YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိက္ခာ 6

6
ဣ​သ​ရေ​လ​တို့​ကို​စိန်​ခေါ်​ခြင်း
1ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ထ၍ တောင်​ကြီး​တို့​ရှေ့​မှာ တ​ရား​တွေ့​သ​ဖြင့်၊ တောင်​ငယ်​တို့​သည် သင့်​စ​ကား​ကို ကြား​ကြ​စေ။ 2အို တောင်​တို့၊ ခိုင်​ခံ့​သော​မြေ​အ​မြစ်​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တွေ့​မှု​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​နှင့် တ​ရား​တွေ့​စ​ရာ​ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး​နှင့် ဆွေး​နွေး​ငြင်း​ခုံ​တော်​မူ​မည်။ 3အို ငါ၏​လူ​မျိုး၊ သင့်​ကို အ​ဘယ်​သို့ ငါ​ပြု​ဖူး​သ​နည်း။ အ​ဘယ်​သို့ ညှဉ်း​ဆဲ​ဖူး​သ​နည်း။ ငါ့​တစ်​ဖက်၌ သက်​သေ​ခံ​လော့။ 4သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​ဆောင်​ခဲ့​ပြီ။ ကျွန်​ခံ​နေ​ရာ​အ​ရပ်​မှ ရွေး​နုတ်​ပြီ။ သင့်​ရှေ့​မှာ မော​ရှေ၊ အာ​ရုန်၊ မိ​ရိ​အံ​တို့​ကို ငါ​စေ​လွှတ်​လေ​ပြီ။#ထွ၊ ၄:၁၀-၁၆။ ၁၂:၅၀-၅၁။ ၁၅:၂၀။ 5အို ငါ၏​လူ​မျိုး၊ ရှိ​တ္တိမ်​မြို့​နှင့် ဂိ​လ​ဂါ​လ​မြို့ စပ်​ကြား​မှာ မော​ဘ​မင်း​ကြီး ဗာ​လက်​ကြံ​စည်​သော အ​ကြံ​ကို​လည်း​ကောင်း၊ ဗော​ရ​သား ဗာ​လမ်​ပြန်​ပြော​သော စ​ကား​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ထို​သို့ အောက်​မေ့​မိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဖြောင့်​မတ်​တော်​မူ​ခြင်း​ကို နား​လည်​လိမ့်​မည်။#တော၊ ၂၂:၂—၂၄:၂၅။ ယော​ရှု၊ ၃:၁-၄:၁၉။
ထာ​ဝ​ရ​ဘု​ရား​အ​လို​ရှိ​သော​အ​ရာ
6ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ အ​ဘယ်​ပူ​ဇော်​သ​ကာ​ပါ​လျက် ချဉ်း​ကပ်၍၊ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုး​ကွယ်​ရ​မည်​နည်း။ မီး​ရှို့​ရာ​ယဇ်​နှင့် အ​ခါ​လည်​သော နွား​သ​ငယ်​တို့​ကို ဆောင်​လျက် ချဉ်း​ကပ်​ရ​မည်​လော။ 7ထာ​ဝ​ရ​ဘု​ရား​သည် သိုး​ထီး​တစ်​ထောင်၊ ဆီ​မြစ်​တစ်​သောင်း​ကို အား​ရ​နှစ်​သက် တော်​မူ​မည်​လော။ ငါ့​လွန်​ကျူး​ခြင်း​အ​တွက် ငါ၏​သား​ဦး​ကို​လည်း​ကောင်း၊ ငါ့​စိတ်​ဝိ​ညာဉ်၏ အ​ပြစ်​အ​တွက် ငါ၏​ရင်​သွေး​ကို​လည်း​ကောင်း ပူ​ဇော်​ရ​မည်​လော၊ 8အ​ချင်း​လူ၊ ကောင်း​သော​လမ်း​ကို ပြ​တော်​မူ​ပြီ။ တ​ရား​သ​ဖြင့်​ပြု​ခြင်း၊ က​ရု​ဏာ​ကို နှစ်​သက်​ခြင်း၊ သင်၏ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ နှိမ့်​ချ​သော​စိတ်​နှင့် ကျင့်​နေ​ခြင်း​မှ​တ​ပါး အ​ဘယ်​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား တောင်း​တော်​မူ​သ​နည်း။
9ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် မြို့​ကို ဟစ်​ခေါ်​တော်​မူ၏။ ပ​ညာ​ရှိ​သော​သူ​သည် နာ​မ​တော်​ကို ကြောက်​ရွံ့​ရ၏။ ဆုံး​မ​ခြင်း​ကို​လည်း​ကောင်း၊ စီ​ရင်​သော​သူ​သည် အ​ဘယ်​သူ ဖြစ်​သည်​ကို​လည်း​ကောင်း နား​ထောင်​ကြ​လော့။ 10မ​တ​ရား​သော​သူ​တို့၏​အိမ်၌ မ​တ​ရား​သ​ဖြင့် ဆည်း​ပူး​သော ဥ​စ္စာ​နှင့်၊ ရွံ​ရှာ​ဖွယ်​သော တင်း​တောင်း​ငယ် ရှိ​သေး​သ​လော။ 11မ​တ​ရား​သော​ချိန်​ခွင်​နှင့် စဉ်း​လဲ​သော အ​လေး​အိတ်​ရှိ​သော မြို့​ကို သန့်​ရှင်း​သော​မြို့​ဟူ၍ ငါ​မှတ်​ရ​မည်​လော။ 12မြို့​သား​သူ​ဌေး​တို့​သည် အ​နိုင်​အ​ထက်​ပြု၍ ရ​တတ်​ကြ၏။ ဆင်း​ရဲ​သား​တို့​သည်​လည်း မု​သား​ကို သုံး​တတ်​ကြ၏။ သူ​တို့​နှုတ်၌ ရှိ​သော​လျှာ​သည် မု​သား​ဖြစ်၏။ 13သို့​ဖြစ်၍၊ သင်၏​အ​ပြစ်​ကြောင့် သင့်​ကို​ငါ​သုတ်​သင်​ပယ်​ရှင်း​ခြင်း အ​လို​ငှာ နာ​ကျင်​စွာ ဒဏ်​ခတ်​မည်။ 14သင်​သည် စား​သော်​လည်း မ​ဝ​ရ။ မွတ်​သိပ်​ခြင်း​ကို ခံ​ရ​မည်။ သင်​သည် ချီ​သော်​လည်း ယူ၍​မ​သွား​ရ။ ယူ​သွား​သော​အ​ရာ​ကို​လည်း ဓား​ဘေး​သို့ ငါ​အပ်​မည်။ 15မျိုး​စေ့​ကို​ကြဲ​သော်​လည်း၊ စ​ပါး​ကို မ​ရိတ်​ရ။ သံ​လွင်​သီး​ကို နယ်​သော်​လည်း၊ ဆီ​နှင့် ကိုယ်​ကို​မ​လိမ်း​ရ။ စ​ပျစ်​သီး​ကို နယ်​သော်​လည်း၊ စ​ပျစ်​ရည်​ကို မ​သောက်​ရ။ 16အ​ကြောင်း​မူ​ကား၊ သင်​သည် ဩ​မ​ရိ​မင်း၏ စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို​လည်း​ကောင်း၊ အာ​ဟပ်​မင်း​မျိုး ကျင့်​သော​အ​ကျင့် ရှိ​သ​မျှ​ကို​လည်း​ကောင်း ကျင့်​စောင့်၍၊ သူ​တို့၏​တိုက်​တွန်း​ရာ​သို့ လိုက်​တတ်၏။ သို့​ဖြစ်၍၊ သင့်​ကို ငါ​သုတ်​သင်​ပယ်​ရှင်း၍ မြို့​သား​တို့​ကို ဆဲ​ရေး​ရာ ဖြစ်​စေ​သ​ဖြင့်၊ သင်​သည် ငါ၏​လူ​တို့ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​မည်။#၃​ရာ၊ ၁၆:၂၃-၃၄၊ ၂၁:၂၅-၂၆။

လက်ရှိရွေးချယ်ထားမှု

မိက္ခာ 6: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။