YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 25:1-14

ယေရမိ 25:1-14 JBMLE

ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​မင်း​ကြီး​သား​ယော​ယ​ကိမ် နန်း​စံ စ​တု​တ္ထ​နှစ်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ နန်း​စံ ပ​ထ​မ​နှစ်​တွင်၊ ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​ကို ရည်​မှတ်၍၊ ယေ​ရ​မိ​သို့ ရောက်​လာ​သော နှုတ်​က​ပတ်​တော်​ကို၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​အား၊ ယေ​ရ​မိ ဆင့်​ဆို​ဟော​ပြော​ရ​သည်​ကား၊ ယု​ဒ​ရှင်​ဘု​ရင် အာ​မုန်​သား ယော​ရှိ နန်း​စံ​ဆယ်​သုံး​နှစ်​မှ​စ၍ ယ​ခု​တိုင်​အောင်၊ အ​နှစ်​နှစ်​ဆယ်​သုံး​နှစ်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ​သည်​အ​တိုင်း၊ ငါ​သည် စော​စော​ထ၍ အ​မိန့်​တော်​ကို အ​ထပ်​ထပ်​ဆင့်​ဆို​သော်​လည်း၊ သင်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ စော​စော​ထ၍ မိ​မိ​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို၊ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ် စေ​လွှတ်​တော်​မူ​သော်​လည်း၊ သင်​တို့​သည် နား​မ​ထောင်​ကြ။ အ​မိန့်​တော်​ကို ကြား​ခြင်း​ငှာ နား​ကို​မ​လှည့်​ဘဲ နေ​ကြ၏။ ထို​ပ​ရော​ဖက်​တို့​က၊ သင်​တို့​အ​သီး​အ​သီး​လိုက်​သော​လမ်း​ဆိုး​နှင့် အ​ကျင့်​ဆိုး​များ​ကို ပယ်​ရှား၍၊ သင်​တို့​နှင့် ဘိုး​ဘေး​တို့​အား ထာ​ဝ​ရ​ဘု​ရား​သည် အ​မြဲ​ပေး​တော်​မူ​သော​ပြည်၌ နေ​ကြ​လော့။ အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့​လိုက်၍ ဝတ်​မ​ပြု၊ မ​ကိုး​ကွယ်​ကြ​နှင့်။ ကိုယ်​လက်​နှင့်​လုပ်​သော အ​ရာ​များ​အား​ဖြင့်၊ ငါ၏​အ​မျက်​ကို မ​ထွက်​စေ​ကြ​နှင့်။ ငါ​သည်​လည်း၊ သင်​တို့​ကို မ​ညှဉ်း​ဆဲ​ဟု ဆင့်​ဆို​ကြ၏။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​သို့ ဆင့်​ဆို​ကြ​သော်​လည်း၊ သင်​တို့​သည် ကိုယ်၌​အ​ကျိုး​နည်း ဖြစ်​စေ​ခြင်း​ငှာ၊ ကိုယ်​လက်​နှင့်​လုပ်​သော အ​ရာ​များ​အား​ဖြင့်၊ ငါ၏​အ​မျက်​ကို ထွက်​စေ​သော​အ​ခွင့် ရှိ​မည်​အ​ကြောင်း၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပြီ။ ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့်၊ ဤ​ပြည်​နှင့် ပြည်​သား​များ​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း စစ်​တိုက်​စေ​ခြင်း​ငှာ၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အ​စ​ရှိ​သော မြောက်​ပြည်​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​မှာ​လိုက်၍ ဆောင်​ခဲ့​ပြီး​လျှင်၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ဤ​ပြည်​သား​တို့​ကို အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ ဖြစ်​စေ​မည်။ ဤ​သူ​တို့​တွင် ဝမ်း​မြောက်​သော​အ​သံ၊ ရွှင်​လန်း​သော​အ​သံ၊ မင်္ဂ​လာ​ဆောင်​သ​တို့​သား၏​အ​သံ၊ သ​တို့​သ​မီး၏​အ​သံ၊ ကြိတ်​ဆုံ​သံ​နှင့် မီး​ခွက်​အ​လင်း​ကို ငါ​ကွယ်​ပျောက်​စေ​မည်။ ဤ​ပြည်​တစ်​လျှောက်​လုံး​သည် လူ​ဆိတ်​ညံ​ရာ၊ အံ့​ဩ​ဖွယ်​ရာ​ဖြစ်​လိမ့်​မည်။ ဤ​လူ​မျိုး​တို့​သည် အ​နှစ်​ခု​နစ်​ဆယ်​ပတ်​လုံး ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​နှစ်​ခု​နစ်​ဆယ်​စေ့​သော​အ​ခါ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နှင့် သူ၏​နိုင်​ငံ​တည်း​ဟူ​သော ခါ​လ​ဒဲ​တိုင်း​နိုင်​ငံ၏ အ​ပြစ်​ကြောင့်၊ ငါ​သည် သူ​တို့​ကို​ဒဏ်​ပေး၍၊ ထို​နိုင်​ငံ​ကို အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​မည်။ ငါ​ခြိမ်း​သော စ​ကား​များ​တည်း​ဟူ​သော ယေ​ရ​မိ​သည် ခပ်​သိမ်း​သော တိုင်း​နိုင်​ငံ​တို့​တစ်​ဖက်၌ ဟော​ပြော၍၊ ဤ​စာ၌​ရေး​ထား​သော စ​ကား​ရှိ​သ​မျှ​တို့​ကို ခါ​လ​ဒဲ​တိုင်း​နိုင်​ငံ​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်။ များ​စွာ​သော​လူ​မျိုး​တို့​နှင့် ကြီး​သော​ရှင်​ဘု​ရင်​တို့​သည် ခါ​လ​ဒဲ​ပြည်​သား​တို့​ကို စေ​စား​ကြ​လိမ့်​မည်။ သူ​တို့​ကျင့်​သော​အ​ကျင့်၊ သူ​တို့​ကိုယ်​တိုင်​ပြု​သော အ​မှု​နှင့်​အ​လျောက်၊ အ​ကျိုး​အ​ပြစ်​ကို ငါ​ဆပ်​ပေး​မည်။