YouVersion လိုဂို
ရှာရန် အိုင်ကွန်

မာလခိ 3:16-18

မာလခိ 3:16-18 JBMLE

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော သူ​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် နှုတ်​ဆက်၍ ပြော​ဆို​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း နား​ထောင်၍ ကြား​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ နာ​မ​တော်​ကို အောက်​မေ့​သော သူ​တို့​အ​ဖို့၊ ရှေ့​တော်​တွင် စာ​ရင်း၌ မှတ်​သား​လျက်​ရှိ၏။ ထို​သူ​တို့​သည် ငါ​စီ​ရင်​သော​နေ့​ရက်၌ ငါ​ပိုင်​ထိုက်​သော ဘ​ဏ္ဍာ​တော်​ဖြစ်​ကြ​လိမ့်​မည်။ အ​ဘ၏​အ​မှု​ကို ဆောင်​သော​သား​ကို အ​ဘ​နှ​မြော​သ​ကဲ့​သို့ ထို​သူ​တို့​ကို​ငါ​နှ​မြော​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ တစ်​ဖန် သင်​တို့​သည် ပြောင်း​လဲ၍ ဖြောင့်​မတ်​သော​သူ၊ မ​ဖြောင့်​မတ်​သော​သူ၊ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို ဆောင်​သော​သူ၊ မ​ဆောင်​သော​သူ​တို့​ကို ပိုင်း​ခြား၍ သိ​ရ​ကြ​လိမ့်​မည်။