YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိက္ခာ 6:6-8

မိက္ခာ 6:6-8 JBMLE

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ အ​ဘယ်​ပူ​ဇော်​သ​ကာ​ပါ​လျက် ချဉ်း​ကပ်၍၊ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုး​ကွယ်​ရ​မည်​နည်း။ မီး​ရှို့​ရာ​ယဇ်​နှင့် အ​ခါ​လည်​သော နွား​သ​ငယ်​တို့​ကို ဆောင်​လျက် ချဉ်း​ကပ်​ရ​မည်​လော။ ထာ​ဝ​ရ​ဘု​ရား​သည် သိုး​ထီး​တစ်​ထောင်၊ ဆီ​မြစ်​တစ်​သောင်း​ကို အား​ရ​နှစ်​သက် တော်​မူ​မည်​လော။ ငါ့​လွန်​ကျူး​ခြင်း​အ​တွက် ငါ၏​သား​ဦး​ကို​လည်း​ကောင်း၊ ငါ့​စိတ်​ဝိ​ညာဉ်၏ အ​ပြစ်​အ​တွက် ငါ၏​ရင်​သွေး​ကို​လည်း​ကောင်း ပူ​ဇော်​ရ​မည်​လော၊ အ​ချင်း​လူ၊ ကောင်း​သော​လမ်း​ကို ပြ​တော်​မူ​ပြီ။ တ​ရား​သ​ဖြင့်​ပြု​ခြင်း၊ က​ရု​ဏာ​ကို နှစ်​သက်​ခြင်း၊ သင်၏ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ နှိမ့်​ချ​သော​စိတ်​နှင့် ကျင့်​နေ​ခြင်း​မှ​တ​ပါး အ​ဘယ်​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား တောင်း​တော်​မူ​သ​နည်း။