YouVersion လိုဂို
ရှာရန် အိုင်ကွန်

နာဟုံ 2

2
နိ​နေ​ဝေ​မြို့​ကျ​ဆုံး​ခြင်း
1ဖျက်​ဆီး​သော​သူ​သည် သင့်​ရှေ့​သို့ ရောက်​လာ​ပြီ။ သင်၏​ရဲ​တိုက်​ကို သ​တိ​ပြု​လော့။ လမ်း​ကို စောင့်​လော့။ ကိုယ်​ခါး​ကို ခိုင်​ခံ့​စေ​လော့။ ကျပ်​ကျပ် အား​ယူ​လော့။ 2အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ၏​ဘုန်း​ကဲ့​သို့ ယာ​ကုပ်၏​ဘုန်း​ကို ပြု​ပြင်​တော်​မူ၏။ သုတ်​သင်​သော​သူ​တို့​သည် ယာ​ကုပ်​အ​မျိုး​ကို သုတ်​သင်၍၊ သူ၏​အ​ခက်​အ​လက်​တို့​ကို ပယ်​ရှင်း​ကြ​ပြီ။ 3သူ​ရဲ​တို့​သည် နီ​သော ဒိုင်း​လွှား​ကို​ဆောင်၍၊ နီ​သော​အ​ဝတ်​ကို ဝတ်​ကြ၏။ ခင်း​ကျင်း​သော​နေ့၌ ရ​ထား​တို့​သည် သံ​လက်​နက်​နှင့် တောက်​ပ၍၊ လှံ​တံ​တို့​သည် အ​လွန်​လှုပ်​ရှား​ကြ၏။ 4ရ​ထား​တို့​သည် လမ်း၌​ဟုန်း​ဟုန်း​မြည်၍၊ လမ်း​မ​တို့၌ တောင်​မြောက်​ပြေး​ကြ၏။ မီး​ရှူး​အ​ဆင်း​အ​ရောင်​ရှိ၍၊ လျှပ်​စစ်​ကဲ့​သို့ ပြေး​ကြ၏။ 5စစ်​သူ​ရဲ​တို့​ကို နှိုး​ဆော်​တော်​မူ၏။ သူ​တို့​သည် ချီ​သွား​စဉ် သူ​တစ်​ပါး​ကို တွန်း​ချ​ကြ၏။ မြို့​ရိုး​သို့ အ​လျင်​အ​မြန်​သွား၍ ပြ​အိုး​တို့​ကို ပြင်​ဆင်​ကြ၏။ 6မြစ်​တံ​ခါး​ပွင့်​လျှင်၊ နန်း​တော်​သည် ကွယ်​ပျောက်၏။ နိ​နေ​ဝေ​သ​တို့​သ​မီး​ကို အ​ဝတ်​ချွတ်၍ ထုတ်​ရ၏။ 7အ​ပျို​တော်​တို့​သည် ချိုး​ကဲ့​သို့ ကူ၍ ရင်​ပတ်​ကို တီး​လျက် လိုက်​ရ​ကြ၏။ 8ရှေး​ကာ​လ​မှ​စ၍ နိ​နေ​ဝေ​မြို့​သည် ရေ​ကန်​ကဲ့​သို့ ဖြစ်၏။ ယ​ခု​မူ​ကား၊ ရေ​တို့​သည် စီး​ထွက်​ကြ၏။ ရပ်​ကြ။ ရပ်​ကြ​ဟု ဟစ်​သော်​လည်း အ​ဘယ်​သူ​မျှ ပြန်၍​မ​ကြည့်။ 9ငွေ​ကို လု​ယူ​ကြ။ ရွှေ​ကို​လည်း လု​ယူ​ကြ။ နှစ်​သက်​ဖွယ်​သော တန်​ဆာ​များ​ကို ရွှေ​တိုက်​တော်​ထဲ​က ထုတ်၍ မ​ကုန်​နိုင်။ 10မြို့​တော်​သည် ဟင်း​လင်း​နေ​ရ၏။ ဥ​စ္စာ​မ​ရှိ၊ လူ​ဆိတ်​ညံ​လျက် ဖြစ်၏။ မြို့​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​လျက်၊ ဒူး​ချင်း​ထိ​ခိုက်​လျက်၊ အ​လွန်​ခါး​ကိုက်​လျက်၊ မျက်​နှာ​မည်း​လျက်​ရှိ​ကြ၏။
11ခြင်္သေ့​နေ​ရာ​အ​ရပ်၊ ခြင်္သေ့​ပျို​စား​ရာ​အ​ရပ်၊ ခြင်္သေ့၊ ခြင်္သေ့​မ၊ ခြင်္သေ့​က​လေး​တို့​သည် အ​ဘယ်​သူ​မျှ မ​ကြောက်​စေ​ဘဲ၊ ကျင်​လည်​ရာ​အ​ရပ်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ 12ခြင်္သေ့​သည် သား​ငယ်​များ ဖို့​ကိုက်​ဖြတ်​လျက်၊ ခြင်္သေ့​မ​တို့ လည်​ပင်း​ကို ညှစ်​လျက်၊ လု​ယူ​ဖျက်​ဆီး​သော အ​ကောင်​များ​ကို​ဆောင်​ခဲ့၍ မိ​မိ​မှီ​ခို​ရာ​တွင်း​တို့​ကို ပြည့်​စေ​တတ်၏။ 13ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင်၏​ရ​ထား​တို့​ကို မီး​ခိုး​ထဲ​မှာ မီး​ရှို့​မည်။ သင်၏​ခြင်္သေ့​ပျို​တို့​ကို ဓား​ဖြင့် ဖျက်​ဆီး​မည်။ သင်​လု​ယူ​သော​ဥ​စ္စာ​ကို မြေ​ကြီး​မှ ပယ်​ရှင်း​မည်။ သင်၏​သံ​တ​မန်​တို့ စ​ကား​သံ​ကို နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​ကြား​ရ။

လက်ရှိရွေးချယ်ထားမှု

နာဟုံ 2: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။