YouVersion လိုဂို
ရှာရန် အိုင်ကွန်

မာလခိ 3

3
ကြွ​လာ​မည့်​တ​မန်​တော်
1ကြည့်​ရှု​လော့။ ငါ​သွား​ရာ​လမ်း​ကို ပြင်​ရ​သော ငါ၏​တ​မန်​ကို ငါ​စေ​လွှတ်​မည်။ သင်​တို့​ရှာ​သော​သ​ခင်၊ သင်​တို့​တောင့်​တ​သော ပ​ဋိ​ညာဉ်​တ​မန်​တော်​သည် မိ​မိ​ဗိ​မာန်​တော်​သို့ ချက်​ချင်း​လာ​လိမ့်​မည်။ ကြည့်​ရှု​လော့။ ထို​သ​ခင်​လာ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။#မ၊ ၁၁:၁၀။ မာ၊ ၁:၂။ လု၊ ၁:၇၆၊ ၇:၂၇။ 2လာ​တော်​မူ​သော​နေ့​ရက်​ကို အ​ဘယ်​သူ​သည် မ​တိမ်း​မ​ရှောင်​ဘဲ နေ​လိမ့်​မည်​နည်း။ ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ အ​ဘယ်​သူ​သည် ခံ​ရပ်​လိမ့်​မည်​နည်း။ ထို​သ​ခင်​သည် ငွေ​စစ်​သော​သူ၏​မီး၊ ခ​ဝါ​သည်​သုံး​သော ဆပ်​ပြာ​ကဲ့​သို့ ဖြစ်​တော်​မူ​မည်။#ယော​လ၊ ၂:၁၁။ ဗျာ၊ ၆:၁၇။ 3ငွေ​ကို​ချွတ်၍ သန့်​ရှင်း​စေ​သော​သူ​ကဲ့​သို့​ထိုင်​လျက် ရွှေ​ငွေ​ကို ချွတ်​သ​ကဲ့​သို့၊ လေ​ဝိ​သား​တို့​ကို​ချွတ်၍ သန့်​ရှင်း​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ဖြစ်၍ ဖြောင့်​မတ်​ခြင်း​ပူ​ဇော်​သ​ကာ​ကို ပူ​ဇော်​ကြ​လိမ့်​မည်။ 4ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၏ ပူ​ဇော်​သ​ကာ​သည် ရှေး​လွန်​လေ​ပြီး​သော နှစ်၊ လ၊ နေ့​ရက်​ကာ​လ၌ ဖြစ်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်​လိမ့်​မည်။ 5သင်​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ငါ​ချဉ်း​မည်။ ပြု​စား​တတ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ မ​မှန်​သော ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၊ သူ​ငှား​ကို အ​ခ​မ​ပေး ညှဉ်း​ဆဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို ညှဉ်း​ဆဲ​သော​သူ၊ ဧည့်​သည်​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ငါ့​ကို​မ​ကြောက်​ရွံ့​သော​သူ​တို့​တစ်​ဖက်၌ ငါ​သည် လျင်​မြန်​သော​သက်​သေ​ဖြစ်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ဆယ်​ဖို့​တစ်​ဖို့​အ​လှူ
6ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ပြောင်း​လဲ​ခြင်း​မ​ရှိ။ ထို​ကြောင့်၊ ယာ​ကုပ်​အ​မျိုး​သား​တို့၊ သင်​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​ကြ။
7ဘိုး​ဘေး​တို့ လက်​ထက်​မှ​စ၍ သင်​တို့​သည် ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို မ​စောင့်၊ တိမ်း​ရှောင်​ကြ​ပြီ။ ငါ​ထံ​သို့ ပြန်​လာ​ကြ​လော့။ ငါ​သည်​လည်း သင်​တို့​ဆီ​သို့ ပြန်​လာ​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့ ပြန်​လာ​ရ​ပါ​မည်​နည်း​ဟု သင်​တို့​မေး​ကြ​သည်​တ​ကား။ 8လူ​သည် ဘု​ရား​သ​ခင်၏​ဥ​စ္စာ​တော်​ကို လု​ယူ​ရ​မည်​လော။ သို့​သော်​လည်း၊ သင်​တို့​သည် ငါ့​ဥ​စ္စာ​ကို လု​ယူ​ကြ​ပြီ။ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့ လု​ယူ​ပါ​သ​နည်း​ဟု သင်​တို့​မေး​လျှင်၊ ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ကောင်း၊ ပူ​ဇော်​သ​ကာ​တို့​ကို​လည်း​ကောင်း လု​ယူ​ကြ​ပြီ။ 9သင်​တို့​သည် ကျိန်​ခြင်း​အ​မင်္ဂ​လာ​ကို ခံ​ရ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ငါ့​ဥ​စ္စာ​ကို လု​ယူ​ကြ​ပြီ။ 10ဆယ်​ဖို့​တစ်​ဖို့​ရှိ​သ​မျှ​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း၍၊ ငါ့​အိမ်​တော်၌ စား​စ​ရာ​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​လော့။ ငါ​သည် မိုး​ကောင်း​ကင်​ပြတင်း​ပေါက်​တို့​ကို​ဖွင့်၍ ကောင်း​ကြီး​မင်္ဂ​လာ​ကို အ​ကုန်​အ​စင်​သွန်း​လောင်း​မည် မ​သွန်း​လောင်း​မည်​ကို ထို​သို့ စုံ​စမ်း​ကြ​လော့​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။#ဝတ်၊ ၂၇:၃၀။ တော၊ ၁၈:၂၁-၂၄။ တ​ရား၊ ၁၂:၆၊ ၁၄:၂၂-၂၉။ နေ၊ ၁၃:၁၂။ 11ကိုက်​စား​တတ်​သော အ​ကောင်​ကို သင်​တို့​အ​တွက် ငါ​ဆုံး​မ၍၊ သင်​တို့၏ မြေ​အ​သီး​အ​နှံ​ကို မ​ဖျက်​ဆီး​ရ။ သင်​တို့၏​စ​ပျစ်​ဥ​ယျာဉ်​သည် အ​သီး​မ​သီး​ဘဲ မ​နေ​ရ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 12လူ​မျိုး​အ​ပေါင်း​တို့​သည် သင်​တို့​ကို မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ခေါ်​ဝေါ်​ကြ​လိမ့်​မည်။ သင်​တို့ ပြည်​သည်​လည်း နှစ်​သက်​ဖွယ်​သော ပြည်​ဖြစ်​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ဖြောင့်​မတ်​သူ​နှင့်​မ​ဖြောင့်​မတ်​သူ
13သင်​တို့​သည် ငါ့​တစ်​ဖက်၌ ရဲ​ရင့်​စွာ ပြော​ကြ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ သို့​ရာ​တွင်၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​တစ်​ဖက်၌ အ​ဘယ်​သို့​ပြော​မိ​ပါ​သ​နည်း​ဟု သင်​တို့ မေး​ကြ​သည်​တ​ကား။ 14ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​ကို​ဆောင်​ရွက်​သော်​လည်း အ​ကျိုး​မ​ရှိ။ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​ကို စောင့်၍၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ညှိုး​ငယ်​စွာ​ကျင့်​ကြံ​ပြု​မူ​ခြင်း​အား​ဖြင့် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ 15မာ​န​ထောင်​လွှား​သော​သူ​တို့​ကို မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ငါ​တို့​သည် ခေါ်​ဝေါ်​ကြ၏။ အ​ကယ်​စင်​စစ် ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့​သည် အောင်​တတ်​ကြ၏။ အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​ကို​စုံ​စမ်း​သော်​လည်း ချမ်း​သာ​ရ​တတ်​ကြ၏​ဟု သင်​တို့​သည် ပြော​ကြ​ပြီ။
16ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော သူ​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် နှုတ်​ဆက်၍ ပြော​ဆို​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း နား​ထောင်၍ ကြား​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ နာ​မ​တော်​ကို အောက်​မေ့​သော သူ​တို့​အ​ဖို့၊ ရှေ့​တော်​တွင် စာ​ရင်း၌ မှတ်​သား​လျက်​ရှိ၏။ 17ထို​သူ​တို့​သည် ငါ​စီ​ရင်​သော​နေ့​ရက်၌ ငါ​ပိုင်​ထိုက်​သော ဘ​ဏ္ဍာ​တော်​ဖြစ်​ကြ​လိမ့်​မည်။ အ​ဘ၏​အ​မှု​ကို ဆောင်​သော​သား​ကို အ​ဘ​နှ​မြော​သ​ကဲ့​သို့ ထို​သူ​တို့​ကို​ငါ​နှ​မြော​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 18တစ်​ဖန် သင်​တို့​သည် ပြောင်း​လဲ၍ ဖြောင့်​မတ်​သော​သူ၊ မ​ဖြောင့်​မတ်​သော​သူ၊ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို ဆောင်​သော​သူ၊ မ​ဆောင်​သော​သူ​တို့​ကို ပိုင်း​ခြား၍ သိ​ရ​ကြ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

မာလခိ 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။