ရှင်ယုဒ 1:11-13
ရှင်ယုဒ 1:11-13 JBMLE
သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကာဣနနောက်သို့ လိုက်ကြ၏။ အခကိုရခြင်းငှာ ဗာလမ်မှားယွင်းသကဲ့သို့ အလွန်မှားယွင်းခြင်း ရှိကြ၏။ ကောရ၏ငြင်းခုံခြင်းအပြစ်နှင့် ဖျက်ဆီးခြင်းသို့ ရောက်ကြ၏။- မေတ္တာပွဲလုပ်၍ သင်တို့နှင့်အတူ စားသောက်သောအခါ အားမနာဘဲ၊ မိမိတို့ကိုဝစွာကျွေး၍ ပွဲ၌ အစွန်းအကွက်ဖြစ်ကြ၏။ ရေမရှိ၊ လေတိုက်၍လွင့်သော မိုးတိမ်ကဲ့သို့လည်းကောင်း၊ ညှိုးနွမ်း၍ အသီးမတင်၊ နှစ်ကြိမ်သေ၍ နုတ်ပစ်သော သစ်ပင်ကဲ့သို့လည်းကောင်း၊- မိမိရှက်ခြင်းအကြောင်းကို ပွက်စေတတ်သော လှိုင်းတံပိုးရိုင်းကဲ့သို့လည်းကောင်း၊ ကြယ်ပျံကဲ့သို့လည်းကောင်း ဖြစ်ကြ၏။ ထိုကြယ်ပျံတို့အဖို့ တစ်ခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားလျက်ရှိ၏။

