YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 5:1-16

ရှင်မဿဲ 5:1-16 JBMLE

ထို​လူ​အ​ပေါင်း​တို့​ကို မြင်​လျှင်၊ ကိုယ်​တော်​သည် တောင်​ပေါ်​သို့​တက်၍ ထိုင်​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​ရင်း​သို့ ချဉ်း​ကပ်​ကြ၏။- ထို​အ​ခါ နှုတ်​တော်​ကို​ဖွင့်၍ တ​ပည့်​တော်​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ​သည်​မှာ၊- စိတ်​နှ​လုံး​နှိမ့်​ချ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။- စိတ်​မ​သာ​ညည်း​တွား​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် သက်​သာ​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။- စိတ်​နူး​ညံ့​သိမ်​မွေ့​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ပြည်​တော်​ကို အ​မွေ​ခံ​ရ​ကြ​လ​တ္တံ့။- ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​ကို ဆာငတ်ခင်မွတ် သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။- သ​နား​စုံ​မက်​တတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် သ​နား​စုံ​မက်​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။- စိတ်​နှ​လုံး​ဖြူ​စင်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မြင်​ရ​ကြ​လ​တ္တံ့။- သူ​တစ်​ပါး​ချင်း ခိုက်​ရန်​ပြု​ခြင်း​ကို ငြိမ်း​စေ​တတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏​သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။- ဖြောင့်​မတ်​ခြင်း​တ​ရား​ကြောင့် နှောင့်​ယှက်​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။- ငါ့​ကြောင့် သင်​တို့​ကို ကဲ့​ရဲ့​ညှဉ်း​ဆဲ၍ မ​မှန်​ဘဲ​လျက် အ​ပြစ်​တ​ကာ တင်​ကြ​သော​အ​ခါ၊ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။- ဝမ်း​မြောက်​ရွှင်​မြူး​ခြင်း ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ သင်​တို့၏​အ​ကျိုး​သည် ကြီး​လှ​ပေ၏။ သင်​တို့​ရှေ့​က ပေါ်​ထွန်း​သော ပ​ရော​ဖက်​တို့​ကို ထို​နည်း​တူ ညှဉ်း​ဆဲ​ကြ​ပြီ။- သင်​တို့​သည် ဤ​လော​က၏ ဆား​ဖြစ်​ကြ၏။ ဆား​မူ​ကား၊ အ​ငန်​ကင်း​ပျောက်​လျှင် ငန်​သော​အ​ရ​သာ​ကို အ​ဘယ်​သို့ ရ​ပြန်​မည်​နည်း။ ပြင်​သို့​ပစ်​လိုက်၍ ကျော်​နင်း​ခြင်း​မှ​တစ်​ပါး အ​ဘယ်​အ​သုံး​မျှ​မ​ဝင်။- သင်​တို့​သည် ဤ​လော​က၏ အ​လင်း​ဖြစ်​ကြ၏။ တောင်​ထိပ်၌​တည်​သော​မြို့​ကို မ​ကွယ်​နိုင်။- ဆီ​မီး​ထွန်း၍ တောင်း​ဇ​လား​အောက်၌ ဖုံး​ထား​လေ့​မ​ရှိ။ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် အ​လင်း​ကို ရ​စေ​ခြင်း​ငှာ ဆီ​မီး​ခုံ​ပေါ်​မှာ တင်​ထား​လေ့​ရှိ၏။- ထို​နည်း​တူ၊ သူ​တစ်​ပါး​တို့​သည် သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို မြင်၍၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​ရှေ့၌ သင်​တို့​အ​လင်း​ကို လင်း​စေ​ကြ​လော့။

ရှင်မဿဲ 5:1-16 အကြောင်း ဗီဒီယိုများ

​ရှင်မဿဲ 5:1-16 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။