့။ သင်​တို့​အ​ကြောင်း​အ​ရာ​များ​ကို ငါ​သိ၍ စိတ်​သက်​သာ​ခြင်း​ငှာ၊ တိ​မော​သေ​ကို သင်​တို့​ရှိ​ရာ​သို့ များ​မ​ကြာ စေ​လွှတ်​မည်​အ​ကြောင်း၊ သ​ခင်​ယေ​ရှု​ခ​ရစ်၌ ငါ​မှီ​ဝဲ​ခြင်း​ရှိ၏။- အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် သင်​တို့​အ​ကျိုး​ကို ကြည့်​ရှု​ချင်​သော စေ​တ​နာ​စိတ်​ရှိ​သ​ကဲ့​သို့ စိတ်​သ​ဘော​တူ​သော သူ​တစ်​ယောက်​မျှ ငါ​တို့၌​မ​ရှိ။- လူ​ခပ်​သိမ်း​တို့​သည် ယေ​ရှု​ခ​ရစ်၏​အ​ကျိုး​ကို မ​ရှာ၊ ကိုယ်​အ​ကျိုး​ကို​သာ ရှာ​ကြ၏။- သို့​သော်​လည်း သား​သည်​အ​ဘ​နှင့်​အ​တူ ဆောင်​ရွက်​သ​ကဲ့​သို့၊ သူ​သည်​ငါ​နှင့်​အ​တူ ဧ​ဝံ​ဂေ​လိ​တ​ရား​အ​မှု​ကို အ​မှန်​ဆောင်​ရွက်​သည်​ဟု သူ​ပြ​သော​သက်​သေ​ကို သင်​တို့ သိ​ကြ၏။- ထို​ကြောင့် ငါ၌​အ​ဘယ်​သို့​ဖြစ်​မည်​ဟု ငါ​သိ​သော​အ​ခါ၊ သူ့​ကို သင်​တို့​ရှိ​ရာ​သို့ ချက်​ချင်း​စေ​လွှတ်​မည်​ဟု ကြံ​စည်​မျှော်​လင့်​လျက် ငါ​နေ၏။- ထို​မျှ​မ​က၊ ငါ့​ကိုယ်​တိုင် သင်​တို့​ရှိ​ရာ​သို့ များ​မ​ကြာ​လာ​မည်​ဟု သ​ခင်​ဘု​ရား​အား​ဖြင့် ယုံ​မှတ်​စွဲ​လမ်း​သော စိတ်​ရှိ၏။ သို့​သော်​လည်း ဆောင်​ရွက်​ခြင်း၊ စစ်​တိုက်​ခြင်း​အ​မှု၌ ငါ၏​အ​ပေါင်း​အ​ဖော်၊ ငါ့​ကို​ပြု​စု​သော သူ​တည်း​ဟူ​သော သင်​တို့​တ​မန်၊ ငါ့​ညီ ဧ​ပ​ဖြော​ဒိတ်​ကို သင်​တို့​ရှိ​ရာ​သို့ ယ​ခု​စေ​လွှတ်​သင့်​သည်​ဟု ငါ​ထင်​မှတ်၏။- အ​ကြောင်း​မူ​ကား၊ သူ​သည် နာ​ကြောင်း​ကို သင်​တို့​ကြား​သိ​သော​ကြောင့်၊ သူ​သည် သင်​တို့​အ​ပေါင်း​ကို လွမ်း​ဆွတ်၍ စိတ်​မ​သာ​လျက်​နေ၏။- သူ​သည် သေ​လု​အောင် နာ​သည်​မှန်၏။ ထို​အ​ခါ ဘု​ရား​သ​ခင်​သည် သူ့​ကို သ​နား​တော်​မူ၏။ သူ့​ကို​သာ သ​နား​တော်​မူ​သည်​မ​ဟုတ်။ ငါ၌ ဝမ်း​နည်း​ခြင်း​အ​ဆင့်​ဆင့် အ​ထပ်​ထပ်​မ​ရှိ​စေ​ခြင်း​ငှာ၊ ငါ့​ကို​လည်း သ​နား​တော်​မူ၏။- ထို​ကြောင့် သင်​တို့​သည် သူ့​ကို​တစ်​ဖန် တွေ့​မြင်၍ ဝမ်း​မြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည်​လည်း သက်​သာ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ့​ကို သာ၍​ကြိုး​စား​သည်​နှင့် ငါ​စေ​လွှတ်၏။- သို့​ဖြစ်၍ သ​ခင်​ဘု​ရား​ကို ထောက်​လျက်၊ ဝမ်း​မြောက်​သော​စိတ်​နှင့် သူ့​ကို​လက်​ခံ​ကြ​လော့။ ထို​သို့​သော​သူ​တို့​ကို ရို​သေ​လေး​မြတ်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ့​ကို​ပြု​စု၍ မ​ပြည့်​စုံ​သေး​သော​ဝတ်​ကို သူ​သည် ပြည့်​စုံ​စေခြင်း​ငှာ၊ ကိုယ်​အ​သက်​ကို စွန့်​စား၍ ခ​ရစ်​တော်၏​အ​မှု​ကြောင့် သေ​ခြင်း​သို့ ရောက်​လု​နီး​ပြီ။