YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယုဒ 1:11-13

ရှင်ယုဒ 1:11-13 Judson Bible (JBMLE)

သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကာ​ဣ​န​နောက်​သို့ လိုက်​ကြ၏။ အ​ခ​ကို​ရ​ခြင်း​ငှာ ဗာ​လမ်​မှား​ယွင်း​သ​ကဲ့​သို့ အ​လွန်​မှား​ယွင်း​ခြင်း ရှိ​ကြ၏။ ကော​ရ၏​ငြင်း​ခုံ​ခြင်း​အ​ပြစ်​နှင့် ဖျက်​ဆီး​ခြင်း​သို့ ရောက်​ကြ၏။- မေ​တ္တာ​ပွဲ​လုပ်၍ သင်​တို့​နှင့်​အ​တူ စား​သောက်​သော​အ​ခါ အား​မ​နာ​ဘဲ၊ မိ​မိ​တို့​ကို​ဝ​စွာ​ကျွေး၍ ပွဲ၌ အ​စွန်း​အ​ကွက်​ဖြစ်​ကြ၏။ ရေ​မ​ရှိ၊ လေ​တိုက်၍​လွင့်​သော မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း၊ ညှိုး​နွမ်း၍ အ​သီး​မ​တင်၊ နှစ်​ကြိမ်​သေ၍ နုတ်​ပစ်​သော သစ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊- မိ​မိ​ရှက်​ခြင်း​အ​ကြောင်း​ကို ပွက်​စေ​တတ်​သော လှိုင်း​တံ​ပိုး​ရိုင်း​ကဲ့​သို့​လည်း​ကောင်း၊ ကြယ်​ပျံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ ထို​ကြယ်​ပျံ​တို့​အ​ဖို့ တစ်​ခဲ​နက်​သော ထာ​ဝ​ရ​မှောင်​မိုက်​ကို သို​ထား​လျက်​ရှိ၏။

ရှင်ယုဒ 1:11-13 Common Language Bible (BCL)

သူ​တို့​သည်​အ​မင်္ဂလာ​ရှိ​ပါ​သည်​တ​ကား။ သူ တို့​သည်​ကာ​ဣ​န​၏​လမ်း​စဉ်​ကို​လိုက်​ကြ​လေ ကုန်​ပြီ။ ငွေ​ကို​စုံ​မက်​သ​ဖြင့်​ဗာ​လမ်​၏​အ​မှား မျိုး​ကို​ပြု​ကြ​လေ​ကုန်​ပြီ။ ကော​ရ​ကဲ့​သို့ တော်​လှန်​ပုန်​ကန်​ကြ​သ​ဖြင့် ဆုံး​ရှုံး​ပျက်​စီး ကြ​ကုန်​၏။- သူ​တို့​သည်​အ​ရှက်​အ​ကြောက်​ကင်း​မဲ့​စွာ ပျော်​ရွှင်​သောက်​စား​လျက် သင်​တို့​၏​မိတ်​သ​ဟာ ယ​ပွဲ​များ​တွင်​သင်​တို့​၏​ဂုဏ်​သိက္ခာ​ကို​ညစ် စွန်း​စေ​ကြ​၏။ ထို​သူ​တို့​ကား​ကိုယ်​ကျိုး​ကို သာ​ကြည့်​တတ်​သူ​များ​တည်း။ သူ​တို့​သည် မိုး​ရေ​မ​ပါ​ဘဲ လေ​တိုက်​ရာ​သို့​လွင့်​ပါ​သွား တတ်​သော​မိုး​တိမ်​နှင့်​လည်း​ကောင်း၊ ဆောင်း ဦး​ကာ​လ​တွင်​အ​သီး​မ​သီး၊ အ​မြစ်​မှ ဆွဲ​နှုတ်​ထား​သည့်​နှစ်​ပြန်​သေ​သစ်​ပင်​နှင့် လည်း​ကောင်း​တူ​ကြ​၏။- ပြင်း​ထန်​လှ​သည့်​ပင်​လယ်​လှိုင်း​တံ​ပိုး​နှင့် လည်း​တူ​ကြ​၏။ ပင်​လယ်​လှိုင်း​တံ​ပိုး​များ​မှ ရေ​မြှုပ်​များ​ကဲ့​သို့ သူ​တို့​၏​ရှက်​ဖွယ်​ကောင်း သည့်​အ​ကျင့်​များ​သည်​ပေါ်​လွင်​လျက်​ရှိ​၏။ သူ​တို့​သည်​လမ်း​ကြောင်း​အ​တည်​တ​ကျ မ​ရှိ​သည့်​ကြယ်​ပျံ​နှင့်​လည်း​တူ​ကြ​၏။ သူ တို့​အ​တွက်​ဘု​ရား​သ​ခင်​သည်​အ​မှောင် မိုက်​ဆုံး​ဖြစ်​သည့်​အောက်​အ​ရပ်​တွင် ထာ​ဝ​စဉ် နေ​ရာ​သတ်​မှတ်​၍​ထား​တော်​မူ​သ​တည်း။

ရှင်ယုဒ 1:11-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူ​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ကာဣန​၏​လမ်းစဉ်​ကို​လိုက်​၍ အခကြေးငွေ​အတွက် ဗာလမ်​၏​မှားယွင်း​ခြင်း​ထဲသို့​ကျရောက်​သွား​ကာ ကောရ​၏​ဆန့်ကျင်​မှု​မျိုး​၌ ပျက်စီး​ဆုံးရှုံး​ကြ​၏။ သူ​တို့​သည် သင်​တို့​နှင့်အတူ​စား​သောက်​သောအခါ ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ မိမိ​တို့​အတွက်​သာ ဂရုစိုက်​လျက် သင်​တို့​၏​မေတ္တာ​ပွဲ​၌ အစွန်းအထင်း​များ​ဖြစ်​ကြ​၏။ သူ​တို့​သည် လေ​၌​လွင့်ပါ​သွား​သော မိုးရေ​မ​ပါ​သည့်​မိုးတိမ်​များ၊ အမြစ်​ပါ​မကျန်​ဆွဲနုတ်​ခံရ​၍ နှစ်​ကြိမ်​သေ​သည့် အသီး​မ​သီး​သော ဆောင်းဦး​ကာလ​သစ်ပင်​များ၊ မိမိ​တို့​အရှက်​ကို အမြှုပ်​ကဲ့သို့​ပေါ်​စေ​သည့် ပြင်းထန်​သော​ပင်လယ်​လှိုင်းတံပိုး​များ၊ လှည့်လည်​သွားလာ​သော ကြယ်​များ​ဖြစ်​ကြ​၏။ သူ​တို့​အတွက် မှောင်မည်း​သော​အမှောင်​ကို ထာဝရ​ထိန်းသိမ်း​ထား​လျက်​ရှိ​၏။