YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 2:12-30

ဖိလိပ္ပိ 2:12-30 Judson Bible (JBMLE)

သို့​ဖြစ်၍ ငါ့​ချစ်​သူ​တို့၊ သင်​တို့​သည် ငါ့​မျက်​မှောက်၌ နား​ထောင်​သည်​သာ​မ​က၊ မျက်​ကွယ်၌​လည်း အ​စဉ် နား​ထောင်​ကြ​သည်​နှင့်​အ​ညီ၊ ကြောက်​ရွံ့​တုန်​လှုပ်​သော​စိတ်​နှင့်၊ ကိုယ်​ကို ကယ်​တင်​ခြင်း​ငှာ ကိုယ်​တိုင် ကြိုး​စား​အား​ထုတ်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​လို​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျင့်​ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​အ​ထဲ၌ စေ​တ​နာ​တော်​အား​ဖြင့် ပြု​ပြင်​တော်​မူ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။- သင်​တို့​သည် ပြု​လေ​သ​မျှ​တို့၌ မြည်​တမ်း​ခြင်း၊ ငြင်း​ခုံ​ခြင်း​မ​ရှိ​ဘဲ ပြု​ကြ​လော့။- သို့​ပြု​လျှင် အ​ပြစ်​တင်​ခွင့်​မ​ရှိ၊ အ​ဘယ်​သူ​ကို​မျှ မ​ပြစ်​မှား​ဘဲ​နေ၍၊ မ​ဖြောင့်​မ​မှန် ဖောက်​ပြန်​သော​လူ​မျိုး​အ​ထဲ၌ အ​ဘယ်​အ​ပြစ်​မျှ​မ​ပါ​သော ဘု​ရား​သ​ခင်၏​သား ဖြစ်​ကြ​လိမ့်​မည်။ အ​သက်​ရှင်​ခြင်း​နှင့်​ဆိုင်​သော နှုတ်​က​ပတ်​တ​ရား​တော်​ကို ပြ​သ၍၊ စ​ကြ​ဝ​ဠာ၌ နေ၊ လ၊ ကြယ် န​က္ခတ်​ကဲ့​သို့ ထို​လူ​မျိုး​အ​ထဲ၌ ထွန်း​လင်း​ကြ၏။ သို့​ပြု​လျှင် ငါ​သည် အ​ကျိုး​မ​ရှိ​ဘဲ​လျက် ပြေး​သည်​မ​ဟုတ်၊ အ​ကျိုး​မ​ရှိ​ဘဲ​လျက် ကြိုး​စား​အား​ထုတ်​သည် မ​ဟုတ်​ကြောင်း​ကို ငါ​ထောက်၍ ခ​ရစ်​တော်၏​နေ့​ရက်၌ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း​ရှိ​လိမ့်​မည်။ ထို​မျှ​မ​က၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​ကို တင်​လှူ ပူ​ဇော်​သော ယဇ်​အ​ပေါ်​မှာ ငါ့​ကို​လောင်း​သော်​လည်း ဝမ်း​မြောက်​ခြင်း​ရှိ၏။ သင်​တို့​ရှိ​သ​မျှ​နှင့်​အ​တူ ငါ​ဝမ်း​မြောက်​ခြင်း​ရှိ၏။- ထို​နည်း​တူ သင်​တို့​သည်​လည်း ဝမ်း​မြောက်​ကြ​လော့။ ငါ​နှင့်​အ​တူ ဝမ်း​မြောက်​ခြင်း ရှိ​ကြ​လော့။ သင်​တို့​အ​ကြောင်း​အ​ရာ​များ​ကို ငါ​သိ၍ စိတ်​သက်​သာ​ခြင်း​ငှာ၊ တိ​မော​သေ​ကို သင်​တို့​ရှိ​ရာ​သို့ များ​မ​ကြာ စေ​လွှတ်​မည်​အ​ကြောင်း၊ သ​ခင်​ယေ​ရှု​ခ​ရစ်၌ ငါ​မှီ​ဝဲ​ခြင်း​ရှိ၏။- အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် သင်​တို့​အ​ကျိုး​ကို ကြည့်​ရှု​ချင်​သော စေ​တ​နာ​စိတ်​ရှိ​သ​ကဲ့​သို့ စိတ်​သ​ဘော​တူ​သော သူ​တစ်​ယောက်​မျှ ငါ​တို့၌​မ​ရှိ။- လူ​ခပ်​သိမ်း​တို့​သည် ယေ​ရှု​ခ​ရစ်၏​အ​ကျိုး​ကို မ​ရှာ၊ ကိုယ်​အ​ကျိုး​ကို​သာ ရှာ​ကြ၏။- သို့​သော်​လည်း သား​သည်​အ​ဘ​နှင့်​အ​တူ ဆောင်​ရွက်​သ​ကဲ့​သို့၊ သူ​သည်​ငါ​နှင့်​အ​တူ ဧ​ဝံ​ဂေ​လိ​တ​ရား​အ​မှု​ကို အ​မှန်​ဆောင်​ရွက်​သည်​ဟု သူ​ပြ​သော​သက်​သေ​ကို သင်​တို့ သိ​ကြ၏။- ထို​ကြောင့် ငါ၌​အ​ဘယ်​သို့​ဖြစ်​မည်​ဟု ငါ​သိ​သော​အ​ခါ၊ သူ့​ကို သင်​တို့​ရှိ​ရာ​သို့ ချက်​ချင်း​စေ​လွှတ်​မည်​ဟု ကြံ​စည်​မျှော်​လင့်​လျက် ငါ​နေ၏။- ထို​မျှ​မ​က၊ ငါ့​ကိုယ်​တိုင် သင်​တို့​ရှိ​ရာ​သို့ များ​မ​ကြာ​လာ​မည်​ဟု သ​ခင်​ဘု​ရား​အား​ဖြင့် ယုံ​မှတ်​စွဲ​လမ်း​သော စိတ်​ရှိ၏။ သို့​သော်​လည်း ဆောင်​ရွက်​ခြင်း၊ စစ်​တိုက်​ခြင်း​အ​မှု၌ ငါ၏​အ​ပေါင်း​အ​ဖော်၊ ငါ့​ကို​ပြု​စု​သော သူ​တည်း​ဟူ​သော သင်​တို့​တ​မန်၊ ငါ့​ညီ ဧ​ပ​ဖြော​ဒိတ်​ကို သင်​တို့​ရှိ​ရာ​သို့ ယ​ခု​စေ​လွှတ်​သင့်​သည်​ဟု ငါ​ထင်​မှတ်၏။- အ​ကြောင်း​မူ​ကား၊ သူ​သည် နာ​ကြောင်း​ကို သင်​တို့​ကြား​သိ​သော​ကြောင့်၊ သူ​သည် သင်​တို့​အ​ပေါင်း​ကို လွမ်း​ဆွတ်၍ စိတ်​မ​သာ​လျက်​နေ၏။- သူ​သည် သေ​လု​အောင် နာ​သည်​မှန်၏။ ထို​အ​ခါ ဘု​ရား​သ​ခင်​သည် သူ့​ကို သ​နား​တော်​မူ၏။ သူ့​ကို​သာ သ​နား​တော်​မူ​သည်​မ​ဟုတ်။ ငါ၌ ဝမ်း​နည်း​ခြင်း​အ​ဆင့်​ဆင့် အ​ထပ်​ထပ်​မ​ရှိ​စေ​ခြင်း​ငှာ၊ ငါ့​ကို​လည်း သ​နား​တော်​မူ၏။- ထို​ကြောင့် သင်​တို့​သည် သူ့​ကို​တစ်​ဖန် တွေ့​မြင်၍ ဝမ်း​မြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည်​လည်း သက်​သာ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ့​ကို သာ၍​ကြိုး​စား​သည်​နှင့် ငါ​စေ​လွှတ်၏။- သို့​ဖြစ်၍ သ​ခင်​ဘု​ရား​ကို ထောက်​လျက်၊ ဝမ်း​မြောက်​သော​စိတ်​နှင့် သူ့​ကို​လက်​ခံ​ကြ​လော့။ ထို​သို့​သော​သူ​တို့​ကို ရို​သေ​လေး​မြတ်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ့​ကို​ပြု​စု၍ မ​ပြည့်​စုံ​သေး​သော​ဝတ်​ကို သူ​သည် ပြည့်​စုံ​စေခြင်း​ငှာ၊ ကိုယ်​အ​သက်​ကို စွန့်​စား၍ ခ​ရစ်​တော်၏​အ​မှု​ကြောင့် သေ​ခြင်း​သို့ ရောက်​လု​နီး​ပြီ။

ဖိလိပ္ပိ 2:12-30 Common Language Bible (BCL)

သို့​ဖြစ်​၍​ချစ်​ဆွေ​တို့၊ သင်​တို့​နှင့်​ငါ​ရှိ​စဉ်​အ​ခါ က​သင်​တို့​သည်​ငါ့​စ​ကား​ကို​အ​စဉ်​နား​ထောင်​ခဲ့ ကြ​သည်​နည်း​တူ ယ​ခု​လည်း​ငါ​နှင့်​ဝေး​ကွာ​လျက် နေ​ချိန်​၌​ငါ့​စ​ကား​ကို​နား​ထောင်​ရန်​ပို​၍ ပင်​အ​ရေး​ကြီး​ပေ​သည်။ ဘု​ရား​သ​ခင်​၏​အ​ကြံ တော်​အ​တိုင်း​လိုက်​လျှောက်​လို​သော​စိတ်​နှင့်​လိုက် လျှောက်​နိုင်​သော​စွမ်း​အား​ကို သင်​တို့​အ​ထဲ​၌ အ​စဉ်​ပြု​ပြင်​လျက်​ရှိ​သည်​ဖြစ်​၍​သင်​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​စိမ့်​သော​ငှာ ကြောက်​ရွံ့ တုန်​လှုပ်​သော​စိတ်​နှင့်​လုပ်​ဆောင်​လျက်​နေ ကြ​လော့။ သင်​တို့​လုပ်​ဆောင်​စ​ရာ​ရှိ​သ​မျှ​တို့​ကို​မ​ညည်း မ​တွား၊ မ​ငြင်း​မ​ခုံ​ဘဲ​လုပ်​ဆောင်​ကြ​လော့။- သို့​မှ​သာ​လျှင်​သင်​တို့​သည်​ဖောက်​ပြန်​၍​အ​ပြစ် ကူး​လွန်​သူ​များ​ရှိ​ရာ​ကမ္ဘာ​တွင် ဘု​ရား​သ​ခင် ၏​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သော​သား​သ​မီး​များ အ​နေ​ဖြင့် စိတ်​နှ​လုံး​ဖြူ​စင်​သန့်​ရှင်း​လျက်​အ​ပြစ် ကင်း​သူ​များ​ဖြစ်​ကြ​လိမ့်​မည်။ သင်​တို့​သည် ထာ​ဝ​ရ​အ​သက်​နှင့်​ဆိုင်​သော​တ​ရား​တော် ကို​ဟော​ပြော​ကာ ထို​သူ​တို့​အ​လယ်​တွင်​ကြယ် တာ​ရာ​များ​သ​ဖွယ်​ထွန်း​လင်း​တောက်​ပ​ရ​ကြ မည်။ ဤ​သို့​ပြု​ကြ​မည်​ဆို​ပါ​က​ငါ​အား​ထုတ် လုပ်​ဆောင်​ခဲ့​သ​မျှ​သည် အ​ချည်း​နှီး​မ​ဖြစ် သ​ဖြင့်​ခ​ရစ်​တော်​၏​နေ့​ရက်​၌​ငါ့​မှာ​ဂုဏ် ယူ​ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ရှိ​လိမ့်​မည်။ သင်​တို့​၏​ယုံ​ကြည်​ခြင်း​က​ဘု​ရား​သ​ခင်​အား ပူ​ဇော်​သော​ယဇ်​ပေါ်​တွင် ငါ​၏​အ​သက်​သွေး​ကို သွန်း​လောင်း​ရ​မည်​ဆို​လျှင် ငါ​သည်​ဝမ်း​မြောက် လျက်​သင်​တို့​နှင့်​အ​တူ​ဝမ်း​မြောက်​သည်။- သင်​တို့​သည်​လည်း​ဝမ်း​မြောက်​လျက်​ငါ​နှင့် အ​တူ​ဝမ်း​မြောက်​ကြ​လော့။ ငါ​သည်​သင်​တို့​၏​အ​ကြောင်း​သ​တင်း​ကောင်း​ကို ကြား​၍ အား​တက်​လာ​စေ​ရန်​သ​ခင်​ဘု​ရား​အလို တော်​ရှိ​လျှင် တိ​မော​သေ​ကို​သင်​တို့​ထံ​သို့​မ​ကြာ မီ​စေ​လွှတ်​နိုင်​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​သည်။- တိ​မော​သေ​တစ်​ဦး​သာ​လျှင်​ငါ​နှင့်​သ​ဘော​ချင်း တူ​၍​သင်​တို့​၏​အ​ကျိုး​ကို​အ​ကယ်​ပင်​လို​လား သူ​ဖြစ်​၏။- အ​ခြား​သော​သူ​အ​ပေါင်း​တို့​သည်​ကား​ကိုယ့် အ​ကျိုး​ကို​သာ​လျှင်​ရှာ​ကြ​၏။ ယေ​ရှု​ခ​ရစ် ၏​အ​ကျိုး​ကို​မ​ရှာ​ကြ။- တိ​မော​သေ​နှင့်​ငါ​သည်​သား​အ​ဖ​သ​ဖွယ်​အ​တူ တ​ကွ​သ​တင်း​ကောင်း​ပျံ့​နှံ့​ရေး​အ​တွက် အ​မှု​တော် ကို​အ​ဘယ်​သို့​ဆောင်​ရွက်​ခဲ့​ကြ​ကြောင်း​ကို​သင်​တို့ သိ​ကြ​၏။- သို့​ဖြစ်​၍​ငါ့​အ​မှု​ကိစ္စ​အ​ဘယ်​သို့​ဖြစ်​မည်​ကို​သိ လျှင်​သိ​ခြင်း သူ့​အား​သင်​တို့​ထံ​သို့​စေ​လွှတ်​နိုင် မည်​ဟု​ငါ​မျှော်​လင့်​၏။- သ​ခင်​ဘု​ရား​ကို​ယုံ​ကြည်​ကိုး​စား​လျက်​ငါ​ကိုယ် တိုင်​ပင်​မ​ကြာ​မီ​သင်​တို့​ထံ​သို့​လာ​နိုင်​လိမ့်​မည်။ ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်၊ ငါ​နှင့်​အ​တူ​တိုက်​ပွဲ ဝင်​ခဲ့​သူ၊ ငါ့​အား​ပြု​စု​ရန်​သင်​တို့​က​စေ​လွှတ် လိုက်​သူ၊ ငါ​တို့​၏​ညီ​ဧ​ပ​ဖြော​ဒိတ်​ကို​သင်​တို့ ထံ​သို့​စေ​လွှတ်​ရန်​လို​အပ်​သည်​ဟု​ငါ​ယူ​ဆ​၏။- သူ​သည်​သင်​တို့​အ​ပေါင်း​ကို​လွမ်း​ဆွတ်​လျက် နေ​၏။ သူ​ဖျား​နာ​သည့်​သ​တင်း​ကို​သင်​တို့​ကြား သိ​သွား​သ​ဖြင့်​သူ​သည်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​လျက်​နေ​၏။- သူ​သည်​အ​မှန်​ပင်​သေ​လု​နီး​ပါး​ဖျား​နာ​ခဲ့​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သူ့​ကို​သ​နား တော်​မူ​လေ​ပြီ။ သူ့​ကို​သာ​လျှင်​သ​နား​တော် မူ​သည်​မ​ဟုတ်။ ငါ့​အား​လည်း​ထပ်​ဆင့်​ဝမ်း နည်း​မှု​နှင့်​မ​ကြုံ​တွေ့​စေ​ရန်​သ​နား​တော်​မူ​၏။- ထို့​ကြောင့်​သင်​တို့​သည်​သူ့​ကို​တစ်​ဖန်​တွေ့​မြင်​ရ သ​ဖြင့်​ဝမ်း​မြောက်​ကြ​စေ​ရန်​လည်း​ကောင်း၊ ငါ ၏​ဝမ်း​နည်း​မှု​ကို​လည်း​ပ​ပျောက်​သွား​စေ​ရန် လည်း​ကောင်း​သူ့​အား​သင်​တို့​ထံ​သို့​စေ​လွှတ် ရန်​ငါ​ပို​၍​စိတ်​အား​ထက်​သန်​လျက်​ရှိ​၏။- သင်​တို့​သည်​သူ့​အား​ခ​ရစ်​ယာန်​ညီ​အစ်​ကို​တစ်​ဦး အ​နေ​ဖြင့်​ဝမ်း​မြောက်​စွာ​ကြို​ဆို​ကြ​လော့။ ထို​သို့ သော​သူ​တို့​ကို​ရို​သေ​လေး​စား​ကြ​လော့။- သူ​သည်​သင်​တို့​ကိုယ်​တိုင်​မ​ပေး​နိုင်​သည့်​အ​ကူ အ​ညီ​ကို ငါ့​အား​ပေး​နိုင်​အံ့​သော​ငှာ​အ​သက်​စွန့် စား​၍ ခ​ရစ်​တော်​၏​အ​မှု​တော်​ကို​သေ​လု​နီး သည်​တိုင်​အောင်​ကြိုး​ပမ်း​ထမ်း​ဆောင်​ခဲ့​ပေ​သည်။

ဖိလိပ္ပိ 2:12-30 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်၍ ငါ​ချစ်​သော​သူ​တို့၊ သင်​တို့​သည် အစဉ်​နာခံ​ခဲ့​ကြ​သည့်​အတိုင်း ငါ​၏​မျက်မှောက်​၌​သာ​မ​ဟုတ်​ဘဲ ယခု ငါ​နှင့်​ဝေးကွာ​သည့်​အခါ​၌​လည်း ပို၍​နာခံ​လျက် ကြောက်ရွံ့​တုန်လှုပ်​သော​စိတ်​ဖြင့် မိမိ​တို့​၏​ကယ်တင်​ခြင်း​ကို အကောင်အထည်ဖော်​ကြ​လော့။ အကြောင်းမူကား စေတနာ​တော်​အတိုင်း ဆန္ဒ​ရှိ​ကြ​စေရန်​နှင့် လုပ်ဆောင်​ကြ​စေရန် သင်​တို့​အထဲ၌​လုပ်ဆောင်​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။ အရာ​ခပ်သိမ်း​ကို ညည်းညူ​ခြင်း​နှင့်​ငြင်းခုံ​ခြင်း​မ​ရှိ​ဘဲ လုပ်ဆောင်​ကြ​လော့။ ဤသည်ကား ကောက်ကျစ်​၍​ဖောက်ပြန်​လမ်းလွဲ​သော​မျိုးဆက်​၏​အလယ်​တွင် သင်​တို့​သည် ရိုးသား​ဖြူစင်​လျက် အပြစ်တင်​စရာ​မ​ရှိ​သော​သူ​များ၊ အပြစ်​အနာအဆာ​ကင်း​သော ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​ပြီး အသက်​နှင့်ဆိုင်သော​နှုတ်ကပတ်တော်​ကို​စွဲကိုင်​ထား​လျက် ဤ​လောက​၌​ရှိ​သော​အလင်းရောင်​များ​ကဲ့သို့ သူ​တို့​အထဲ​တွင် ထွန်းလင်း​ကြ​မည့်​အကြောင်း​တည်း။ ထိုသို့အားဖြင့် ငါ​သည် အချည်းနှီး​ပြေး​ခဲ့​သည်​မ​ဟုတ်​ကြောင်း​နှင့် အချည်းနှီး​အားထုတ်​လုပ်ဆောင်​ခဲ့​သည်​မ​ဟုတ်​ကြောင်း ခရစ်တော်​၏​နေ့ရက်​၌ ဂုဏ်ယူ​ဝါကြွား​နိုင်​လိမ့်မည်။ ထိုမျှမက သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်ဆိုင်သော ဝတ်ပြု​ခြင်း​နှင့်​ယဇ်​ပူဇော်​ခြင်း​တို့​အပေါ်၌ ငါ​သွန်းလောင်း​ပူဇော်​ခြင်း​ခံရ​မည်​ဆိုလျှင်​လည်း ငါ​ဝမ်းမြောက်​၏။ သင်​တို့​အားလုံး​နှင့်အတူ ငါ​ဝမ်းမြောက်​၏။ ထိုနည်းတူ သင်​တို့​သည်​လည်း ဝမ်းမြောက်​ကြ​လော့။ ငါ​နှင့်အတူ​ဝမ်းမြောက်​ကြ​လော့။ ငါ​သည် သင်​တို့​အကြောင်း​ကို​ကြားသိ​၍ အားတက်​လာ​စေရန် တိမောသေ​ကို သင်​တို့​ထံသို့ မကြာမီ​စေလွှတ်​နိုင်​မည်​ဟု သခင်​ယေရှု​၌ ငါ​မျှော်လင့်​ထား​၏။ အကြောင်းမူကား တိမောသေ​ကဲ့သို့ ငါ​နှင့်​စိတ်​သဘောချင်း​တူ​၍ သင်​တို့​အကျိုး​ကို အမှန်တကယ်​အလေးထား​ဂရုစိုက်​မည့်​သူ တစ်စုံတစ်ဦး​မျှ ငါ​၌​မ​ရှိ။ လူ​အပေါင်း​တို့​သည် ယေရှု​ခရစ်တော်​၏​အကျိုး​ကို​မ​ရှာ ကိုယ်​ကျိုး​ကို​သာ​ရှာ​ကြ​၏။ သို့သော် တိမောသေ​သည် ငါ​နှင့်အတူ သား​အဖ​ကဲ့သို့ ကောင်းမြတ်​သော​သတင်း​အတွက် အစေခံ​ခဲ့​သောကြောင့် သူ​၏​ရင့်ကျက်​သော​ပါရမီ​ကို သင်​တို့​သိ​ကြ​၏။ ထို့ကြောင့် ငါ​၏​အမှုကိစ္စ မည်သို့​ဖြစ်​မည်​ကို သိလျှင်သိချင်း သူ့​ကို​စေလွှတ်​နိုင်​မည်​ဟု ငါ​မျှော်လင့်​ထား​၏။ ငါ​ကိုယ်တိုင်​လည်း မကြာမီ​ရောက်လာ​နိုင်​မည်​ဟု သခင်​ဘုရား​၌ ငါ​ယုံကြည်​စိတ်ချ​၏။ သို့သော် ငါ​၏​ညီ၊ ငါ​၏​လုပ်ဖော်ဆောင်ဖက်​နှင့် ရဲဘော်ရဲဘက်​ဖြစ်​သည့်​အပြင် ငါ​၏​လိုအပ်​ချက်​များ​ကို​ဖြည့်ဆည်း​ဆောင်ရွက်​ပေး​သော သင်​တို့​၏​စေတမန် ဧပဖြောဒိတ်​ကို သင်​တို့​ထံသို့​စေလွှတ်​ရန် လိုအပ်​သည်​ဟု ငါ​ယူဆ​၏။ အဘယ်ကြောင့်​ဆိုသော် သူ​သည် သင်​တို့​အားလုံး​ကို​လွမ်းဆွတ်​နေ​ပြီး သူ​နာမကျန်း​ဖြစ်​ကြောင်း သင်​တို့​ကြားသိ​ကြ​သည့်​အတွက် စိတ်ပူပန်​နေ​၏။ သူ​သည် အမှန်ပင် သေ​လုနီးပါး​နာမကျန်း​ဖြစ်​ခဲ့​၏။ သို့သော် ဘုရားသခင်​သည် သူ့​ကို​သနား​တော်မူ​လေ​ပြီ။ သူ့​ကို​သာ​မ​ဟုတ်​ဘဲ ငါ​၌ တစ်​ပူ​ပေါ်​တစ်​ပူ​ဆင့်​မ​ဖြစ်​ရ​လေ​အောင် ငါ့​ကို​လည်း သနား​တော်မူ​၏။ ထို့ကြောင့် သင်​တို့​သည် သူ့​ကို တစ်ဖန်​တွေ့မြင်​၍ ဝမ်းမြောက်​ကြ​စေရန်​နှင့် ငါ​သည်​လည်း စိတ်​သက်သာ​ရာ​ရ​စေရန် သူ့​ကို မဆိုင်းမတွ​ငါ​စေလွှတ်​၏။ သို့ဖြစ်၍ ဝမ်းမြောက်​ခြင်း​အပြည့်အဝ​ဖြင့် သခင်​ဘုရား​၌ သူ့​ကို​လက်ခံ​ကြ​လော့။ ဤသို့​သော​သူ​တို့​ကို ရိုသေလေးစား​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ငါ့​ကို​ကူညီ​ထောက်မ​ရာ​၌ လိုအပ်​သည့်​အပိုင်း​ကို​ဖြည့်ဆည်း​ပေး​ရန် သူ​သည် မိမိ​အသက်​ကို​ပဓာန​မ​ထား​ဘဲ ခရစ်တော်​၏​အမှု​တော်​အတွက် သေ​လုနီးပါး​ဖြစ်​ခဲ့​၏။